အမေရိကန်တွင် လက်တည့်စမ်း လိင်ဆက်ဆံမှု ပိုများလာ

alt

၁၉၉၄​ ​ခု​နှစ်​နှင့်​ ​နှိုင်း​ယှဥ်​ပါ​က​ ​အ​မေ​ရိ​ကန်​တွင်​ ​ယ​ခု​နှစ်​အ​တွင်း​ ​လက်​တည့်​စမ်း​သည့်​ ​လိင်​ဆက်​ဆံ​မှု​မျိုး​ ​သိ​သိ​သာ​သာ​ ​များ​ပြား​လ​ကြောင်း​ ​အင်​ဒီ​ယား​နား​ ​တ​က္က​သိုလ်​မှ​ ​သု​တေ​သီ​များ​က​ ​ပြော​ကြား​ခဲ့​သည်​။​

လိင်​မှု​ကျန်း​မာ​ရေး​နှင့်​ ​အ​ကျင့်​စ​ရိုက်​ဟူ​သော​ ​စစ်​တမ်း​အ​တွက်​ ​အ​မျိုး​သား​အ​ဆင့်​အ​ဖြစ်​ ​ကျယ်​ကျယ်​ပြန့်​ပြန့်​ ​ကောက်​ခံ​ပြု​စု​သော​ ​စစ်​တမ်း​တွင်​ ​ချီ​ကာ​ဂို​တ​က္က​သိုလ်​က​လည်း​ ​ကူ​ညီ​ခဲ့​သည်​။​​ ပုံ​မှန်​မ​ဟုတ်​ဘဲ​ ​လိင်​ဆက်​ဆံ​မှု​များ​ဟု​ ယူ​ဆ​နိုင်​သည့်​ ​ပါး​စပ်​ဖြင့်​ ​ဆက်​ဆံ​ခြင်း​၊​ ​စ​အို​ပေါက်​ဖြင့်​ ​ဆက်​ဆံ​ခြင်း​များ​သည်​ ​၂၀၁၀​ ​ခု​နှစ်​တွင်​ ​၄၀​ ​ရာ​ခိုင်နှုန်း​ကျော်​ ​တိုး​ပွား​လာ​ပြီး​ ​အ​ဓိ​က​အား​ဖြင့်​ ​အ​သက်​ ​၂၀​ ​မှ​ ​၄၅​ ​နှစ်​ကြား​ ​အ​မျိုး​သ​မီး​များ​တွင်​ ​အ​တွေ့​ရ​များ​ကြောင်း​ ​စစ်​တမ်း​က​ ​ဖော်​ပြ​ထား​သည်​။​

​ယင်း​စစ်​တမ်း​တွင်​ ​အ​သက်​ ​၁၄​ ​နှစ်​မှ​ ​၉၄​ ​နှစ်​ကြား​ ​လူ​ပေါင်း​ ​၅၈၆၅​ ဦး​၏​ ​လိင်​မှု​ဆိုင်​ရာ​ ​အ​လေ့​အ​ထ​များ​ကို​ ​မေး​မြန်း​ပြီး​ ​စာ​ရင်း​ပြု​စု​ထား​သည်​။​ ထို့​အ​ပြင်​ ​အ​မျိုး​သား​များ​သည်​ ​လိင်​ဆက်​ဆံ​မှု​ ​အ​တွေ့​အ​ကြံု​နှင့်​ ​ပတ်​သက်​ပြီး​ ​သာ​မန်​ထက်​ ​ယုံ​ကြည်​မှု​ ​ပို​မို​များ​ပြား​လေ့​ရှိ​ကြောင်း​လည်း​ ​သိ​ရ​သည်​။​ ​စစ်​တမ်း​တွင်​ ​အ​မျိုး​သား​ ​၈၅​ ​ရာ​ခိုင်​နှုန်း​က​ ​လိင်​ဆက်​ဆံ​ရင်း​ ​မိ​မိ​၏​ ​လက်​တွဲ​ဖော်​သည်​ ​အ​ထွတ်​အ​ထိပ်​ ​ခံ​စား​မှု​မျိုး​ ​ရ​ရှိ​ခဲ့​ကြောင်း​ ​ပြော​ဆို​သွား​သော်​လည်း​ ​အ​မျိုး​သ​မီး​ ​၆၄​ ​ရာ​ခိုင်​နှုန်း​က​သာ​ ​ထို​အ​ခြေ​အ​နေ​မျိုး​ ​ကြံု​ရ​ကြောင်း​ ​ဝန်​ခံ​ခဲ့​သည်​။​ ​

အ​မေ​ရိ​ကန်​တွင်​ ​အ​မျိုး​သား​ ​၃​ ဦး​လျင်​ ​၁​ ဦး​သည်​ ​ကွန်​ဒုံး​ကို​ ​သုံး​စွဲ​နေ​သော်​လည်း​ ​အ​သက်​ ​၅၀​ ​အ​ထက်​တွင်​မူ​ ​ကွန်​ဒုံး​သုံး​စွဲ​သူ​ ​အ​ရေ​အ​တွက်​ ​သိ​သိ​သာ​သာ​ ​လျော့​နည်း​သွား​ကြောင်း​ ​စစ်​တမ်း​က​ ​ဖော်​ပြ​ထား​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here