အမျိုးသား အမျိုးသမီးတို့အတွက် စွဲဆောင်ဖွယ် အတွင်းခံများ ဗြိတိန်နာမည်ကျော် အရောင်းဆိုင်တွင် ရောင်းချ

alt

ဗြိ​တိန်​နိုင်ငံ​၏​ ​နာ​မည်​ကျော်​ လက်​လီ​အ​ရောင်း​ဌာ​န​ကြီး​ Marks​ and​ Spencer​ က​ ​အြ​မင်​အ​ရ​ အ​မျိုး​သား​များ​၏​ ​လိင်​အ​င်္ဂါ​ကို​ ​ပို​မို​ကြီး​ထွား​စေ​သည့်​ ​အ​တွင်း​ခံ​ဘောင်း​ဘီ​နှင့်​ ​အ​မျိုး​သ​မီး​များ​၏​ ​ရင်​သား​ကို​ ​ပို​မို​ဖွံ့​ဖြိုး​စေ​သည့်​ ​ဘ​ရာ​စီ​ယာ​တို့​အား​ ​ရောင်း​ချ​နေ​ကြောင်း​ ​သိ​ရ​သည်​။​

Wonder​ Pant​ ဟု​ ​နာ​မည်​ပြောင်​ ​ပေး​ထား​သော​ ​အ​တွင်း​ခံ​ ​ဘောင်း​ဘီ​သည်​ ဝတ်​ဆင်​ထား​ချိန်​တွင်​ ​လိင်​အ​င်္ဂါ​ ​အ​ရွယ်​အ​စား​ကို​ ​သာ​မန်​ထက်​ ​၃၈​ ​ရာ​ခိုင်​နှုန်း​မျှ​ ​ပို​မို​ကြီး​ထွား​နေ​ဟန်​ ​တွေ့​မြင်​ရ​အောင်​ ​ဖန်​တီး​ထား​သည်​။​ ​ယင်း​ဘောင်း​ဘီ​ကို​ ​၁၉​ ​ပေါင်​ဖြင့်​ ​ရောင်း​ချ​မည်​ဖြစ်သည်​။​ ​အ​မျိုး​သ​မီး​များ​အ​တွက်​ ​ဆွဲ​ဆောင်​မှု​ ​ပ​သာ​ဒ​ ​ဖြစ်​စေ​မည့်​ ​ယင်း​အ​မျိုး​သား​ ​အ​တွင်း​ခံ​ဘောင်း​ဘီ​ကို​ ​အ​ချို့​သော​ ​စ​တိုး​များ​နှင့်​ Online ​မှ​တ​ဆင့်​ Marks​ and​ Spencer​ က​ ​စ​တင်​ရောင်း​ချ​နေ​ပြီ​ဖြစ်​သည်​။​ ​ဗြိ​တိန်​တစ်​နိုင်ငံ​လုံး​သို့​ ​တွင်​တွင်​ကျယ်​ကျယ်​ ​ဖြန့်​ဖြူး​မှု​ကို​ ​အောက်​တို​ဘာ​ ​၁၅​ ​ရက်​နေ့​တွင်​ ​စ​တင်​သွား​မည်​ဟု​ ​သိ​ရ​သည်​။​ ​

ဘောင်း​ဘီ​ကို​ ​ဝတ်​ဆင်​ရ​သည်​မှာ​ ​သက်​တောင့်​သက်​သာ​ရှိ​ပြီး​ ​အ​ဆင်​ပြေ​အောင်​ ​အ​ထူး​ပုံ​စံ​ထုတ်​ ​ဖန်​တီး​ထား​ကြောင်း​လည်း​ ​ကု​မ္ပ​ဏီ​၏​ ​အ​မျိုး​သား​ ​အ​တွင်း​ခံ​ဘောင်း​ဘီ​ ​ရောင်း​ချ​ရေး​ဌာ​န​ ​အ​ကြီး​အ​ကဲ​ ​ဒေ့ဗ်​ဘင်း​က​ ​ထုတ်​ဖော်​ပြော​ဆို​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here