ဖမ်းဆီးထားသည့် ဂျာနယ်လစ်များမှာ အစိုးရ ဆန့်ကျင်သူများ နှင့် ဆက်နွယ်နေဟု အီရန်ပြောကြား

alt

အီ​ရန်​အ​စိုး​ရ​က​ ​နိုင်ငံ​အ​တွင်း​ ​ကျူး​ကျော်​ဝင်​ရောက်​လာ​သည့်​ ​ဂျာ​နယ်​လစ်​များ​သည်​ ​အ​စိုး​ရ​ ​ဆန့်​ကျင်​ရေး​ ​အင်​အား​စု​များ​နှင့်​ ​ဆက်​နွယ်​နေ​ကြောင်း​ ​စွပ်​စွဲ​ပြော​ကြား​ခဲ့​သည်​။​

​အီ​ရန်​တ​ရား​ရေး​ ​ဝန်​ကြီး​ဌာ​န​က​ ​အိမ်​ထောင်​ရေး​ ​ဖောက်​ပြန်​မှု​အ​တွက်​ ​ကျောက်​တုံး​များ​ဖြင့်​ ​ပစ်​ပေါက်​သတ်​ဖြတ်​ခြင်း​ခံ​ရန်​ ​ပြစ်​ဒဏ်​ချ​မှတ်​ထား​ပြီး​မှ​ ​နိုင်ငံ​တ​ကာ​ ​ကန့်​ကွက်​မှု​များ​ကြောင့်​ ​ရွှေ့​ဆိုင်း​ထား​သည့်​ ​ဆာ​ကီ​နာ​မို​ဟာ​မေ​ဒီ​ ​အက်​စ​တာ​နီ​၏​ ​သား​နှင့်​ ​ရှေ့​နေ​တို့​အား​ ​အင်​တာ​ဗျူး​ရန်​ ​ကြိုး​ပမ်း​ခဲ့​သူ​ ​နှစ်ဦး​အား​ ​အီ​ရန်​ရဲ​များ​က​ ​နယ်​စပ်​မြို့​တစ်​ခု​တွင်​ ​ဖမ်း​ဆီး​နိုင်​ခဲ့​ခြင်း​ဖြစ်​သည်​။​

​ယင်း​နိုင်ငံ​ခြား​သား​များ​သည်​ ​ဂျာ​မန်​များ​ဟု​ ​သ​တင်း​ထွက်​နေ​ပြီး​ ​ဂျာ​မန်​ရှိ​ Bild​​ သ​တင်း​စာ​မှ​ ​ဂျာ​နယ်​လစ်​များ​ဟု​ ​အ​တည်​မ​ပြု​နိုင်​သော​ ​သတင်း​များ​က​ ​ဖော်​ပြ​ထား​သည်​။​ ​သို့​သော်​ Bild​​ က​ ၎င်း​တို့​၏​ ​သ​တင်း​ထောက်​များ​ ​ပျောက်​ဆုံး​နေ​ခြင်း​ ​မ​ရှိ​ဟု​ ​ပြော​ဆို​ခဲ့​သ​လို​ ​ဂျာ​မန်​အ​စိုး​ရ​က​လည်း​ ​ဘာ​လင်​ရှိ​ ​အီ​ရန်​သံ​ရုံး​သို့​ ​အ​ဆို​ပါ​ကိ​စ္စ​အ​တွက်​ ​ဆက်​သွယ်​နေ​ဆဲ​ဖြစ်​သည်​။​ ​အောက်​တို​ဘာ​ ​၁၁​ ​ရက်​နေ့​ ​ဖမ်း​မိ​သော​ ​နိုင်ငံ​ခြား​သား​ ​နှစ်ဦး​မှာ​ ​အ​စိုး​ရ​အား​ ​ဆန့်​ကျင်​သည့်​ ​အင်​အား​စု​များ​နှင့်​ ​အ​ချိတ်​အဆက်​ရှိ​ကြောင်း​ ​အီ​ရန်​အ​စိုး​ရ​ရှေ့​နေ့​ ​ဂို​လမ်​ဟူ​စိန်​ ​မူ​ဆီ​နီ​ ​အီ​ဂျီ​လီ​က​ ​စွပ်​စွဲ​ပြော​ကြား​လိုက်​သည်​။​ ၎င်း​က​ ​ဖမ်း​ဆီး​ထား​သူ​ ​နှစ်ဦး​မှာ​ ​ဂျာ​မန်​များ​ဖြစ်​ကြောင်း​ ​အ​ရိပ်​အ​မြွက်​ ​ပြော​ဆို​ခဲ့​ပြီး​ ​ထို​နှစ်ဦး​သည်​ ​အီ​ရန်​နိုင်ငံ​၏​ ဥ​ပ​ဒေ​ကို​ ​ချိုး​ဖောက်​ခဲ့​ကြောင်း​လည်း​ ​ဝေ​ဖန်​ပြော​ကြား​သွား​သည်​။​

အ​ခြား​သော​ ​သ​တင်း​များ​အ​ရ​ ​ယင်း​နိုင်ငံ​ခြား​သား​ ​နှစ်ဦး​က​ ​အင်​တာ​ဗျူး​ရန်​ ​ကြိုး​ပမ်း​ခဲ့​သူ​ ​နှစ်ဦး​လည်း​ ​ပျောက်​နေ​ကြောင်း​ ​သိ​ရ​သည်​။​ ​အင်​တာ​ဗျူး​ကဏ္ဍ​တွင်​ ​အ​ဝေး​မှ​ ​ဖုန်း​ဖြင့်​ ​ဘာ​သာ​ပြန်​ပေး​ခဲ့​သူ​ ​တစ်ဦး​က​ ​အ​စီ​အ​စဥ်​ ​တစ်​ဝက်​ခန့်​တွင်​ ​အ​သံ​ဗ​လံ​များ​ ​ဆူ​ညံ​စွာ​ ​ကြား​ရ​ပြီး​ ​အာ​ဏာ​ပိုင်​များ​ ​ရောက်​ရှိ​လာ​ကာ​ ​အား​လုံး​ကို​ ​ဖမ်း​ဆီး​သွား​သည်​ဟု​ ​ယူ​ဆ​ရ​ကြောင်း​ ​ထုတ်​ဖော်​ပြော​ဆို​သွား​ခဲ့​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here