အိန်​ဂျယ်​လီ​နာ​ဂျို​လီ​အား​​ ​ရုပ်​ရှင်​လာ​ရောက်​ရိုက်​ကူး​ခွင့်​​ ​ဘော့​စ​နီး​ယား​နိုင်ငံ​​ ပိတ်​ပင်

alt

ဘော့စနီးယားနိုင်ငံက အိန်ဂျယ်လီနာဂျိုလီအား ပြည်တွင်းတွင် ရုပ်ရှင်ရိုက်ခွင့် ပိတ်လိုက်ကြောင်း သိရသည်။ Salt​ စတား အော်စကာဆုရှင် မင်းသမီးသည် ၁၉၉၂ ခုနှစ်က စတင်သည့် ဘော့စနီးယား စစ်ပွဲနောက်ခံ ဇာတ်လမ်း တစ်ခုကို ရိုက်ကူးရန် စီစဥ်နေရာ ယခု ပိတ်ပင်မှုကြောင့် အခက် အခဲ တွေ့ရဖွယ်ရှိသည်။

စစ်ပွဲကာလအတွင်း ဆာ့ဘ်တို့နှင့် မွတ်ဆလင် ဘာသာဝင်များကြား ပဋိပက္ခ အခြေအနေများကို အမည် မသတ်မှတ် ရသေးသည့် ဇာတ်ကား အတွင်း ဖော်ကျူး သွားမည်ဖြစ်သည်။ မွတ်ဆလင် – ခရိုအက် ဖက်ဒရေးရှင်းမှ ယဥ်ကျေးမှု ဌာနမှူးက ရိုက်ကူးရေး အဖွဲ့သည် ဇာတ်ညွှန်းကို ပူးတွဲ တင်ပြရန် ပျက်ကွက်ခဲ့ခြင်းကြောင့် ယခုလို ရိုက်ကူးခွင့် ပိတ်ပင် လိုက်ခြင်း ဖြစ်ကြောင်း ကြေညာခဲ့သည်။ ၎င်းက သမိုင်းတွင် ဖြစ်ပျက်ခဲ့သော ကိစ္စများကို အမှား အယွင်းဖြင့် တင်ပြလာခြင်းမျိုး မရှိစေရန် အတွက် ဇာတ်ညွှန်းကို စီစစ်ရန် လိုအပ်ကြောင်းလည်း အရေး ဆိုထားသည်။ အသက် ၃၅ နှစ်ရှိ ထိပ်တန်းရုပ်ရှင် မင်းသမီးနှင့် အတူ အလုပ်တွဲလုပ်နေသော ဆာရာဂျေဗိုစကောက် ရုပ်ရှင်လုပ်ငန်းမှ ကိုယ်စားလှယ် အီဒင်ဆာကစ်က ဇာတ်ညွှန်းကို တင်ပြခြင်း မပြုခဲ့ကြောင်း အတည်ပြုခဲ့သည်။

ဆာယာဂျေဗိုမှ ယဥ်ကျေးမှုဝန်ကြီး အီမာဟက်ဇစ်ဘီဂိုဗစ်ကမူ ဂျိုလီ၏ ရုပ်ရှင်အတွက် ရိုက်ကူးခွင့်ကို ပြန်လည်ခွင့်ပြုရန် တိုက်တွန်းထားသည်။ ၎င်းက တစ်ကမ္ဘာလုံး မေ့လျော့နေသည့် ကိစ္စအား ပြန်လည်အသက်သွင်းပေးရန် ကြိုးစားခဲ့သလို ဆာဘီးယားဇာတ်ဆောင် ၆ ဦးမျှကိုပါ ဇာတ်လမ်းအတွင်း အသုံးပြုပေးမည့် ဂျိုလီအား အလွန်ကျေးဇူးတင်ကြောင်း ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here