​တစ်​နှစ်​လျင်​​ ၆​ ​လ​မျှ​ ​ရေ​အောက်​နစ်​မြုပ်​လေ့​ရှိ​သည့်​ ​အ​ပန်း​ဖြေဥ​ယျာဥ်

alt

ဩ​စ​တြီး​ယား​နိုင်ငံ​ရှိ​ ဥ​ယျာဥ်​လေး​တစ်​ခု​မှာ​​ အ​လွန်​သာ​ယာ​ ​လှ​ပ​စွာ​​ တည်​ဆောက်​ထား​သည်​။​​ မြ​စိမ်း​ရောင်​လွှမ်း​နေ​သော​​ မြက်​ခင်း​စိမ်း​စိမ်း​များ​၊​​ တံ​တား​လေး​များ​၊​ ​အ​လှ​ဆင်​​ ​စိုက်​ပျိုး​ထား​သော​ သစ်​ပင်​လေး​များ​၊​ ​ချစ်​စ​ဖွယ်​ ​ခုံ​တန်း​လေး​များ​နှင့်​ ဥ​ယျာဥ်​လေး​သို့​ ​

သွား​ရောက်​လည်​ပတ်​လို​သူ​များ​သည်​ ​အ​ချို့​သော​ ​အ​ချိန်​များ​တွင်​ ​ဘေး​နောက်​ဝဲ​ယာ​မှ​ ​ကူး​ခတ်​နေ​သည့်​ ငါး​လေး​များ​ကို​ပါ​ ​တွေ့​မြင်​ခွင့်​ ​ရ​မည်​ဖြစ်​သည်​။

​ ​ယင်းဥ​ယျာဥ်​သည်​ ​တစ်​နှစ်​လျင်​ ​၆​ ​လ​မျှ​ ​ရေ​အောက်​သို့​ ​နစ်​မြုပ်​နေ​လေ့​ရှိ​သော​ကြောင့်​ ​ထို​အ​ချိန်​တွင်​ ​သွား​ရောက်​လည်​ပတ်​သူ​သည်​ ​ရေငုပ်​ဝတ်​စုံ​နှင့်​ ​အောက်​စီ​ဂျင်​ဘူး​ပါ​ ​သယ်​ဆောင်​သွား​ရ​ပေ​လိမ့်​မည်​။​ ​စ​တာ​ရီ​ယာရှိ​၊​ ​ထ​ရန်​ဂေါ့စ်​တွင်​ ​တည်​ဆောက်​ထား​သော​ Green​ Lakeဥ​ယျာဥ်​သည်​ ​ရေ​ခဲ​သော​ ​ဆောင်း​ရာ​သီ​များ​တွင်​ ​ဒေ​သ​ခံ​ ဥ​ယျာဥ်​တစ်​ခု​ဖြစ်​ပြီး​ ​လာ​ရောက်​အ​ပန်း​ဖြေ​သူ​များ​အ​တွက်​ ​အေး​ချမ်း​သော​ ​နေ​ရာ​လေး​ဖြစ်​သည်​။​ ​သို့​သော်​ ​နွေဦး​ပေါက်​ချိန်​မှ​စ​ကာ​ ​အ​ပူ​ချိန်​ ​မြင့်​တက်​လာ​ပြီး​ ​ရေ​ခဲ​များ​ ​အ​ရည်​ပျော်​ချိန်​တွင်​မူ​ ​မြေ​နိမ့်​ပိုင်း​တွင်​ ​တည်​ဆောက်​ထား​သော​ ဥ​ယျာဥ်​လေး​သည်​ ​ရေ​အောက်​မှ​ ​ဆိတ်​ငြိမ်​အေး​ချမ်း​သော​ ​သီး​သန့်​က​မ္ဘာ​လေး​ ​ပြန်​ဖြစ်​သွား​သည်​။​

​ရေ​အ​မြင့်​သည်​ ​ဆောင်း​ရာ​သီ​နှောင်း​ပိုင်း​ ​ရေ​ခဲ​များ​ ​စ​တင်​ပျော်​ကျ​ချိန်​တွင်​ ​၂​ ​မီ​တာ​မျှ​သာ​ ​ရှိ​တ​တ်​သော်​လည်း​ ​နွေဦး​ရာ​သီ​ ​နှောင်း​ပိုင်း​နှင့်​ ​နွေ​ရာ​သီ​ ​အ​စော​ပိုင်း​တို့​တွင်​ ​၁၀​ ​မီ​တာ​ ​အ​မြင့်​ထိ​ ​ရှိ​တတ်​သည်​။​ ​အ​နီး​ရှိ​ ​တောင်​ကုန်း​များ​မှ​ ​ရေ​ခဲ​များ​ ​အ​ရည်​ပျော်​ပြီး​ ​ကျဆင်း​လာ​သည့်​ ​ရေ​များ​ပါ​ ​ထို​နေ​ရာ​သို့​ ​ရောက်​လာ​သ​ဖြင့်​ ​ကြည်​လင်​သော​ ​ရေ​ကန်​လေး​တစ်​ခု​ ​ဖြစ်​သွား​ပြီး​ ဥ​ယျာဥ်​လေး​မှာ​ ​ရေ​အောက်​တွင်​ ​ခန့်​ခန့်​ထည်​ထည်​ ​တည်​ရှိ​နေ​သည်​။​ ​ယင်း​သို့​သော​ ​အ​ချိန်​ကို​ ​ရွေး​ချယ်​ကာ​ ​ရေ​အောက်ဥ​ယျာဥ်​လေး​သို့​ ​အ​မှတ်​တ​ရ​ ​လာ​ရောက်​လည်​ပတ်​သည့်​ ​ရေငုပ်​သ​မား​များ​လည်း​ရှိ​ကြောင်း​ သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here