​​ရူ​နီ​နှင့်​ ​ဇာတ်​ရှုပ်​ခဲ့​သည့်​ ​အ​မျိုး​သ​မီး​က​ ဘော​လုံး​သ​မား​​၏​ ​ချစ်​သူ​ဇ​နီး​မ​ယား​ဖြစ်​လို​ဟု​ဆို

alt

အ​င်္ဂလန်​ ​လက်​ရွေး​စင်​ ​ဘော​လုံး​အ​သင်း​မှ​ နာ​မည်​ကျော်​ ​တိုက်​စစ်​မှူး​ ​ဝိန်း​ရူနီ​နှင့်​ ​ဇာတ်​ရှုပ်​ခဲ့​ကြောင်း​ ​လူ​သိ​ရှင်​ကြား​ ​ကြေ​ညာ​ခဲ့​သည့်​ ​အ​မျိုး​သ​မီး​မှာ​ ​သူ​မ​၏​ ​ဘော​လုံး​သ​မား​များ​အား​ ​ပစ်​မှတ်​ထား​ရေး​ ​စီ​မံ​ကိ​န်း​ကို​ ​လက်​မ​လျှော့​သေး​ဟု​ ​သိ​ရ​သည်​။​

​အ​သက်​ ​၂၁​ ​နှစ်​အ​ရွယ်​ ​ဂျင်​နီ​သွမ်​ဆင်​သည်​ ​ယ​ခင်​က​တည်း​က​ ​ဘော​လုံး​သ​မား​တစ်ဦး​၏​ ​ချစ်​သူ​ဇ​နီး​မ​ယား​ (WAG)​ဖြစ်​ချင်​ကြောင်း​ ​ပြော​ဆို​ထား​ဖူး​ရာ​ ​ယ​ခု​အ​ခါ​ ​သူ​မ​သည်​ ​အ​င်္ဂလန်​ ​ပ​ရီး​မီး​ယား​လိဂ်​မှ​ ​ဘော​လုံး​သ​မား​ ​၁၃​ ဦး​နှင့်​ ​ချိတ်​ဆက်​နေ​ကြောင်း​ ​သ​တင်း​များ​ ​ထွက်​ပေါ်​လာ​ခဲ့​သည်​။​ ​နာ​မည်​ကြီး​များ​အ​ဖြစ်​ ​အက်​စ​တန်​ဗီလာ​မှ​ ​အ​င်္ဂလန်​ ​လက်​ရွေး​စင်​ဟောင်း​ ​အ​သက်​ ​၃၂​ ​နှစ်​အ​ရွယ်​ ​အီ​မီ​လီ​ဟက်​စ​ကီး​၊​ ​ထို​အ​သင်း​မှ​ပင်​ဖြစ်​သော​ ​အိုင်​ယာ​လန်​ ​လက်​ရွေး​စင်​ ​စ​တီ​ဖင်​အိုင်​ယာ​လန်​၊​ ၀ီ​ဂန်​အ​လယ်​တန်း​လူ​ ​ချား​လက်​အန်​ဇော့​ဘီ​ယာ​နှင့်​ ​န​ယူး​ကာ​ဆယ်​ ​ယူ​နိုက်​တက်​ ​နောက်​တန်း​သ​မား​ ဒင်​နီ​ဆင်​ဆမ်​တို့​ ​ပါ​၀င်​နေ​ကြောင်း​ ​သိ​ရ​သည်​။

​ ​ဂျင်​နီ​သည်​ ​သူ​မ​နှင့်​ ​ရူ​နီ​တို့​ နှစ်ဦး​သား​ ​ရူ​နီ​၏​ဇ​နီး​သည်​ ​ကော​လင်း​ကိုယ်​ဝန်​ရှိ​နေ​ချိန်​က​ ​တွေ့​ဆုံ​ပျော်​ပါး​ခဲ့​ကြောင်း​ ​ဖွင့်​ဟ​ခဲ့​ပြီး​နောက်​ ​ရူ​နီ​မှာ​ ​အိမ်​ထောင်​ရေး​ ​ပြို​ကွဲ​လု​နီး​နီး​ ​အ​ခြေ​အ​နေ​ ​ဆိုး​ခဲ့​သ​လို​ ​ဖိ​အား​များ​ကြောင့်​ ​ကွင်း​တွင်း​စွမ်း​ဆောင်​ရည်​ပါ​ ​ကျ​ဆင်း​ခဲ့​သည်​။​ သူ​မ​သည်​ ​ယ​ခင်​က​လည်း​ ​အ​သက်​ ​၂၄​ ​နှစ်​ရှိ​ ​သူငယ်​ချင်း​ ​နာ​ဒီ​ယာ​ ​မက်​ဆူး​နှင့်​တွဲ​ပြီး​ ​ဘော​လုံး​သ​မား​များ​ကို​ ​ပစ်​မှတ်​ထား​ ​ချဥ်း​ကပ်​ခဲ့​ရာ​ ​နာ​ဒီ​ယာ​သည်​ ​လီ​ဗာ​ပူး​မှ​ ​ပြင်​သစ်​တိုက်စစ်​မှူး​ ​ဒေး​ဗစ်​အန်​ဂေါ့​နှင့်​လည်း​ ​ဇာတ်​ရှုပ်​ခဲ့​ဖူး​ကြောင်း​ ​သိ​ရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here