ကြံ့မွေးရန် စဉ်းစားနေသည့် Rap အဆိုတော် 50 Cent

alt

Rap​ အ​ဆို​တော်​ 50​ Cent​ တစ်​ယောက်​ ​ကြံ့​မွေး​ရန်​ ​စဥ်း​စား​နေ​ကြောင်း​ ​သိ​ရ​သည်​။​ Baby​ By​ Me​ သီ​ချင်း​ ​အ​ဆို​တော်​သည်​ ​တောင်​အာ​ဖ​ရိ​က​ ​ရံ​ပုံ​ငွေ​အ​ဖွဲ့​ eBlockwatch​ ၏​ ​တိုက်​တွန်း​မှု​အရ​ ​ဖီ​လာ​ဟု​ ​အ​မည်​ပေး​ထား​သည့်​ ​မျိုး​သုဥ်း​လု​နီ​နီး​ ​ကြံ့​နက်​မျိုး​နွယ်​ ​တစ်​ကောင်​အား​

​မွေး​မြူ​ထိန်း​သိမ်း​ရန်​ ​လေ့​လာ​နေ​ခြင်း​ဖြစ်​သည်​။​

​သ​နား​စ​ရာ​ကောင်း​သော​ ​ဖီ​လာ​သည်​ ၎င်း​၏​ ဦး​ချို​ကို​ ​ရ​ယူ​လို​သော​ ​တ​ရား​မ​ဝင်​ ​မု​ဆိုး​များ​၏​ ​လိုက်​လံ​ပစ်​ခတ်​မှု​ကြောင့်​ ​အ​နည်း​ဆုံး​ ​အ​သက်​ဘေး​နှင့်​ ​ကိုး​ကြိမ်​မျှ​ ​ကြံု​ခဲ့​ရ​ပြီး​ဖြစ်​သည်​။​ eBlockwatch ​မှ​ ​တာ​ဝန်​ခံ​ ​အင်​ဒ​ရီ​ဆင်​မန်း​က​ 50​ Cent​ အား​ ​ဖီ​လာ​အ​တွက်​ ​အ​ကူ​အ​ညီ​ ​တောင်း​ခံ​ထား​ကြောင်း​၊​ ​ဖီ​လာ​၏​ Godfather​​ အ​ဖြစ်​ 50​ Cent​​ က​ ​ခံ​ယူ​ပေး​ခဲ့​ပါ​က​ ​တစ်​က​မ္ဘာ​လုံး​က​ ​ကြံ့​များ​၏​ ​အ​န္တ​ရာယ်​နှင့်​ ​ပတ်​သက်​ပြီး​ ​ပို​မို​သ​တိ​ပြု​မိ​လာ​မည်​ဟု​ ​မျှော်​လင့်​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ​ဖီ​လာ​သည်​ ​ကြံ့​မ​လေး​ ​တစ်​ကောင်​ဖြစ်​ပြီး​ ​ယင်း​၏​အ​ရွယ်​အ​စား​က​ ​အ​မည်​ရင်း​ ​ကား​တစ်​ဂျ​က်​ဆင်​ဖြစ်​သော​ ​အ​ဆို​တော်​ထက်​ ​ပို​ကြီး​နေ​သ​ဖြင့်​ ​အ​တန်ငယ်​ ​အ​ဆင်​မ​ပြေ​ကြောင်း​ ​အင်​ဒ​ရီ​က​ ​အ​ရွှမ်း​ဖောက်​ခဲ့​သည်​။

​ 50​ ​အ​နေ​နှင့်​ ​ကြံ့​မ​လေး​၏​ ​ပိုင်​ရှင်​အ​ဖြစ်​ ​ခံ​ယူ​ခဲ့​ပါ​က​ ​ယင်း​တို့​ရံ​ပုံ​ငွေ​ ​အ​ဖွဲ့​က​ပင်​ ​ဖီ​လာ​အား​ ​စောင့်​ရှောက်​ပေး​သွား​မည်​ဟု​ ​အင်​ဒ​ရီ​က​ ​က​တိ​ပေး​ထား​သည်​။​ 50​ Cent​​ ကိုယ်​တိုင်​က​လည်း​ ​ဖီ​လာ​အ​တွက်​ ​အ​ထောက်​အ​ပံ့​များ​ ​ပေး​သွား​ရန်​ ​အ​စီအ​စဥ်​ရှိ​ကြောင်း​ ​ပြန်​ကြား​ထား​သည်​။​ ​တောင်​အာ​ဖ​ရိ​က​တွင်​ ​ကြံ့​များ​ကို​ ​တ​ရား​မ​ဝင်​ ​သတ်​ဖြတ်​နေ​မှု​သည်​ ​တ​စ​ထက်​တ​စ​ ​မြင့်​တက်​လာ​နေ​ပြီး​ ​ယ​မန်​နှစ်​က​ ​ကြံ​ကောင်​ရေ​ ​၁၂၂​ ​ကောင်​ ​အသတ်​ခံ​ရ​ပြီး​ ​ယ​ခု​နှစ်​တွင်​ ​၉​ ​လ​မျှ​သာ​ ​ရှိ​သေး​သည့်​ ​အ​ချိန်​အ​တွင်း​ ​၂၂၇​ ​ကောင်​ ​အ​သတ်​ခံ​ခဲ့​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here