Microsoft​​ က​ ဝယ်​ယူ​မည့်​​ သ​တင်း​များ​ကြောင့်​ Adobe​ ​ရှယ်​ယာ​ေ​ဈး​များ​ထိုး​တက်​သွား

alt

Microsoft​​ က​ ​ဝယ်​ယူ​မည်​ဟု​​ သ​တင်း​များ​ ​ထွက်​ပေါ်​လာ​ပြီး​နောက်​ Adobe​​ ၏​ ​ရှယ်​ယာ​ေ​ဈး​များ​​ ထိုး​တက်​သွား​ကြောင်း​​ သိ​ရ​သည်​။​ Microsoft​​ ၏​ CEO​ ​ဖြစ်​သူ​​ စ​တိ​ဘော​မား​သည်​ Adobe​​ အား​​ ဝယ်​ယူ​ရေး​အ​တွက်​ ​ဆွေး​နွေး​မှု​များ​​ ပြု​လုပ်​နေ​ကြောင်း​​ အောက်​တို​ဘာ​ ​၇​ ​ရက်​နေ့​က​ ​သ​တင်း​များ​ ​ထွက်​ပေါ်​လာ​ခဲ့​သည်​။​

​န​ယူး​ယောက်​တိုင်း​ ​သ​တင်း​စာ​က​ ​ဘော​မား​ သည်​ Adobe​​ ၏​ CEO​ ​ရှန်​တာ​နူ​နာ​ရာ​ယန်း​နှင့်​ ​တွေ့​ဆုံ​ကာ​ Apple​​ က​ ​ကြီး​စိုး​ထား​သည့်​ ​မို​ဘိုင်း​ဖုန်း​ ​လော​က​တွင်​ Adobe​ ​နှင့်​ Microsoft​​ တို့​ ​ပူး​ပေါင်း​ကာ​ iPhone​​ အား​ ​တုန့်​ပြန်​ရေး​ ​ကိ​စ္စ​အ​ တွက်​ ​ဆွေး​နွေး​ခဲ့​ကြောင်း​ ​ဖော်​ပြ​ခဲ့​သည်​။​ ​ထို့​အ​ပြင်​ Microsoft​​ အ​နေ​နှင့်​ Adobe​အား​ ​ဝယ်​ယူ​ရန်​ ​ကိ​စ္စ​နှင့်​ ​ပတ်​သက်​ပြီး​လည်း​ ​ဘော​မား​က​ ​စုံ​စမ်း​မှု​များ​ ​ပြု​လပ်​ခဲ့​ကြောင်း​ ​သ​တင်း​စာ​တွင်​ ​ရေး​ သား​ထား​သည်​။​ ​ယင်း​ကိ​စ္စ​နှင့်​ ​ပတ်​သက်​ပြီး​ ​က​မ္ဘာ​ကျော်​ Software​ ​ကု​မ္ပ​ဏီ​ကြီး​ဖြစ်​သည့်​ Microsoft​​ က​ တ​စုံ​တ​ရာ​ ​မှတ်​ချက်​မ​ပေး​သေး​ချေ​။

​ Adobe​​ သည်​ ​ကယ်​လီ​ဖိုး​နီး​ယား​ရှိ​ ​ဆန်​ဂျို့စ်​တွင်​ ​အ​ ခြေ​စိုက်​ပြီး​ ​က​မ္ဘာ​ကျော်​ Software​ ​များ​ဖြစ်​သည့်​ Photoshop​၊​ Flash​ ​စ​သည်​တို့​ကို​ ​ထုတ်​လုပ်​ခဲ့​သည်​။​ ​ေ​ဈး​ကွက်​တန်​ဖိုး​အ​ရ​ ​အ​လုပ်​သ​မား​ပေါင်း​ ​၈၀၀၀​ ​ကျော်​ရှိ​သော​ ​နည်း​ပ​ညာ​ကု​မ္ပ​ဏီ​ကြီး​၏​ ​တန်​ဖိုး​မှာ​ ​ဒေါ်​လာ​ ​၇​ ​ဘီ​လျံ​ကျော်​ထိ​ ​ရှိ​နေ​ကြောင်း​လည်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here