ဖရဲသီးနေ့စဉ်စားသုံးခြင်းဖြင့် သွေးတိုး၊ နှလုံးနှင့် လေဖြတ်ခြင်းတို့ကို ကာကွယ်နိုင်

alt

ဖ​ရဲ​သီး​ကို​ ​နေ့​စဥ်​ပုံ​မှန်​ ​စားသုံး​ခြင်း​သည်​ ​သွေး​တိုး​မှု​ကို​ ​ဟန့်​တား​နိုင်​ကြောင်း​ ​ဆ​ရာ​ဝန်​များ​က​ ​ပြော​ကြား​ခဲ့​သည်​။​ ​သု​တေ​သီ​များ​က​ ​ဖ​ရဲ​သီး​တွင်​ ​ပါ​ဝင်​သော​ ​ဓာ​တု​ဒြပ်​ပေါင်း​ များ​သည်​ ​သွေး​ကြော​များ​ကို​ ​ကျယ်​စေ​ပြီး​ ​

ယင်း​သည်​ ​သွေး​တိုး​အ​ပြင်​ ​နှ​လုံး​ရော​ဂါ​နှင့်​ ​လေ​ဖြတ်​ခြင်း​တို့​ကို​လည်း​ အ​ကာ​အ​ကွယ်​ပေး​ကြောင်း​ ​သိ​ရ​သည်​။​

​သု​တေ​သ​န​ ​ရ​လဒ်​များ​အ​ရ​ ​ဖ​ရဲ​သီး​ဖျော်​ ရည်​ကို​ ​ကာ​လ​ရှည်​ကြာ​စွာ​ ​မှီ​ဝဲ​နေ​သူ​များ​တွင်​ ​သွေး​တိုး​ရော​ဂါ​ ​ဖြစ်​နိုင်​ခြေ​ ​သာ​မန်​ထက်​ ​လျော့​ကျ​နေ​ကြောင်း​ ​ဖော်​ထုတ်​နိုင်​ခဲ့​သည်​။​ ​ဗြိ​တိန်​တွင်​ ​တစ်​နှစ်​လျင်​ ​လူ​ပေါင်း​ ​ခြောက်​သောင်း​ကျော်​ ​ သွေး​တိုး​ရော​ဂါ​ကြောင့်​ ​အ​သက်​ဆုံး​ရှံုး​လျက်​ရှိ​သော်​လည်း​ ​ယ​ခု​အ​ခါ​ ​ယင်း​ကို​ ​အ​ထိုက်​အ​လျောက်​ ​ကာ​ကွယ်​နိုင်​မည့်​ ​နည်း​လမ်း​အား​ ​အ​မေ​ရိ​ကန်​ ​သု​တေ​သီ​များ​က​ ​ဖော်​ထုတ်​လာ​နိုင်​သည်​။​

​နေ့​ စဥ်​ ​ဖ​ရဲ​သီး​ ​၆​ ​ဂ​ရမ်​စာ​မျှ​ ​စား​သုံး​ခြင်း​ဖြင့်​ ​ဖ​ရဲ​သီး​တွင်​ ​ပါ​ဝင်​သော​ L- citrulline ဒြပ်​ပေါင်း​ကြောင့်​ ​သွေး​ကြော​များ​ ​ပြန့်​လာ​ပြီး​ ​သွေး​တိုး​မှု​၊​ ​နှ​လုံး​ရော​ဂါ​နှင့်​ ​လေ​ဖြတ်​ခြင်း​တို့​ကို​အ​ကာ​အ​ကွယ်​ ​ပေး​ နိုင်​မည်​ဖြစ်​ကြောင်း​ အ​မေ​ရိ​ကန်​နိုင်ငံ​၊​ ​ဖ​လော်​ရီ​ဒါ​ ​တ​က္က​သိုလ်​မှ​ ​ဒေါက်​တာ​ ​အာ​တူ​ရို​ ​ဖီ​ဂွယ်​ရို​အာ​က​ ​ပြော​ကြား​ခဲ့​သည်​။​ ​ဖ​ရဲ​သီး​သည်​ ​သွေး​လှည့်​ပတ်​မှု​ ​လုပ်ငန်း​ဆောင်​တာ​ကို​လည်း​ ​ချော​မွေ့​စေ​ ကြောင်း​ ၎င်း​က​ ​ရှင်း​ပြ​ခဲ့​သည်​။

​ ​ဒေါက်​တာ​ ​ဖီ​ဂွယ်​ရို​အာ​နှင့်​အ​တူ​ ​ယ​ခု​သု​တေ​သ​န​ ​လုပ်ငန်း​တွင်​ ​ပါ​ဝင်​ခဲ့​သည့်​ ​ပ​ရော်​ဖက်​ဆာ​ ​ဘာ​ရမ်​အက်​ဂျ​မန်​ဒီ​က​ ဖ​ရဲ​သီး​၏​ ​ဓာတု​ဗေ​ဒ​ ​ဖွဲ့​စည်း​ပုံ​က​ ​သွေး​လှည့်​ စ​နစ်​အ​ပေါ်​ ​အ​ကျိုး​ကျေး​ဇူး​ ​ဖြစ်​ထွန်း​ကြောင်း​ ​သက်​သေ​အ​ထောက်​အ​ထား​များ​စွာ​ ​တွေ့​ရှိ​ခဲ့​သည်​ဟု​ ​ရှင်း​လင်း​ပြော​ဆို​သွား​သည်​။​ ​ဖ​ရဲ​သီး​သည်​ ​အ​မျှင်​ဓာတ်​ပါ​သော​ ​သီး​နှံ​တစ်​မျိုး​ဖြစ်​ပြီး​ ​ဗီ​တာ​မင်​ A​၊​ B6​​ နှင့်​ C​ ​တို့​လည်း​ ​ပေါ​ကြွယ်​၀​ကြောင်း​ ​သိ​ရှိ​ရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here