ဈာ​ပ​န​ ​အ​ခမ်း​အ​နား​တွင်​ ​သီ​ဆို​ရ​မည့်​ ​သီ​ချင်း​အား​ ရော်​ဘီ​ဝီ​လျံ​​ ​ကိုယ်​တိုင်​ရေး​စပ်

alt

နာ​မည်​ကျော်​​ အ​ဆို​တော်​ ​ရော်​ဘီ​ဝီ​လျံ​သည်​ ၎င်း​၏​ ​ဈာ​ပ​န​ ​အ​ခမ်း​အ​နား​တွင်​​ သီ​ဆို​ရ​မည့်​ ​သီ​ချင်း​အား​ ​ကိုယ်​တိုင်​ကြို​တင်​ ​ရေး​သား​နေ​ကြောင်း​ သိ​ရ​သည်​။​

Pop​စ​တား​ ​တစ်ဦး​ဖြစ်​သည့်​ ​ဝီ​လျံ​က​ ၎င်း​အား​ ​မြှုပ်​နှံ​သ​ဂြင်္ိုဟ်​ချိန်​တွင်​ ​ယင်း​ကိုယ်​တိုင်​ ​အောင်​မြင်​မှု​များ​ ​ရ​ရှိ​ခဲ့​သည့်​ Angels​သီ​ချင်း​ကို​ ​ဖွင့်​ထား​ရန်​ ​မ​လို​လား​ကြောင်း​ ​ပြော​ကြား​ခဲ့​ပြီး​ ​ယ​ခု​အ​ခါ​ ​ဂ​န္တ​ဝင်​သံ​စဥ်​ဖြင့်​ ​ဖော်​ကျူး​ထား​သည့်​ Mass​ for​ the​ Dead​ သီ​ချင်း​အား​ ​ရေး​သား​နေ​ကြောင်း​ ​အ​တည်​ပြု​ခဲ့​သည်​။​

​သီ​ချင်း​တစ်​ပုဒ်​လုံး​ကို​ ​မည်​သူ့​အ​ကူ​အ​ညီ​မျှ​ ​မ​ပါ​ဘဲ​ ကိုယ်​ပိုင်​အ​မြင်​၊​ ​ကိုယ်​ပိုင်​အ​တွေး​ဖြင့်​ ​ဖန်​တီး​ထား​ကြောင်း​ ​ဝီ​လျံ​က​ဆို​သည်​။​ ​ဈာ​ပ​န​တစ်​ခု​တွင်​ ​တစ်ဦး​နှင့်​တစ်ဦး​ ​စိတ်​ဝိဉာဥ်​ချင်း​ ​ခံ​စား​ကူး​စက်​သွား​သည့်​ ​အ​သိ​မျိုး​ဖြင့်​ ​ထို​သီ​ချင်း​အား​ ​ဖန်​တီး​ထား​ခြင်း​ဖြစ်​ကြောင်း​ ​ဝီ​လျံ​က​ ​ရှင်း​ပြ​ခဲ့​သည်​။​ ၎င်း​၏​ Angels​ ​သီ​ချင်း​သည်​ ​ဗြိ​တိန်​တွင်​ ​ဈာ​ပ​န​ ​အ​ခမ်း​အ​နား​များ​အ​တွင်း​ ​အ​ဖွင့်​အ​များ​ဆုံး​ ​သီ​ချင်း​တစ်​ပုဒ်​လည်း​ဖြစ်​သည်​။

​ အ​မေ​ရိ​ကန်​ ​မင်း​သ​မီး​ ​အေ​ဒါ​ဖီး​နှင့်​ ​လက်​ထပ်​ထား​သည့်​ ​အ​သက်​ ​၃၆​ ​နှစ်​အ​ရွယ်​ ​အ​ဆို​တော်​သည်​ ​သီ​ချင်း​ရေး​ရာ​တွင်​လည်း​ ​ထူး​ချွန်​သူ​ ​တစ်ဦး​အ​ဖြစ်​ ​အ​သိ​အ​မှတ်​ပြု​ ​ခံ​ရ​သည်​။​​ ​ယင်း​က​ ​မိ​မိ​သည်​ ​သီ​ချင်း​ရေး​ဆ​ရာ​ ​တစ်ဦး​၏​ ​ဘ​ဝ​ကို​ ​ခုံ​မင်​သော်​လည်း​ ​လူ​အ​များ​က​ ​အ​ဆို​တော်​အ​ဖြစ်​သာ​ ​အ​ဓိ​က​ ​အား​ပေး​ကြ​ကြောင်း​ ​ပြော​ကြား​သွား​ခဲ့​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here