သုံး​စွဲ​သူ​​ သန်း​တစ်​ထောင်​ကျော်​​ ရှိ​လာ​ရန်​ ရည်​ရွယ်​ထား​ကြောင်း​ Twitter​ ​တည်​ထောင်​သူ​ပြော​ကြား

alt

Twitter ​ဝက်​ဆိုက်​ကို​​ ထူ​ထောင်​ခဲ့​သူ​ ​တစ်ဦး​ဖြစ်​သည့်​​ အီ​ဗန်​ဝီ​လျံ​က​ ​နာ​မည်​ကျော်​​ Social​ Networking​ ​ဝက်​ဆိုက်​အား​​ သုံး​စွဲ​သူ​ ​သန်း​တစ်​ထောင်​ကျော်​ထိ​​ ရှိ​လာ​စေ​ရန်​ ​ရည်​ ရွယ်​ထား​ကြောင်း​ ​ထုတ်​ဖော်​ပြော​ဆို​သွား​သည်​။​

​ပြီး​ခဲ့​သည့်​ ​နွေဦး​ပေါက်​နောက်​ပိုင်း​ ​မို​ဘိုင်း​မှ​တ​ဆင့်​ Twitter​​ သုံး​စွဲ​သူ​ ​၆၂​ ​ရာ​ခိုင်​နှုန်း​ တိုး​တက်​လာ​ခဲ့​ပြီး​နောက်​ Twitter​အ​နေ​နှင့်​ ​မို​ဘိုင်း​ဖုန်း​များ​မှ​ ​သုံး​စွဲ​သူ​ ​အ​ရေ​အ​တွက်​ ​မြင့်​မား​ရေး​ကို​ ​ပို​မို​အာ​ရုံ​စိုက်​ ​လုပ်​ဆောင်​သွား​မည်​ဟု​ ​ဝီ​လျံ​က​ဆို​သည်​။​ ​အ​ထူး​သ​ဖြင့်​ iPhone​နှင့်​ Android​ ​ဖုန်း​များ​တွင်​ Twitter​​ သုံး​စွဲ​ရန်​ Application​ အ​ဖြစ်​ ​ထည့်​သွင်း​ ပေး​ထား​သည့်​အ​တွက်​ User​ များ​ ​အ​လွယ်​တ​ကူ​ ​ထိ​တွေ့​သုံး​စွဲ​လာ​နိုင်​ခဲ့​သည်​။

​ Twitter​​ တွင်​ ​လက်​ရှိ​သုံး​စွဲ​သူ​ ​၁၄၅​ ​သန်း​ကျော်​ ​ရှိ​နေ​ရာ​ ​ဝက်​ဆိုက်​တည်​ထောင်​သည့်​ ​သက်​တမ်း​နှင့် ​နှိုင်း​ယှဥ်​ပါ​က​ ​အ​လွန်​အောင်​မြင်​မှု​ ​ရ​လာ​ခြင်း​ဖြစ်​သည်​။​ ​ဝက်​ဆိုက်​၏​ CEO​ ​အ​ဖြစ်​ ​တာ​ဝန်​ယူ​ခဲ့​သော​ ​ဝီ​လျံ​က​ BusinessWeek​ ​မ​ဂ္ဂ​ဇင်း​နှင့်​ ​အင်​တာ​ဗျူး​တွင်​ Twitter​ ၏​ ​အ​ဓိ​က​ ​ရည်​မှန်း​ချက်​မှာ​ ​သုံး​စွဲ​သူ​ ​ သန်း​တစ်​ထောင်​ ​ပြည့်​မြောက်​ရေး​ပင်​ဖြစ်​ကြောင်း​ ​အ​တည်​ပြု​ ​ပြော​ဆို​သွား​ခဲ့​သည်​။​ ​ယ​ခု​နှစ်​ ​အ​စော​ပိုင်း​က​လည်း​ Facebook​တည်​ထောင်​သူ​ မတ်​ဇူ​ဘက်​က​ Facebook ၏​ ​သုံး​စွဲ​သူ​ ​အ​ရေ​အ​ တွက်​ကို​ ​သန်း​တစ်​ထောင်​ထိ​ ​ရှိ​လာ​စေ​လို​ကြောင်း​ ​ပြော​ကြား​ခဲ့​သေး​သည်​။​

Facebook​ သည်​ ​လက်​ရှိ​တွင်​ ​ပုံ​မှန်​သုံး​စွဲ​သူ​ ​အ​ရေ​အ​တွက်​ ​သန်း​ ​၅၀၀​ ​ကျော်​မျှ​ထိ​ ပိုင်​ဆိုင်​နေ​ပြီ​ဖြစ်​သည်​။​ ဝီ​လျံ​က​ ၎င်း​အ​နေ​နှင့်​ Facebook​ ကို​ ​ပြိုင်​ဖက်​အ​သွင်​ ​မ​မြင်​မိ​ကြောင်း​၊​ ​ဝက်​ဆိုက်​နှစ်​ခု​လုံး​သည်​ Social​ Networking ​ကို​ အ​ဓိ​က​ ​လုပ်​ဆောင်​နေ​သော်​လည်း​ ​အ​သေး​စိတ်​ ​ဝန်​ဆောင်​မှု​များ​မှာ​ ​ကွဲ​ပြား​ ကြောင်း​ ​မှတ်​ချက်​ပြု​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here