ကာ​ကွယ်​ရေး​ဒုံး​ကျည်​စ​နစ်​အ​တွက်​​ အီ​ရန်​အား​​ ရု​ရှား​နိုင်ငံ​က​​ ငွေ​ပြန်​အမ်း​မည်

alt

ရု​ရှား​နိုင်ငံ​သည်​​ ကာ​ကွယ်​ရေး​ ​ဒုံး​ကျည်​စ​နစ်​တစ်​ခု​​ ရောင်း​ချ​ရန်​ ​အီ​ရန်​ထံ​မှ​​ လက်​ခံ​ရ​ယူ​ထား​သော​​ ငွေ​ကြေး​အား​ ​ပြန်​အမ်း​ပေး​သွား​မည်​ဟု​ ​သိ​ရ​သည်​။​ ​က​ရင်​မ​လင်​ ​နန်း​တော်​သည်​ ပြီး​ခဲ့​သည့်​လ​က​ ​အီ​ရန်​သို့​ S-300​ ​လေ​ကြောင်း​ကာ​ကွယ်​ရေး​ ​ဒုံး​ကျည်​များ​ ​ရောင်း​ချ​မည့်​ ​ကိ​စ္စ​အား​ ​

တား​မြစ်​လိုက်​ပြီး​နောက်​ ​ရု​ရှား​၏​ ​လက်​နက်​ရောင်း​ချ​ရေး​ဌာ​န​ ​အ​ကြီး​အ​ကဲ​ ​ဆာ​ဂယ်​ချီ​မီ​ဇော့​က​ ​မိ​မိ​တို့​အ​နေ​နှင့်​ ​အီ​ရန်​၏​ ​ကြို​တင်​ငွေ​ချေ​ထား​သော​ ​ဒေါ်​လာ​ ​၁၆၆​ ​သန်း​ကို​ ​ပြန်​အမ်း​သွား​မည်​ဟု​ ​အ​တည်​ပြု​ခဲ့​သည်​။​

​ယ​ခု​ကိ​စ္စ​ကြောင့်​ ​အီ​ရန်​က​ ​မ​ကျေ​နပ်​သော်​လည်း​ ​မိ​မိ​တို့​တွင်​ ​အ​ခြား​ရွေး​ချယ်​စ​ရာ​ ​လမ်း​မ​ရှိ​တော့​ဟု​ ​ဆာ​ဂယ်​က​ဆို​သည်​။​ ​အီ​ရန်​သည်​ ​အ​မေ​ရိ​ကန်​နှင့်​ ​အ​စ္စ​ရေး​တို့​က​ ​လေ​ကြောင်း​မှ​ ​တိုက်​ခိုက်​လာ​နိုင်​သည့်​ ​နျူ​က​လီး​ယား​ ​စက်​ရုံ​များ​ကို​ ​ကာ​ကွယ်​ရန်​ S-300​ ​ဒုံး​ကျည်​များ​ ​ဝယ်​ယူ​ရေး​ ​စီ​စဥ်​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​သို့​သော်​လည်း​ ​အ​မေ​ရိ​ကန်​၏​ ​အ​ကြီး​အ​ကျယ်​ ​ဖိ​အား​ပေး​လာ​မှု​ကြောင့်​ ​ရု​ရှား​အ​စိုး​ရ​သည်​ ​ဒုံး​ကျည်​များ​ ​လက်​လွှဲ​ရောင်း​ချ​ရေး​ ​စီ​မံ​ကိန်း​ကို​ ​ပယ်ဖျက်​လိုက်​ရ​သည်​။​

​မ​ကြာ​သေး​မီ​ ​လ​ပိုင်း​မှ​စ၍​ ​အီ​ရန်​အ​ရေး​နှင့်​ ​ပတ်​သက်​သော​ ​ဆုံး​ဖြတ်​ချက်​များ​တွင်​ ​ရု​ရှား​၏​ ဩ​ဇာ​အာ​ဏာ​သည်​ ​အ​မေ​ရိကန်​နှင့်​ ဥ​ရော​ပ​ ​ယူ​နီ​ယံ​တို့​၏​ ​လွှမ်း​မိုး​မှု​အောက်​ ​ကျ​ရောက်​လာ​ပြီး​ ​ကု​လ​သ​မ​ဂ္ဂ​၏​ ​အီ​ရန်​အား​ ​ပိတ်​ဆို့​မှု​ ​တိုး​မြှင့်​ရေး​ကိ​စ္စ​များ​တွင်​ ​ပူး​ပေါင်း​ဆောင်​ရွက်​ရန်​ ​သ​ဘော​တူ​ခဲ့​ရ​ပြီး​ ​လက်​နက်​ရောင်း​ချ​ရေး​​ ​သ​ဘော​တူ​ညီ​ချက်​ကို​ ​ရုတ်သိမ်း​ခဲ့​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here