ကျန်း​မာ​ရေး​စိတ်​ချ​ရသည့်​ ချီ​လီ​မိုင်း​တွင်း​လုပ်​သား​များ​​ ​နေ​အိမ်​သို့​ပြန်​ခွင့်​ရ

alt

ချီလီ နိုင်ငံတွင် မြေအောက် မိုင်းတွင်းထဲ ကာလ ရှည်ကြာစွာ ပိတ်မိ နေခဲ့သည့် မိုင်း အလုပ်သမားများ အနက် ကျန်းမာရေး အခြေအနေ စိတ်ချ ရသူများ နေအိမ်သို့ စတင် ပြန်သွားပြီ ဖြစ်သည်။

မေလ ၅ ရက်နေ့ ကတည်းက မြေကြီးအောက် ပေ ၂၀၀၀ ကျော် အနက်တွင် ရောက်ရှိ နေခဲ့သူ မိုင်း အလုပ်သမား ၃၃ ဦးအား ၆၉ ရက်အကြာတွင် အောင်မြင်စွာ ကယ်ထုတ် နိုင်ခဲ့သည့် အောက်တိုဘာ ၁၄ ရက်နေ့ ညနေပိုင်းတွင် ၃ ဦးမှာ ဆေးရုံမှ ဆင်းသွားပြီဖြစ်သည်။ သတင်းထောက် တပြံုတမ ဝိုင်းလိုက်နေသဖြင့် ယင်းတို့ကို အစိုးရ အစောင့်အရှောက်တပ်များ ပါဝင်သည့် လုံခြံုရေး ယာဥ်တန်းဖြင့် နေရပ်သို့ ပြန်ပို့ခဲ့ခြင်း ဖြစ်သည်။ ဆရာဝန်များက မိုင်း အလုပ်သမားများ၏ အခြေအနေမှာ ကျေနပ်စရာ ရှိနေကြောင်း ပြောကြားထားသည်။ မိုင်းအလုပ်သမား အားလုံးသည် ဆေးရုံမှ ကျန်းမာရေး စစ်ဆေးမှုများကို အလျင်အမြန် ပြီးပြတ်စေလိုပြီး ၎င်းတို့၏ စိတ်လှုပ်ရှားဖွယ် အတွေ့အကြံုများကို မိသားစုအား ဖောက်သည်ချရန် စိတ်အား ထက်သန်နေ ကြကြောင်း သိရသည်။

မိုင်းလုပ်ငန်း ဝန်ကြီးဖြစ်သူ လောရင့်ဂိုဘော်နီက မိုင်းအလုပ်သမားများ၏ ကျန်းမာရေး အခြေအနေကိုကြည့်ရင်း ပျော်ရွှင်မိကြောင်း ပြောဆိုသွားသည်။ ဆေးရုံ၏ ဒုတိယ ဒါရိုက်တာ ဂျော့မန်းတို့စ်က မိုင်းအလုပ်သမား တစ်ဦးစီအား အသေးစိတ် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ မိုင်းတွင်းအလုပ်သမားများသည် အလင်းရောင်မရှိသော မြေအောက်တွင် ကာလရှည်ကြာစွာ နေခဲ့ရသဖြင့် ဆေးရုံတွင်လည်း အလင်းရောင်ကို စစ်ထုတ်ဖယ်ရှားပေးသည့် အထူးတီထွင်ထားသော မျက်မှန်များကို ဆက်လက်ဝတ်ဆင်ထားရဆဲဟု သိရှိရသည်။;

LEAVE A REPLY

Please enter your comment!
Please enter your name here