အ​ပျော်​စီးအာ​ကာ​သ​​ လေ့​လာ​ရေး​ယာဥ်​ပျံ​​ ပ​ထ​မ​ဆုံး​အ​ကြိမ်​ စမ်းသပ်​ပျံ​သန်း

alt

Virgin​ Galactic​​ ကု​မ္ပ​ဏီက​ ​စီ​စဥ်​နေ​သည့်​ ​အ​ပျော်​စီး​ ​အာ​ကာ​သ​ ​လေ့​လာ​ရေး​ ​ယာဥ်​ပျံ​ကို​ ပ​ထ​မ​ဆုံး​ ​အ​စမ်း​စ​တင်​ ​ပျံ​သန်း​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​ SpaceShipTwo​ ​ဟု​ ​အ​မည်​ပေး​ထားသည့်​ ယာဥ်​သည်​ ​မီ​တာ​ ​၁၃၇၀၀​ ​အ​မြင့်​တွင်​ ​ပင်​မ​ယာဥ်​ပျံ​မှ​ ​ခွာ​ပြီး​ ​ပျံ​သန်း​ခဲ့​သည်​။​

Mojave​ Desert​ ​လေ​ယာဥ်​ကြီး​သည်​ ​အောက်​တို​ဘာ​ ​၁၀​ ​ရက်​နေ့​က​ ​အ​ဆို​ပါ​ ​ယာဥ်​ပျံ​ကို​ ​ပင်​မ​ယာဥ်​အဖြစ်​ ​သယ်​ယူ​ပျံ​သန်း​ခဲ့​ခြင်း​ဖြစ်​သည်​။​ SapceShipTwo​ ​သည်​ ​စိတ်​ကျေ​နပ်​လောက်​သော​ ​စမ်း​သပ်​ပျံ​သန်း​မှု​မျိုး​ ​ပြု​လုပ်​ပြီး​ချိန်​တွင်​ ​ပင်​မ​ယာဥ်​နောက်​ ​လိုက်​ပါ​ကာ​ ​အ​နီး​ရှိ​ ​လေ​ယာဥ်​ကွင်း​ ​တစ်​ခု​တွင်​ ​ဆင်း​သက်​ခဲ့​ကြောင်း​ Virgin​ Galactic​ ​က​ ​ကြေ​ညာ​ခဲ့​သည်​။​ ​အ​စမ်း​ပျံ​သန်း​ချိန်​ ​၂၅​ ​မိ​နစ်​အ​တွင်း​ ​အ​ရာ​ရာ​ ​ချော​မွေ့​အ​ဆင်​ပြေ​ကြောင်း​ ​ကု​မ္ပ​ဏီ​မှ​ ​တာ​ဝန်​ရှိ​သူများ​က​ဆို​သည်​။​

Virgin​ Galactic​မှ​ ဥ​က္က​ဌ​ ​ဆာ​ရစ်​ချတ်​ဘ​ရန်​ဆန်​က​ ​စမ်း​သပ်​မှု​ ​အ​ဆင့်​ဆင့်​ကို​ ​စိတ်​ကျေ​နပ်​မှု​ ​အ​ပြည့်​ရှိ​ကြောင်း​ ​သ​တင်း​ထောက်​များ​အား​ ​ပြော​ကြား​ခဲ့​သည်​။​ ​နောက်​ထပ်​ခြေ​လှမ်း​သစ်​အ​ဖြစ်​ SpaceShipTwo​​ ကို​ ​အာ​ကာ​သ​အ​တွင်း​ ​တိုက်​ရိုက်​လွှတ်​တင်​မှု​ကို​ ​စမ်း​သပ်​သွား​မည်​ဟု​ ​ဘ​ရန်​ဆန်​က​ဆို​သည်​။​ ​အောင်​မြင်​မှု​ ​အ​ပြည့်​အ​၀​ ​ရ​ရှိ​ချိန်​တွင်​ ​ထောင်​ပေါင်း​များ​စွာ​သော​ ​ခ​ရီး​သည်​များ​ကို​ ​အာ​ကာ​သ​အ​တွင်း​ ​အ​လည်​အ​ပတ်​ ​ပို့​ဆောင်​ပေး​နိုင်​မည်​ဟု​ ​ဘ​ရန်​ဆန်​က​ ​မှတ်​ချက်​ပြု​သွား​သည်​။​ SpaceShipTwo​ ​သည်​ ​အ​စမ်း​ပျံ​သန်း​မှု​အ​တွင်း​ ​လေ​ဟုန်​စီး​ခြင်း​၊​ ​ဂျွမ်း​ထိုး​ခြင်း​စ​သ​ဖြင့်​ ​အ​မျိုး​မျိုး​ ​စမ်း​သပ်​ခဲ့​သည်​။​ ​နာ​မည်​ကျော်​ ​လေ​ယာဥ်​ဒ​ီ​ဇိုင်း​ ​ပ​ညာ​ရှင်​ ​ဘတ်​ရက်​တန်​ တည်​ဆောက်​သည့်​ SpaceShipTwo​​ သည်​ Prototype​ ​နည်း​ပ​ညာ​ကို​ ​အ​သုံး​ပြု​ထား​ပြီး​ ​၂၀၀၄​ ​ခု​နှစ်​က​ ​အာ​ကာ​သ​အ​တွင်း​ ​ရောက်​ရှိ​နိုင်​သည့်​ ​ပ​ထ​မ​ဆုံး​ ​လူ​လိုက်​ပါ​နိုင်​သည့်​ ​ပု​ဂ္ဂ​လိ​က​ ​ဒုံး​ပျံ​အ​ဖြစ်​ ​အ​သိ​အ​မှတ်​ပြု​ဆု​ ​ဒေါ်​လာ​ ​၁၀​ ​သန်း​ကို​ ​ရ​ရှိ​ခဲ့​သည်​။​

Virgin​ Galactic​​ ၏​ ​အ​ဆို​အ​ရ​ ​အာ​ကာ​သ​ ​ခ​ရီး​စဥ်​အ​တွက်​ ​ကြို​တင်​ငွေ​ချေ​ထား​သည့်​ ​ဖောက်​သည်​ပေါင်း​ ​၃၇၀​ ​ထံ​မှ​ ​စု​စု​ပေါင်း​ဒေါ်​လာ​ ​သန်း​ ​၅၀​ ​ကျော်​ထိ​ ​ရ​ရှိ​ထား​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here