ဒက်​စ​မွန်​တူး​တူး​အ​တွက်​​ အ​မေ​ရိ​ကန်​သ​မ္မ​တ​အို​ဘား​မား​​ ဆု​မွန်​ကောင်း​တောင်း

alt

အ​မေ​ရိ​ကန်​သ​မ္မ​တ​​ ဘာ​ရတ်​အို​ဘား​မား​က​ အ​များ​နှင့်​​ ဆက်​နွယ်​လုပ်​ကိုင်​နေ​သော​​ အ​ခြေ​အ​နေ​များ​မှ​ ​အ​ပြီး​တိုင်​​ အ​နား​ယူ​လိုက်​ပြီ​ဟု​​ ကြေ​ညာ​ခဲ့​သည့်​ ​ဒက်​စ​မွန်​တူး​တူး​ အ​တွက်​ ​ဆု​မွန်​ကောင်း​ ​တောင်း​ပေး​ လိုက်​ကြောင်း​ ​သိ​ရ​သည်​။​

​ဇူ​လိုင်​လ​က​တည်း​က​ ​အ​သက်​ ​၇၉​ ​နှစ်​ ​ပြည့်​မြောက်​ချိန်​တွင်​ ​အ​နား​ယူ​မည်​ဟု​ ​ကြေ​ညာ​ထား​သည့်​ ​နို​ဘယ်​ဆု​ရှင်​ ​ငြိမ်း​ချမ်း​ရေး​သ​မား​ ကြီး​သည်​ ​အောက်​တို​ဘာ​ ရ​ ​ရက်​နေ့​ ​၇၉​ ​နှစ်​ပြည့်​တွင်​ ​ကြို​တင်​သတ်​မှတ်​ထား​သည့်​အ​တိုင်း​ ​အ​နား​ယူ​သွား​ခြင်း​ဖြစ်​သည်​။​ ​တောင်​အာ​ဖ​ရိ​က​နိုင်ငံ​မှ​ ​ခ​ရစ်​ယာန်​ ​ဘာ​သာ​ရေး​ခေါင်း​ဆောင်​နှင့်​ ​ ပြောင်း​လဲ​ရေး​ဝါ​ဒီ​ ​တစ်ဦး​ဖြစ်​သည့်​ ​တူး​တူး​သည်​ ​စိတ်​ဓာတ်​ရေး​ရာ​အ​ရ​ ​အ​လွန်​ကြီး​ကျယ်​မြင့်​မြတ်​သူ​ဟု​ ​အို​ဘား​မား​က​ ​ချီး​ကျူး​ခဲ့​သည်​။​ ​ဆယ်​စု​နှစ်​ပေါင်း​များ​စွာ​ ​တူး​တူး​သည်​ ​ငြိမ်း​ချမ်း​ရေး​အ​တွက်​ ​ဆောင်​ရွက်​ခဲ့​ကြောင်း​၊​ ​ယင်း​သည်​ ​လူ့​သ​မိုင်း​တွင်​ ​အ​ခမ်း​နား​ဆုံး​ ​ငြိမ်း​ချမ်း​ရေး​ ​ဖန်​တီး​သူ​တစ်ဦး​ဖြစ်​ကြောင်း​ ​အ​မေ​ရိ​ကန်​ ​သ​မ္မ​တ​က​ ​ပြော​ဆို​သွား​သည်​။

​ အို​ဘား​မား​က​ ​တူး​တူး​သည်​ ​ခေတ်​သစ်​ ​ တောင်​အာ​ဖ​ရိ​က​နိုင်ငံ​ကို​ ​တည်​ထောင်​ရန်​ ​အ​ဓိ​က​စွမ်း​ဆောင်​ပေး​သည့်​ ​ဗိ​သု​ကာ​လည်း​ဖြစ်​ကြောင်း​ ​မှတ်​ချက်​ပြု​ခံ​သည်​။​ ​တူး​တူး​သည်​ HIV/AIDS​ ​တိုက်​ဖျက်​ရေး​ ​လုပ်ငန်း​များ​တွင်​ ​အား​တက်​ သရော​ ​ဆောင်​ရွက်​ခဲ့​ပြီး​ ​တစ်​ဖက်​မှ​လည်း​ Gay ​များ​၊​ Lesbian​ ​များ​၊​ ​လိင်​တူ​ ဆက်​ဆံ​သူ​များ​၊​ လိင်​ပြောင်း​လဲ​ ​ခွဲ​စိတ်​မှု​ ​ခံ​ယူ​ထား​သူ​များ​၏​ အ​ခွင့်​အ​ရေး​ အ​တွက်​ ​မား​မား​မတ်​မတ်​ ​ဆောင်​ရွက်​ခဲ့​သည်​။​ ၎င်း​သည်​ ​အ​ကြမ်း​မ​ဖက်​ ​ငြိမ်း​ချမ်း​ရေး​ ​ဆောင်​ရွက်​မှု​များ​ကြောင့်​ ​၁၉၈၄​ ​ခု​နှစ်​က​ ​ငြိမ်း​ချ​မး်​ရေး​ ​နို​ဘယ်​ဆု​ကို​ ​ပေး​အပ်​ချီး​မြှင့်​ခြင်း​ ​ခံ​ခဲ့​ရ​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here