Windows Phone 7 OS ဖြင့် အသုံးပြုရမည့် မိုဘိုင်းဖုန်းသစ် Microsoft မိတ်ဆက်ပြသ

alt

အ​သစ်​ထုတ်​ ​ဖုန်းOS​ဖြစ်​သော​ Windows​ Phone​ 7​ဖြင့်​ ​လည်​ပတ်​သည့်​ ​မို​ဘိုင်း​ဖုန်း​ ​အ​သစ်​တစ်​မျိုး​ကို​ Microsoft​​ က​ မိတ်​ဆက်​ပြ​သ​လိုက်​သည်​။​ Dell​မှ​ ​ထုတ်​လုပ်​သည့်​ Venue​ Pro​ Windows​ Phone​ 7​ စ​မတ်​ဖုန်း​တွင်​ Microsoft​ မှ​ ​အ​သစ်​တီ​ထွင်​ထား​သည့်​ OS​ကို​ ​သုံး​စွဲ​ထား​သည်​။​

Siide​​ ဖုန်း​ ​အ​မျိုး​အ​စား​ဖြစ်​ပြီး​ Keyboard​ ပါ​ဝင်​သည့်​ ​အ​ဆို​ပါ​ ​ဖုန်း​သည်​ ​လုပ်ငန်း​သုံး​ User ​များ​အ​တွက်​ ​အ​ဓိ​က​ ​ရည်​ရွယ်​ထား​ခြင်း​ဖြစ်​သည်​။​ Dell​၏​ ​အ​ဆို​အ​ရ​ ၎င်း​တို့​၏​ဖုန်း​သည်​ T-Mobile​ ​၏​ ​နည်း​ပ​ညာ​ ​ထောက်​ပံ့​မှု​ ​ပါ​ဝင်​ပြီး​ ​၄.​၁​ ​လက်​မ​အ​ရွယ်​ WVGA​ AMOLED​ ​အမျိုး​အ​စား​ Screen​နှင့်​ QWERTY​ Keyboard​ များ​ ​ပါ​ဝင်​ကြောင်း​ ​သိ​ရ​သည်​။​ Microsoft​​ သည်​ ​မို​ဘိုင်း​ဖုန်း​ ​ေ​ဈး​ကွက်​တွင်​ ​အ​ကြီး​အ​ကျယ်​ ​လွှမ်း​မိုး​ထား​သော​ Apple​​ ၏​ iOS​​ နှင့်​ Google​ ​၏​ Android​ OS​တို့​ကို​ ​တုန့်​ပြန်​ယှဥ်​ပြိုင်​ရန်​ Windows​ Phone​ 7​​ အား​ ​ဖန်​တီး​ခဲ့​ခြင်း​ဖြစ်​သည်​။​

Dell​​ ၏​ ​စ​မတ်​ဖုန်း​ဌာ​န​ ​အ​ထွေ​ထွေ​ ​မန်​နေ​ဂျာ​ ​ဘီ​ဂေါ်​ဒန်​က​ Venue​ Pro​ ​ဖုန်း​သည်​ ​မို​ဘိုင်း​ဖုန်း​ ​လော​က​တွင်​ ​ဆွဲ​ဆောင်​မှု​အ​ရှိ​ဆုံး​ ​ဖန်​တီး​မှု​တစ်​ခု​ ​ဖြစ်​လာ​မည်​ဟု​ ​ပြော​ကြား​သွား​သည်​။​ ​ယင်း​ဖုန်း​ကို​ ​ယ​ခု​လ​ကုန်​ပိုင်း​တွင်​ ဥ​ရော​ပ​ယူ​နီ​ယံ​ ​အ​ဖွဲ့​ဝင်​ ​နိုင်ငံ​များ​အ​တွင်း​ ​စ​တင်​ရောင်း​ချ​မည်​ဖြစ်​ပြီး​ ​အောက်​တို​ဘာ​လ​တွင်​ ​အ​မေ​ရိ​ကန်​နိုင်ငံ​အ​တွင်း​ ​ဖြန့်​ချီ​သွား​မည်​ဟု​ ​သ​တင်း​ရ​ရှိ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here