​​ဂျ​ပန်​တွင်​ ​ကျင်း​ပ​သည့်​ ​ဖော်​မြူ​လာဝမ်း​ ​ကား​မောင်​ပြိုင်​ပွဲ​ Red​ Bulls​ ​ကား​မောင်းသ​မား​ ​ဗိုလ်​စွဲ

alt

အောက်​တို​ဘာ​​ ၁၀​ ​ရက်​နေ့​က​ ​ကျင်း​ပ​ပြု​လုပ်​သည့်​​ ဂျ​ပန်​ဂ​ရင်း​ပ​ရီ​ ​ဖော်​မြူ​လာ​ဝမ်း​​ ကား​မောင်း​ပြိုင်​ပွဲ​တွင်​ Red​ Bulls​ ​ကား​မောင်း​သ​မား​​ ဆီ​ဘက်​စ​တီ​ယန်​ ​ဗက်​တယ်​က​​ အ​နိုင်​ရ​ဗိုလ်​စွဲ​သွား​ကြောင်း​ ​သိ​ရ​သည်​။​

​၃.​၆၁​ ​မိုင်​ရှည်​သော​ ​ဆူ​ဇူ​ကာ​ ​ပတ်​လမ်း​ပြိုင်​ကွင်း​တွင်​ ​ယ​ခု​နှစ်​အ​တွင်း​ ​ထပ်​မံ​ဗိုလ်​စွဲ​ခြင်း​ကြောင့်​ ​ဂျ​ပန်​ဂ​ရင်း​ပ​ရီ​အ​တွက်​ ​ယ​မန်​နှစ်​က​ ​ရ​ထား​သည့်​ ​ချန်​ပီ​ယံ​ဘွဲ့​ကို​ ​ဆက်​လက်​ကာ​ကွယ်​နိုင်​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​ဗက်​တယ်​သည်​ ​ယ​ခု​ပွဲ​ ​အ​နိုင်​ရ​ရှိ​ခြင်း​ကြောင့်​ ​အ​မှတ်​ပေး​ဇ​ယား​ကို​ ဦး​ဆောင်​နေ​သည့်​ ​မတ်​ဝက်​ဘာ​နှင့်​ ​အ​မှတ်​ကွာ​ဟ​မှု​ ​ပို​နည်း​လာ​ခဲ့​သည်​။​

​ယ​နေ့​အောင်​မြင်​မှု​သည်​ ​ပြော​မ​ပြ​တတ်​လောက်​အောင်​ ​မိ​မိ​အား​ ​ဝမ်း​သာ​စေ​ခံ​ကြောင်း​ ​ဗက်​တယ်​က​ဆို​သည်​။​ ၎င်း​တို့​ ​နှစ်ဦး​လုံး​သည်​ ​တစ်​သင်း​တည်း​ ​ကား​မောင်း​ဖော်​များ​ ​ဖြစ်​ကြ​သည်​။​ ​ပြီး​ခဲ့​သည့်​ ​ပြိုင်​ပွဲ​နှစ်​ခု​တွင်​ ​​အောင်​ပွဲ​များ​ ​ရ​ရှိ​ခဲ့​သည့်​ Ferrari​ကား​မောင်း​သ​မား​ ​ဖီ​လစ်​ပီ​ ​အ​လွန်​ဆို​မှာ​ ​တ​တိ​ယ​ရ​ခဲ့​သည်​။​ ​လက်​ရှိ​တွင်​ ​၃​ ​ပွဲ​သာ​ ​ကျန်​တော့​သည့်​ ​အ​နေ​အ​ထား​သို့​ ​ရောက်​ရှိ​လာ​ရာ​ ​ဝက်​ဘာ​သည်​ ​အ​မှတ်​ ​၂၂၀​ ​ဖြင့်​ ဦး​ဆောင်​နေ​သည်​။​ ၎င်း​၏​နောက်​တွင်​ ​အ​လွန်​ဆို​ရော​၊​ ​ဗက်​တယ်​ပါ​ ​၂၀၆​ ​မှတ်​စီ​ဖြင့်​ ​အ​ပြိုင်​ဖြစ်​နေ​သည်​။​

​အ​လွန်​ဆို​သည်​ အီ​တ​လီ​နှင့်​ ​စ​င်္ကာ​ပူ​ ​ဂ​ရင်း​ပ​ရီ​တို့​တွင်​ ​အောင်​ပွဲ​ခံ​နိုင်​ခဲ့​သ​လို​ ​ယ​ခု​နှစ်​အ​တွင်း​ ​စု​စု​ပေါင်း​ ​၄​ ​ကြိမ်​မျှ​ ​အ​နိုင်​ရ​ထား​သည်​။​ ​ဒု​တိ​ယ​နေ​ရာ​တွင်​ ​အ​မှတ်​တူ​နေ​သည့်​တိုင်​ ​အ​လွန်​ဆို​မှာ​ ​ဗက်​တယ်​ထက်​ ​နိုင်​ပွဲ​ပို​များ​ကြောင်း​လည်း​ ​သိ​ရ​သည်​။​ Red​ Bulls​အ​သင်း​သည်​ ​၂၀၁၀​ ​ခု​နှစ်​ ​ဖော်​မြူ​လာ​ဝမ်း​ ​ရာ​သီ​တွင်​ ​၆​ ​ကြိမ်​ဗိုလ်​စွဲ​ထား​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here