​ အ​င်္ဂလန်​တွင်​ ဘော​လုံး​လူ​ရမ်း​ကား​များ​အား​​ ​ ​ထိန်း​သိမ်း​နိုင်​မှု​ FIFA​ ဥ​က္က​ဌ​ကြီး​ချီး​ကျူး

alt

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)​ မှ ဥက္ကဌကြီး ဆပ် ဘက်တလာက ဘောလုံး လူရမ်းကားများ အား အင်္ဂလန် နိုင်ငံက နိုင်နိုင် နင်းနင်း ထိန်းသိမ်း ကိုင်တွယ် နေခြင်းကို ချီးကျူး ပြောကြား လိုက်သည်။

ဥရောပ ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲအဖြစ် အီတလီ အသင်းက အိမ်ကွင်းတွင် ဆာဘီးယားနှင့် ယှဥ်ပြိုင်ခဲ့ရာ ပရိသတ်များ ရမ်းကားမှုကြောင့် ပွဲရပ် ခဲ့ရသည့် ဖြစ်စဥ်နှင့် နှိုင်းယှဥ်ပြီး အင်္ဂလန်၏ လုံခြံုရေး တာဝန်ယူမှု အပိုင်းကို ဘက်တလာက ချီးကျူးခဲ့ခြင်း ဖြစ်သည်။ အောက်တိုဘာ ၁၂ ရက်နေ့က ဂျီနိုအာတွင် ကစားခဲ့သော ပွဲစဥ်မှာ ပထမပိုင်း ရ မိနစ်တွင်ပင် ဆာဘီးယား ပရိသတ်တို့ အလွန် အကျွံ သောင်းကျန်းခြင်း ကြောင့် ရပ်ဆိုင်း လိုက်ရသည်။

၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ကျင်းပ ခွင့်ရရေး အတွက် အခြားသော နိုင်ငံများနှင် အပြိုင် ကြိုးပမ်းနေသည့် အင်္ဂလန်၏ လုံခြံုရေးဆိုင်ရာ နိုင်နိုင်နင်းနင်း စီမံဆောင်ရွက်နိုင်မှုကို ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်နှင့် တွေ့ဆုံစဥ် ဘက်တလာက ယခုလို ထုတ်ဖော်ချီးမွမ်းခဲ့ခြင်းဖြစ်သည်။ အင်္ဂလန် ဘောလုံးပရိသတ်သည် ၁၉၈၀ ပြည့်နှစ်များက နာမည်ဆိုးနှင့် ကျော်ကြားခဲ့သော်လည်း ယခုအခါ ဘောလုံးအဖွဲ့အစည်း တာဝန်ရှိသူများက ကြိုးပမ်းထိန်းချုပ်ကာ စည်းမျဥ်းများ ရေးဆွဲပြီး လုံခြံုရေး စီမံမှုများကို အကောင်းဆုံး ပြုလုပ်နိုင်ခဲ့သည့်အတွက် ဥရောပတွင် စည်းကမ်းအကောင်းဆုံး ပရိသတ်အဖြစ် ကျော်ကြားလာသည်။ သို့သော်လည်း အင်္ဂလန် ပရိသတ်များသည် ပြည်ပသို့ လိုက်လံအားပေးသည့် အခါများတွင် အိမ်ခံပရိသတ်များနှင့် ခိုက်ရန်ဖြစ်မှုအချို့ ရှိနေဆဲဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အင်္ဂလန် ပြည်တွင်းတွင် ကျင်းပသည့် ပွဲစဥ်များအတွက် အင်္ဂလန်၏ လုံခြံုရေး စီမံခန့်ခွဲမှုအား အလွန်အထင်ကြီးမိကြောင်း ဘက်တလာက ပြောကြားခဲ့သည်။

လန်ဒန်မြို့၊ ဒေါင်းနင်းလမ်းရှိ ဝန်ကြီးချုပ် ဂေဟာတွင် ကင်မရွန်က ဘက်တလာနှင့်အတူ အင်္ဂလန် လက်ရွေးစင်အသင်းနည်းပြ ဖေဘီယို ကာပယ်လိုနှင့်ပါ တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here