ဒ​န​သ​ဟာ​ယ​နိုင်ငံ​များ​​ အ​မျိုး​သား​တစ်ဦး​ချင်း​​ ကြက်​တောင်​ရိုက်​ပြိုင်​ပွဲ​​ မ​လေး​ရှား​နိုင်ငံ​သား​ဗိုလ်​စွဲ

alt

ဒ​န​သ​ဟာ​ယ​နိုင်ငံ​များ​​ အ​မျိုး​သား​ ​တစ်ဦး​ချင်း​​ ကြက်​တောင်​ပြိုင်​ပွဲ​တွင်​​ လီ​ချောင်​ဝေ​က​ ​ရွှေ​တံ​ဆိပ်​​ ဆွတ်​ခူး​ရ​ရှိ​သွား​ကြောင်း​​ သိ​ရ​သည်​။​ ​ယ​ခင်​က​တည်း​က​​ က​မ္ဘာ့​အ​ဆင့်​ ​၁​​ သတ်​မှတ်​ခြင်း​ ​ခံ​ထား​ရ​သော​​ လီ​သည်​ ​ရာ​ဂျက်​အူ​ဆက်​ကို​ ​ဗိုလ်​လု​ပွဲ​တွင်​ ​အ​နိုင်​ရ​ခဲ့​ခြင်း​ဖြစ်​သည်​။​

​အ​င်္ဂလန်​ ​ကိုယ်​စား​ပြု​ ​ရာ​ဂျက်​သည်​ ​ကြိုး​စား​ခဲ့​သော်​လည်း​ ​လက်​စွမ်း​ခြင်း​ ​ကွာ​ဟ​သ​ဖြင့်​ ​၂၁-၁၀​၊​ ​ ၂၁-၈​ ​ဖြင့်​ ​နှစ်​ပွဲ​ပြတ်​ ​အ​ရေး​နိမ့်​ခဲ့​သည်​။​ အ​သက်​ ​၂၇​ ​နှစ်​ရှိ​ ​မ​လေး​ရှား​နိုင်ငံ​သား​ ​လီ​သည်​ ယ​ခု​ပြိုင်​ပွဲ​တွင်​ ​ဗိုလ်​စွဲ​နိုင်​ကြောင်း​ ​ယ​ခင်​က​တည်း​က​ ​ထင်​ကြေး​ပေး​ခြင်း​ ​ခံ​ထား​ရ​သည်​။​ အ​မျိုး​သ​မီး​ ​နှစ်​ ယေက်​တွဲ​ ​ပွဲ​စဥ်​ဗိုလ်​လု​ပွဲ​တွင်​လည်း​ ​အိ​န္ဒိ​ယ​မှ​ ​ဂျာ​ဝါ​လာ​ ​ဂစ်​တာနှင့်​ ​အာ​ရှာ​ဝီ​နီ​ပွန်​နာ​ပါ​အ​တွဲ​က​ ​စ​င်္ကာ​ပူ​မှ​ ​ဆာ​ရီ​ရှင်​တာ​မူ​လာ​နှင့်​ ​ယို​လီ​တို့​ ​အ​တွဲ​အား​ ​၂၁-၁၆​၊​ ​၂၁-၁၉​ ​ဖြင့်​ ​အ​ကြိတ်​အ​နယ်​က​ စား​ကာ​ ​အ​နိုင်​ယူ​ပြီး​ ​ချန်​ပီ​ယံ​ဖြစ်​လာသည်​။​

​မ​လေး​ရှား​နိုင်ငံ​သည်​ ​လီ​၏​ ​အောင်​မြင်​မှု​အ​ပြင်​ ​ကြက်​တောင်​မှ​ ​ဒု​တိ​ယ​ ​အောင်​မြင်​မှု​အ​ဖြစ်​ ​အ​မျိုး​သား​၊​ ​အ​မျိုး​သ​မီး​ ​နှစ်​ယောက်​တွဲ​ ​ပြိုင်​ပွဲ​တွင်​ ​ကူ​က​ လန်​ကက်​နှင့်​ ​ချင်​အန်​ဟူ​တို့​အ​တွဲ​က​ ​ရွှေ​တံ​ဆိပ်​ ​ဆွတ်​ခူး​နိုင်​ခဲ့​ကြောင်း​ ​သိ​ရှိ​ရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here