လင်း​ပိုင်ငါး​များ​​ အ​စု​လိုက်​အ​ပြံု​လိုက်​​ သတ်​ဖြတ်​ခံ​နေရ​ဆဲ

alt

The​ Cove​ ​ဇာတ်​ကား​သည်​ ဂျ​ပန်​နိုင်ငံ​အ​တွင်း​​ လင်း​ပိုင်ငါး​များ​ကို​​ ရက်​ရက်​စက်​စက်​ ​အ​စု​လိုက်​အ​ပြံု​လိုက်​​ သတ်​ဖြတ်​နေ​မှု​များ​အား​​ ပီ​ပြင်​စွာ​ ​မှတ်​တမ်း​တင်​ရိုက်​ကူး​ခဲ့​သ​ဖြင့်​ ​အော်​စ​ကာ​ဆု​ ​ရ​ရှိ​ခဲ့​သ​လို​ တစ်​က​မ္ဘာ​လုံး​ကလည်း​ ​အ​ဆို​ပါ​ ​ရေ​နေ​သ​တ္တ​ဝါ​များ​အ​ပေါ်​ ​လူ​သား​တို့​၏​ ​လုပ်​ရပ်​နှင့်​ ​ပတ်​သက်​ပြီး​ ​မျက်​ဝါးထင်​ထင်​ ​သိ​မြင်​လာ​ကြ​သည်​။​

​ယင်း​အ​တွက်​ ​ကန့်​ကွက်​မှု​များ​ ​ထွက်​ပေါ်​လာသည့်​တိုင်​ ​အ​ရိုင်း​ဆန်​ဆန်​ ​အ​စု​လိုက်​အ​ပြံု​လိုက်​ ​သတ်​ဖြတ်​မှု​များ​သည်​ ​ယ​ခု​တိုင်​ ရှိ​နေ​ဆဲ​ဖြစ်​သည်​။​ ​ဒိန်း​မတ်​နိုင်ငံ​က​ ​ထိန်း​ချုပ်​ထား​သည့်​ ​ဖာ​ရိုး​ကျွန်း​စု​တွင်​ ​လင်း​ပိုင်​များ​အား​ ​သတ်​ ဖြတ်​ထား​သည့်​ ​သွေး​အ​လူး​လူး​ ​မြင်​ကွင်း​ကို​ www.protecttheocean.com​​ က​ ဓာတ်​ပုံ​များ​ဖြင့်​ ​ဖော်​ပြ​ခဲ့​သည်​။​ ​ဖာ​ရိုး​ကျွန်း​စု​တွင်​ ​ယင်း​ရေ​နေ​နို့​တိုက်​သ​တ္တ​ဝါ​များ​ကို​ ​စား​သောက်​ရန်​အ​တွက်​ ​သတ်​ ဖြတ်​ခြင်း​ဖြစ်​သည်​။​

​လင်း​ပိုင်​များ​ကို​ ​သတ်​ပစ်​ပြီး​ ​အ​သား​ဖျက်​ယူ​နေ​ခြင်း​ကို​ ​ပျော်​ပျော်​ရွှင်​ရွှင်​ပင်​ ​ပြု​လုပ်​နေ​ပြီး​ ​ယင်း​အ​တွက်​ ​ခံ​စား​ရ​ခြင်း​မျိုး​ ​မ​ရှိ​ကြ​သ​လို​ ​ပေါ်​ပေါ်​ထင်​ထင်​ပင်​ ​ဆောင်​ရွက်​နေ​ကြ​ ကြောင်း​ ​ဝက်​ဆိုက်​တွင်​ ​ဖော်​ပြ​ထား​သည်​။​​ ​အ​ဆို​ပါ​ ​ဝက်​ဆိုက်​က​ပင်​ ​လင်း​ပိုင်​များ​၏​ အ​သား​သည်​ ​အ​ဆိပ်​အ​တောက်​ ​ဖြစ်​တတ်​ပြီး​ ​မ​စား​သင့်​ဟု​လည်း​ ​ရေး​သား​ထား​သည်​။

​ ​ဂျ​ပန်​တွင်​ ​လင်း​ပိုင်​ သား​စား​သူ​များ​၏​ ​သွေး​ထဲ​တွင်​ ​ခဲ​ဓာတ်​များ​ ​လွန်​ကဲ​နေ​တတ်​ပြီး​ ​မွေး​ဖွား​လာ​သည့်​ ​က​လေး​များ​ကို​ ​ထိ​ခိုက်​မှု​ ​ရှိ​တတ်​ကြောင်း​ ​သိ​ရ​သည်​။​ လင်း​ပိုင်​များ​သည်​ ​အ​သတ်​ခံ​ရ​မည့်​ ​အ​ရေး​အ​တွက်​ ​ ကြောက်​လန့်​လွန်း​သော​ကြောင့်​ ​လူသား​က​လေးငယ်​များ​ကဲ့​သို့​ ​အော်​မြည်​နေ​ကြောင်း​လည်း​ ​ဝက်​ဆိုက်​က​ ​ရေး​သား​ဖော်​ပြ​ထား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here