အ​တူ​အိပ်​ခဲ့​ဖူး​သည့်​​ အ​မျိုး​သား​များ​အ​ကြောင်း​​ စာ​တမ်း​ပြု​စု​သည့်​​ အ​မေ​ရိ​ကန်​ကျောင်း​သူ

alt

အ​မေ​ရိ​ကန်​နိုင်ငံ​မှ​​ ကျောင်း​သူ​တစ်ဦး​သည်​​ အ​တတ်​ဆန်း​ကာ​ ​သူ​မ​နှင့်​အ​တူ​​ အိပ်​ခဲ့​ဖူး​သော​ ​အ​မျိုး​သား​များ​အ​ကြောင်း​​ စာ​တမ်းတစ်​စောင်​ ​ပြု​စု​ခဲ့​ရာ​ ​ယ​ခု​အ​ခါ​ ယင်း​စာ​တမ်း​ ​အင်​တာ​နက်​ပေါ်​ ​ရောက်​သွား​သည့်​အ​တွက်​ ​မျက်​နှာပူ​နေ​ရ​ကြောင်း​ ​သိ​ရ​သည်​။​

​ကာ​ရန်​အို​ဝင်​သည်​ ​ဂျုခ်​တ​က္က​သိုလ်​မှ​ ​သူ​မ​နှင့်​ ​ကျောင်း​နေ​ဖက်​ ​အ​မျိုး​သား​အ​ချို့​နှင့်​ ​လိင်​ဆက်​ဆံ​ခဲ့​ပြီး​ ​ထို​စဥ်​က​ ​တွေ့​ကြံု​ခဲ့​သည်​များ​ကို​ ​တစ်ဦး​ချင်း​စီ​အ​လိုက်​ ​စာ​တမ်းတစ်​စောင်​ ​ပြု​စု​ထား​သည်​။​ ​မြောက်​ပိုင်း​ကာ​ရို​လိုင်း​နား​တွင်​ ​နေ​ထိုင်​သော​ ​ကာ​ရန်​သည်​ ​ထို​စာ​ရင်း​များ​ကို​ ​သူငယ်​ချင်း​ ​၃​ ဦး​ထံ​သို့​ email​​ ဖြင့်​ ​ပေးပို့​လိုက်​ပြီး​နောက်​ ​ယင်း​တို့​အ​နက်​ ​တစ်ဦး​က​ ​အင်​တာ​နက်​မှ​ ​လွှင့်​တင်​လိုက်​ရာ​ ​ဂျုခ်​တ​က္က​သိုလ်​မှ​ ​ကျောင်း​သူ​ကျောင်း​သား​ ​၁၄၀၀၀​ ​ကျော်​အ​ပြင်​ ​က​မ္ဘာ​နှင့်​အ​ဝှမ်း​က​ ​ကာ​ရန်​၏​ ​စာ​တမ်းအ​ကြောင်း​ ​သိ​သွား​ခဲ့​သည်​။​

​ထို​ကဲ့​သို့​ ​လူ​သိ​ရှင်​ကြား​ ​ဖြစ်​လာ​ခြင်း​အ​တွက်​ ​သူ​မ​အ​နေ​နှင့်​ ​စိတ်​ပျက်​မိ​သ​လို​ ​နောင်​တ​လည်း​ ​ရ​မိ​ကြောင်း​ ​ကာ​ရန်​က​ ​ပြော​ကြား​ခဲ့​သည်​။​ ​သူ​မသည်​ ​ထို​ကျမ်း​အား​ Slide​ ​၄၂​ ​ခု​ပါ​ဝင်​သည့်​ PowerPoint​​ ဖြင့်​ ယင်း​စာ​တမ်း​ကို​ ​ဖန်​တီး​ထား​ခြင်း​ဖြစ်​သည်​။​ ​ကာ​ရန်​သည်​ ​သူ​မ​နှင့်​အ​တူ​ ​အိပ်​ခဲ့​သည့်​ ​အ​မျိုး​သား​ ​၁၃​ ဦး​နှင့်​ ​ပတ်​သက်​ပြီး​ ​တစ်ဦး​ချင်း​စီ​အ​လိုက်​ ​ကျေ​နပ်​နှစ်​သက်​မှု​ ​ရ​ရှိ​သည့်​ ​အ​ချက်​များ​ကို​ Rating​​ ပေး​ ​သတ်​မှတ်​ထား​သည်​။​ အ​ဓိ​က​အား​ဖြင့်​ ​ယင်း​တို့​သည်​ ​တ​က္က​သိုလ်​ ​ဘော​လုံး​အ​သင်း​မှ​ ​ဖြစ်​ကြ​ပြီး​ ​လိင်​ဆိုင်​ရာ​ ​သာ​ယာ​မှု​ ​ပေး​နိုင်​သည့်​ ​စွမ်း​ရည်​နှင့်​ ​ပတ်​သက်​ပြီး​ ​၁၀​ ဦး​တွင်​ Graph​​ များ​၊​ Bar​များ​ ဖြင့်​ပါ​ ​သတ်​မှတ်​ပြ​ထား​သည်​။​

​ကာ​ရန်​သည်​ ​သူ​မ​၏​ ​စာ​တမ်း​ကို​ ​စာ​သင်​ခန်း​အ​ပြင်​က​ ​ပ​ညာ​ရေး​ဟု​ ​အ​မည်​ပေး​ထား​ပြီး​ ​သူ​မ​၏​ ​ချစ်​သူ​များ​နှင့်​ ​ပတ်​သက်​သ​မျှ​ ​အ​တွင်း​ရေး​ ​အ​တော်​များ​များ​ကို​ ​စ​နစ်​တ​ကျ​ ​မှတ်​တမ်း​တင်​ထား​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here