ငှက်ပျောသီးက အမျိုးသားများ လိင်စွမ်းရည်တိုးပွားစေဟု စင်္ကာပူသုတေသီပြောကြား

alt

ငှက်​ပျော​သီး​သည်​ ​အ​မျိုး​သား​များ​၏​ ​လိင်​မှု​စွမ်း​ရည်​ကို​ ​တိုး​ပွား​စေ​နိုင်​ကြောင်း​ ​စ​င်္ကာ​ပူ​ ဆီး​နှင့်​ကျောက်​ကပ်​ ​ဆေး​ပ​ညာ​ ​သု​တေ​သီ​တစ်ဦး​က​ ​ပြော​ကြား​ခဲ့​သည်​။​ ​သုံး​ရက်​လျင်​ ​အ​နည်း​ဆုံး​ ငှက်​ပျော​သီး​ ​တစ်​လုံး​မျှ​ ​ပုံ​မှန်​စား​ပေး​နေ​ခြင်း​သည်​

​အ​မျိုး​သား​များ​၏​ ​သုက်​ရည်​အတွင်း​ ​သုက်​ပိုး​ပ​မာ​ဏ​ကို​ ​တိုး​ပွား​လာ​စေ​သ​လို​ ​သ​န္ဓေ​အောင်​မည့်​ ​အ​ခြေ​အ​နေ​ကို​လည်း​ ​မြင့်​မား​စေ​ကြောင်း​ ​အ​မည်​ဖော်​ပြ​ထား​ခြင်း​ ​မ​ရှိ​သည့်​ ​အ​ဆို​ပါ​ ​ဆ​ရာ​ဝန်​က​ Sin​ Chew​ ​နေ့​စဥ်​ ​သ​တင်း​စာ​သို့​ ​ပြော​ကြား​ခဲ့​သည်​။​ ​ထို့​အ​ပြင်​ သီ​ဟိုဠ်​စေ့​၊​ ​အာ​လူး​၊​ ​စ​ပါ​ဂတ်​တီ​ခေါက်​ဆွဲ​နှင့်​ ​ပင်​လယ်​စာ​များ​တွင်​လည်း​ ​ယင်း​နှင့်​အ​လား​တူ​ ​ကောင်း​ကျိုး​သက်​ရောက်​မှု​များ​ ​ရှိ​နေ​ကြောင်း​ ​အ​ဆို​ပါ​ ​ဆ​ရာ​ဝန်​က​ဆို​သည်​။​ ၎င်း​က​ ​အ​မျိုး​သား​များ​အ​နေ​နှင့်​ ​လိင်​မှု​ဆိုင်​ရာ​ ​စွမ်း​ဆောင်​ရည်​ ​မြင့်​မား​စေ​ရေး​အ​တွက်​ ​အ​ရက်​သောက်​ခြင်း​၊​ ​ဆေး​လိပ်​သောက်​ခြင်း​၊​ ​ချွေး​ထုတ်​ပေါင်း​ခံ​ခြင်း​နှင့်​ ​ရေ​နွေး​ထဲ​တွင်​ ​အ​ချိန်​ကြာ​ကြာ​ ​စိမ်​နေ​ခြင်း​တို့​ကို​ ​ရှောင်​ကြ​ဥ်​သင့်​ကြောင်း​ အ​ကြံ​ပြု​ ​ပြော​ကြား​ခဲ့​သည်​။

​ ယင်း​ဆ​ရာ​ဝန်​၏​ ​အ​ဆို​အ​ရ​ ငှက်​ပျော​သီး​သည်​ ​သုက်​ရည်​အ​တွင်း​ ​မ​ဂ္ဂ​နီ​ဆီ​ယမ်​ ​ပ​မာ​ဏ​ကို​ ​တိုး​ပွား​စေ​ပြီး​ ​အ​ဆို​ပါ​ ​အ​ခြေ​အ​နေ​က​ ​သုက်​ပိုး​များ​ ​ပေါက်​ဖွား​မှု​ကို​ ​အား​ပေး​ထောက်​ကူနိုင်​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here