သံ​ဓာတ်​သည်​​ အယ်​ဇိုင်း​မား​ဖြစ်​ပွား​စေ​သည့်​​ အ​ကြောင်း​ရင်းတစ်​ခု​ဟု​​ ယူ​ဆ​နိုင်

alt

သံ​ဓာတ်​သည်​​ အယ်​ဇိုင်း​မား​ရော​ဂါ​​ ဖြစ်​ပွား​စေ​သည့်​ ​အ​ကြောင်း​ရင်း​များ​အ​နက်​ ​တစ်​ခု​ဟု​ ​ယူ​ဆ​နိုင်​ကြောင်း​ ​သု​တေ​သီ​များ​က​ ​သုံး​သပ်​ပြော​ကြား​ခဲ့​သည်​။​ ​

အ​မေ​ရိ​ကန်​နိုင်ငံ​၊​ ​ဘော်​စ​တွန်​မြို့​ရှိ​ ​မက်​ဆာ​ချူး​ဆက်​ ​တ​က္က​သိုလ်​မှ​ ​ဒေါက်​တာ​ဂျက်​ရော်​ဂျာ​က​ ​သံ​ဓာတ်​နှင့်​ ဦး​နှောက်​တွင်​ ​စွမ်း​အင်​ယုတ်​လျော့​မှု​များ​မှာ​ ​တိုက်​ရိုက်​အ​ချို့​ကျ​နေ​သည်​ဟု​ ​ယူ​ဆ​ရ​ကြောင်း​ ​သုံး​သပ်​ခဲ့​သည်​။​ ​အ​သက်​အ​ရွယ်​ ​ကြီး​ရင့်​လာ​ချိန်​တွင်​ ​ခ​န္ဓာ​ကိုယ်​အ​တွင်း​ ​သံ​ဓာတ်​လွန်​ကဲ​စွာ​ ​ရှိ​နေ​ခြင်း​က​ ​အယ်​ဇိုင်း​မား​ရော​ဂါ​ ​ဖြစ်​ပေါ်​စေ​ရန်​ ​တွန်း​အား​ပေး​ကြောင်း​ ​ယူ​ဆ​ရ​သည့်​ ​အ​ထောက်​အ​ထား​များ​ကို​ ​တွေ့​ရှိ​ရ​ကြောင်း​ ​ဒေ​ါက်​တာ​ရော်​ဂျာ​က​ ​ဇီ​ဝ​ဓာ​တု​ ​ဆေး​ပ​ညာ​ဂျာ​နယ်​တွင်​ ​ရေး​သား​ဖော်​ပြ​ခဲ့​သည်​။​

​သံ​ဓာတ်​အ​လွန်​ ​များ​ပြား​လာ​ပါ​က​ ​အ​ယ်​ဇိုင်း​မား​ကို​ ​ဖြစ်​ပေါ်​စေ​သည့်​ ​အ​မိုင်​လွိုက်​ဓာတ်​ပေါင်း​ ​ဖြစ်​ပေါ်​လာ​စေ​သည့်​ ​ပ​ရို​တိန်း​ဓာတ်​ကို​ ​တိုး​ပွား​အောင်​ ​လှုံ့​ဆော်​ပေး​တတ်​ကြောင်း​ ​ဒေါက်​တာ​ရော​ဂျာ​က​ ​ရှင်း​ပြ​ခဲ့​သည်​။​ ​ဒေါက်​တာ​ရော်​ဂျာ​က​ ဦး​နှောက်​အ​တွင်း​ ​သံ​ဓာတ်​တိုး​ပွား​မှု​ကို​ ​ထိန်း​ညှိ​ပေး​သည့်​ messenger​ RNA​​ ကဲ့​သို့​ DNA​ ​မှ​ ​ရိုင်​ဘို​ဆုန်း​အ​ဖြစ်​ ​အ​သွင်​ပြောင်း​သွား​သည့်​ ​ဓာတ်​သ​ဘာ​ဝ​များ​ ​အ​ကြောင်း​ကို​လည်း​ ​အ​ဆို​ပါ​ ​ဂျာ​နယ်​အ​တွင်း​ ​ထည့်​သွင်း​ရေး​သား​ ​ဖော်​ပြ​ထား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here