​​တောင်​ကိုရီး​ယား​တွင်​ ​စုံ​တွဲ​ပေါင်း​ ​၇၂၀၀​ ​ကျော်​ ​အ​တူ​တ​ကွလက်​ထပ်

alt

တောင်​ကို​ရီး​ယား​နိုင်ငံ​၊​ Unification​ ​ခ​ရစ်​ယာန်​ ​ဘု​ရား​ကျောင်း​တွင်​ ​အောက်​တို​ဘာ​ ​၁၀​ ​ရက်​နေ့​က​ စုံ​တွဲ​ပေါင်း​ ​၇၂၀၀​ ​ကျော်​ ​အ​တူ​တ​ကွ​ ​စု​ရုံး​ကာ​ လက်​ထပ်​ထိမ်း​မြား​ခဲ့​ကြောင်း​ သိ​ရ​သည်​။​

​၁၀.​၁၀.​၁၀​ ​ရက်​နေ့​အ​ဖြစ်​ ​ကျ​ရောက်​ပြီး​ ​ကံ​ကောင်း​သော​ ​အ​ထိမ်း​အ​မှတ်​ ​၁၀​ ​ဂ​ဏန်း​သုံး​လုံး​ ​စု​ဆုံ​သည့်​နေ့​တွင်​ ​စုံ​တွဲ​ပေါင်း​ ​မြောက်​မြားစွာ ​လက်​ထပ်​ခဲ့​ခြင်း​ဖြစ်​ကြောင်း​ ​ဘု​ရား​ကျောင်း​ကို​ ​ထူ​ထောင်​သူ​ ​ဆွန်​မြောင်​မွန်း​က​ ​ပြော​ကြား​ခဲ့​သည်​။​ ​ဆိုး​မြို့​တော်​တောင်​ပိုင်း​ ​အာ​ဆန်​ရှိ​ ​ဆန်​မွန်း​တ​က္က​သိုလ်​တွင်​ ​စုံ​တွဲ​များ​ ​စု​ပေါင်း​မ​င်္ဂလာ​ဆောင်​ခဲ့​ကြောင်း​ ​အ​သက်​ ​၉၀​ ​အ​ရွယ်​ ဆွန်​က​ ​ရှင်း​ပြ​ခဲ့​သည်​။​ ​‘ဘု​ရား​သ​ခင်​ရှေ့​တော်​ ​မ​ရပ်​မီ​တွင်​ ​ချော​မော​လှ​ပ​သော​ ဤ​မိန်း​မ​ပျို​နှင့်​ ​ခန့်​ထည်​သည့်​ ဤ​အ​မျိုး​သား​တို့​အား​ ​က​မ္ဘာ​ဆုံး​တိုင်​ ​အ​ကြင်​လင်​မ​ယား​အ​ဖြစ်​ ​ကျွန်ုပ်​ဂုဏ်​ယူ​စွာ​ ​ကြေ​ညာ​ပါ​၏’ဟု​ ​ဆွန်​က​ ​ကောင်း​ချီး​ပေး​ခဲ့​သည်​။​ ​ယ​ခု​ကဲ့​သို့​ ​စု​ပေါင်း​လက်​ထပ်​ကြ​သည့်​ထဲ​တွင်​ ​ကို​ရီး​ယား​အ​ပြင်​ ​နိုင်ငံ​ခြား​ ​စုံ​တွဲ​များ​လည်း​ ​ပါ​ဝင်​သည်​။​

​အ​သက်​ ​၂၂​ ​နှစ်​အ​ရွယ်​ ​အီ​တ​လီ​ ​သ​တို့​သ​မီး​ ​မီ​ခါ​ကာ​နို​က​ ​အ​မှတ်​တ​ရ​နေ့​တွင်​ ​ချစ်​သူ​ ​ဗြိ​တိန်​နိုင်ငံ​သား​ ​ခ​ရစ်​ခွန်​ကို​နီ​နှင့်​ ​တောင်​ကို​ရီး​ယား​တွင်​ ​လက်​ထပ်​ဖြစ်​ခြင်း​မှာ​ ​ပျော်​ရွှင်​စ​ရာ​ကောင်း​ကြောင်း​ ​ပြော​ဆို​သွားသည်​။​ ဆွန်​က​ ၎င်း​သည်​ ​အ​သက်​ ​၁၅​ ​နှစ်​အ​ရွယ်​က​တည်း​က​ ​ဘု​ရား​သ​ခင်​၏​ ​အ​မှု​တော်​ကို​ ​ထမ်း​ရွက်​ခဲ့​ကြောင်း​ ​ရှင်း​ပြ​ခဲ့​သည်​။​ က​မ္ဘာ​တ​ဝှမ်း​တွင်​ ​အောက်​တို​ဘာ​ ​၁၀​ ​ရက်​နေ့​က​ ​စုံ​တွဲ​များ​စွာ​တို့​သည်​ ​အ​မှတ်​တ​ရ​အ​ဖြစ်​ ​သ​ဘော​ထား​က​ ​လက်​ထပ်​ပွဲ​ကို​ ​တ​ခုတ်​တ​ရ​ ​ဆင်​နွှဲ​ခဲ့​ကြ​သည်​။​ ​အ​မေ​ရိ​ကန်​ ​တစ်​နိုင်ငံ​ထဲတွင်​ပင်​ ​ထို​နေ့​က​ ​လက်​ထပ်​သော​ ​စုံ​တွဲ​အ​ရေ​အ​တွက်​ ​၃၃၀၀၀​ ​မျှ​ ​ရှိ​ခဲ့​ကြောင်း​ ​သ​တင်း​ရ​ရှိ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here