ချီ​လီ​မိုင်း​တွင်း​​ လုပ်​သား​များ​ထံ​ ကယ်​ဆယ်​ရေးဥ​မင်​ဖောက်​လုပ်​မှု​​ အ​ပြီး​သတ်​မည်

alt

လာ​မည့်​ ​၂​​ ရက်​မျှ​အ​တွင်း​ ​ချီ​လီ​မိုင်း​တွင်း​​ အ​လုပ်​သ​မား​များ​ထံ​ ဥ​မင်​များ​​ အ​ပြီး​သတ်​​ ဖောက်​လုပ်​နိုင်​တော့​မည်​ဟု ကယ်​ဆယ်​ရေး​အ​ဖွဲ့​များ​က​ ​ပြော​ကြား​ခဲ့​ကြ​သည်​။​

​မြေ​အ​နက်​ ​ပေ​ ​၂၀၀၀​ ​ကျော်​တွင်​ ​ပိတ်​မိ​နေ​သည့်​ ​မိုင်း​အ​လုပ်​သ​မား​များ​ထံ​ ​တူး​ဖော်​နေ​သည့်​ ဥ​မင်​ ​၃​ ​ခု​အ​နက်​ ​၁​ ​ခု​သည်​ ​မြေ​အောက်​တွင်​ ​၂​ ​လ​ကျော်​ ​နေ​ထိုင်​ခဲ့​ရ​သူ​ ​၃၃​ ဦး​ထံ​ ​​ရောက်​ရှိ​သွား​​ပြီ​ဟု​ ​သိ​ရ​သည်​။​

အင်​ဂျင်​နီ​ယာ​များ​အ​နေ​နှင့်​ ​မိုင်း​တွင်း​အ​လုပ်​သ​မား​များ​ကို​ ​ကယ်​တင်​ရန်​ ​စီ​မံ​ကိန်း​နှင့်​ ​ပတ်​သက်​ပြီး​ ​မည်​သည့်​နည်း​လမ်း​ကို​ ​ရွေး​ချယ်​မည်​ဆို​သော​ ​အ​ချက်​အား​ ​ဆုံး​ဖြတ်​ရ​မည့်​ အ​ခြေ​အ​နေ​ ​နီးစပ်​လာ​ပြီ​ဖြစ်​သည်​။​ ​မြေ​ပေါ်​သို့​ ​ရောက်​ရှိ​လာ​ပါ​က​ ​မြေ​အောက်​တွင်​ ​ရက်​ပေါင်း​များ​စွာ​ ​ပိတ်​မိ​နေ​သည့်​ ​မိုင်း​အ​လုပ်​သ​မား​များ​ ​ဝတ်​ဆင်​နိုင်​ရန်​ ​အ​လင်း​ဖျော့​ ​မျ​က်​မှန်​များ​ကို​ ​စီ​စဥ်​ပေး​ထား​သည်​။​ ဥ​မင်​အ​တိုင်း​ ​မိုင်း​အ​လုပ်​သ​မား​များ​ကို​ ​ကယ်​ထုတ်​နိုင်​ရန်​ ​ချီ​လီ​ရေ​တပ်​ ​ကွန်​မန်​ဒို​များ​က​ ​အ​ကူ​အ​ညီ​ပေး​သွား​မည်​ဖြစ်​ပြီး​ ​တစ်ဦး​ချင်း​စီ​ကို​ ​ကယ်​ထုတ်​ရ​သည့်​အ​တွက်​ ​ရက်​ပိုင်း​မျှ​ ​အ​ချိန်​ယူ​ရဦး​မည်​ဟု​ဆို​သည်​။​ ​ယ​ခု​အ​ခါ​ ​တိုး​တက်​မှု​ ​လျင်​မြန်​စွာ​ ​ဖြစ်​ထွန်း​နေ​သည့်​ ​ကယ်​ဆယ်​ရေး​ ​ဆောင်​ရွက်​မှု​များ​ကြောင့်​ ​မိုင်း​တွင်း​လုပ်​သား​များ​ရော​၊​ ​မြေ​ပြင်​ပေါ်​ရှိ​ ၎င်း​တို့​၏​ ​မိ​သား​စု​များ​ပါ​ ​ပျော်​ရွှင်​နေ​ကြောင်း​ ​သိ​ရ​သည်​။​

​ချီ​လီ​မိုင်း​လုပ်​သား​များ​သည်​ ဩ​ဂုတ်​လ​ ​၅​ ​ရက်​နေ့​က​တည်း​က​ ​ပိတ်​မိ​နေ​ခြင်း​ဖြစ်​ပြီး​ ​အ​ရေး​ပေါ်​ ​လိုင်း​မှ​တ​ဆင့်​ ​အ​စား​အ​စာ​နှင့်​ ​သောက်​ရေ​များ​ ​ပေး​ပို့​နိုင်​ခဲ့​သည့်​အ​တွက်​ ​ကာ​လ​ရှည်​ကြာ​စွာ​ ​အ​သက်​ရှင်​နေ​ခဲ့​ခြင်း​ဖြစ်​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here