Viagra​​ ထက်​ ​ပို​မို​အ​စွမ်း​ထက်​သည့်​​ ကာ​မ​အား​တိုး​ဆေး​​ ဝေ​ဖာ​မုန့်​တစ်​မျိုး​ ​ဗြိ​တိန်​တွင်​ရောင်း​ချ​မည်

alt

လျှာ​ပေါ်​တင်​လိုက်​ရုံ​နှင့်​​ အ​ရည်​ပျော်​သွား​စေ​မည့်​​ ဝေ​ဖာ​မုန့်​တစ်​မျိုး​သည်​ Viagra​​ ထက်​ ​ပို​မို​အ​စွမ်း​ထက်​သည့်​​ ကာ​မ​အား​တိုး​ဆေး​ ​ဖြစ်​လာ​နိုင်​ကြောင်း​​ သု​တေ​သီ​များ​က​ ​ပြော​ ကြား​ခဲ့​သည်​။​​ ယင်း​ကို​ ​ဗြိ​တိန်​နိုင်ငံ​အ​တွင်း​​ ဆိုင်​အ​တော်​များ​များ​တွင်​ ​ရောင်း​ချ​သွား​နိုင်​ရန်​ ​မျှော်​လင့်​ထား​သည်​။​

​အ​မျိုး​သား​ ​ကျန်း​မာ​ရေး​ ​စောင့်​ရှောက်​မှု​ဌာ​န​ (NHS)​​ က​ ​အ​သက်​ ​၄၀​ ​ကျော်​အ​ ရွယ်​ ​ပန်း​သေ​ပန်း​ညှိုး​ ​ဝေ​ဒ​နာ​ရှင်​များ​နှင့်​ ​စိတ်​ဖိ​စီး​မှု​ကြောင့်​ ​ဟို​မုန်း​မ​ညီ​မ​မျှ​ဖြစ်​ကာ​ ​လိင်​သာ​ယာ​မှု​ ​လျော့​နည်း​နေ​သူ​များ​အ​တွက်​ ​ရည်​ရွယ်​သည့်​ ​ဝေ​ဖာ​အ​တွင်း​ Viagra​​ တွင်​ ​ပါ​ဝင်​သည့်​ ​လှုံ့​ ဆော်​ဆေး​ဝါး​များ​ ​ထည့်​သွင်း​ပေး​ထား​ပြီး​ Viagra​​ ထက်​ ​သက်​ရောက်​မှု​ ​မြန်​ဆန်​မည်​ဖြစ်​ကြောင်း​ ​ရှင်း​လင်း​ပြော​ကြား​ခဲ့​သည်​။​ Viagra​​ ၏​ ​အ​စွမ်း​ပြ​မှု​သည်​ ​မိ​နစ်​ ​၃၀​ ​မှ​ ​၁​ ​နာ​ရီ​အ​တွင်း​ ​ဖြစ်​လာ​ တတ်​သော်​လည်း​ ​ယ​ခု​ဝေ​ဖာ​က​ ​ယင်း​ထက်​မြန်​မည်​ဖြစ်​သည်​။​ ​ထို့​ကြောင့်​ ​စုံ​တွဲ​များ​ကြား​ ​စိတ်​အား​ထက်​သန်​မှု​ ​ပြန်​လည်​လျော့​နည်း​သွား​သည့်​ ​အ​နေ​အ​ထား​မျိုး​ကို​ ​ကာ​ကွယ်​ပေး​မည်​ဖြစ်​သည်​။​

သပ်​ရပ်​စွာ​ ​ထုပ်​ပိုး​ထား​သည့်​ ​ဝေ​ဖာ​လေး​များ​သည်​ ​လျှာ​ပေါ်​တင်​လိုက်​လျင်​ ​စ​က္ကန့်​ပိုင်း​အ​တွင်း​ ​အ​ရည်​ပျော်​သွား​ပြီး​နောက်​ Viagra​​ ထက်​ ​၃၀​ ​ရာ​ခိုင်​နှုန်း​ ​လျင်​မြန်​စွာ​ ​လှုံ့​ဆော်​အ​စွမ်း​ပြ​လာ​ ကြောင်း​ ​စမ်း​သပ်​မှု​ ​ရ​လဒ်​များ​အ​ရ​ ​သိ​ရှိ​ရ​သည်​။​ ​အ​ခြား​သော​ ​ကာ​မ​အား​တိုး​ဆေး​များ​နှင့်​ ​ယှဥ်​ပါ​က​ ​မိ​နစ်​ ​၄၀​ ​မှ​ ​၆၀​ ​ထိ​ပင်​ ​ပို​မြန်​နေ​သည်​။​ ​ထို​သို့​ဖြစ်​ခြင်း​မှာ​ ​လျှာ​ပေါ်​တွင်​ ​အ​ရည်​ပျော်​သွား​ခြင်း​ ကြောင့်​ ​ပါး​စပ်​အ​တွင်း​ရှိ​ ​သွေး​ကြော​မျှင်​ပေါင်း​ ​မြောက်​မြား​စွာ​တို့​သည်​ ​တစ်​သျှူး​များ​ကို​ ​လှုံ့​ဆော်​ပေး​မည့်​ ​အာ​နိ​သင်​ကို​ ​သက်​ဆိုင်​ရာ​ ​လိင်​အ​င်္ဂါ​သို့​ ​လျင်​လျင်​မြန်​မြန်​ ​ပို့​ဆောင်​ပေး​နိုင်​ခြင်း​ ကြောင့်​ဟု​ ​သိ​ရ​သည်​။​

​အောက်​စ​ဖို့​ရှိုင်း​ယား​ရှိ​ ​ချစ်​ပင်း​နော်​တန်​ ​လိင်​ဆိုင်​ရာ​ ​ဆေး​ပ​ညာ​ဌာ​န​မှ​ ​အ​ထူးကု​ ​ဒေါက်​တာ​ဒေး​ဗစ်​အက်​ဒွပ်​က​ အ​လွယ်​တ​ကူ​ ​အ​ရည်​ပျော်​နိုင်​သည့်​ ​ယင်း​ဝေ​ဖာ​သည်​ ​ပန်း​ သေ​ပန်း​ညှိုး​ ​ဝေ​ဒ​နာသည်​များ​အ​တွက်​ ​ကောင်း​မွန်​ပြီး​ ​အာ​နိ​သင်​ထက်​မြက်​သည့်​ ​အား​ကိုး​စ​ရာ​ ​နည်း​လမ်း​သစ်​တစ်​ခု​ ​ဖြစ်​လာ​မည်​ဟု​ ​မှတ်​ချက်​ပြု​ ​ပြော​ကြား​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here