ဒု​တိ​ယ​က​မ္ဘာ​စစ်​အ​တွင်း​ ဂျ​ပန်​တို့​​ လူ​သား​စား​သုံး​ခဲ့​​ကြ

alt

ဒု​တိ​ယ​က​မ္ဘာ​စစ်​အ​တွင်း​ ​ကို​ရီး​ယား​တို့​အ​ပေါ်​ ​ဂျ​ပန်​တို့​က​ ​ကျူး​လွန်​ခဲ့​သည့်​ ​စစ်​ရာ​ဇ​ဝတ်​မှု​များ​အား​ ​ဖော်​ထုတ်​လေ့​လာ​နေ​သည့်​ ​တောင်​ကို​ရီး​ယား​ ​ကော်​မ​ရှင်​က​ ဂျ​ပန်​စစ်​သည်​တို့​သည်​ ​ကို​ရီး​ယား​တို့​၏​ ​အ​သား​ကို​ ​စား​သောက်​ခဲ့​ကြောင်း​ ​ကြေ​ညာ​သွား​သည်​။

​ ​ကို​ရီး​ယား​ကျွန်း​ဆွယ်​ ​မြောက်​ပိုင်း​ရှိ​ ​စစ်​စ​ခန်း​တစ်​ခု​တွင်​ ​ချွေး​တပ်​ဆွဲ​ထား​သော​ ​ကို​ရီး​ယား​တို့​အား​ ​သတ်​ဖြတ်​ကာ​ ​ဂျ​ပန်​တို့​က​ ​လူ​သား​စား​ခဲ့​သ​လို​ ​အ​ခြား​သော​ ​ကို​ရီး​ယား​ ​လူ​မျိုး​များ​ကို​လည်း​ ​ယင်း​အ​သား​ကို​ ​ဝေ​လငါး​သား​ဟု​ ​ညာ​ကာ​ ​ကျွေး​မွေး​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​ ​ထို​အ​ချိန်​က​ ​ယင်း​စစ်​စခန်း​ ​တည်​ရှိ​ရာ​ ​မာ​ရှယ်​ကျွန်း​ကို​ ​ အ​မေ​ရိ​ကန်​စစ်​တပ်​က​ ​အ​ဖက်​ဖက်​မှ​ ​ဝန်း​ရံ​ပိတ်​ဆို့​ထား​သ​ဖြင့်​ ​အ​စာ​ရေ​စာ​ ​ပြတ်​လပ်​နေ​ချိန်​ဖြစ်​သည်​။​ ​ထို​အ​တော​အ​တွင်း​ ​အ​လုပ်​သ​မား​အ​ချို့​ ​ပျောက်​သွား​သည်​ကို​ ​ဘ​ဝ​တူ​ ​ကို​ရီး​ယား​တို့​ ​သ​တိ​ထား​မိ​သော်​လည်း​ ​နောက်​ပိုင်း​တွင်​ ​တော​နက်​တစ်​နေ​ရာ​မှ​ ​အ​သား​လှီး​ဖြတ်​ယူ​ထား​သော​ ​အ​လောင်း​များ​ကို​ ​တွေ့​ရှိ​လာ​ပြီး​နောက်​ ​ယင်း​အ​သား​များ​သည်​ ​မိ​မိ​တို့​အား​ ​ဂျ​ပန်​တို့​ ​ကျွေး​ခဲ့​သည့်​အ​သား​များ​မှန်း​ ​သိ​ရှိ​လာ​ခဲ့​သည်​။​ ​ထို​ကိ​စ္စ​ကို​ ​မ​ခံ​နိုင်​သ​ဖြင့်​ ​ပုန်​ကန်​သော​ ​ကို​ရီး​ယား​ ​အ​ကျဥ်း​သား​ (​၁၀၀)​ကျော်​ကို​လည်း​ ​ဂျ​ပန်​တို့​က​ ​ပစ်​သတ်​ခဲ့​သည်​။​

၁၉၄၅​ ​ခု​နှစ်​၊​ ​မတ်​လ​ ​၁​ ​ရက်​နေ့​ ​လူ​သတ်​ပွဲ​တွင်​ ​အ​ချို့​သော​ ​ကို​ရီး​ယား​များ​မှ​ ​ပုန်း​ခို​ရှောင်​တိမ်း​ရင်း​ ​လွတ်​မြောက်​လာ​ခဲ့​သည်​။​ ​တောင်​ကို​ရီး​ယား​၏​ ​စစ်​ရာ​ဇ​ဝတ်​မှု​များ​ ​ပြန်​လည်​ဖော်​ထုတ်​ရေး​ ​ကော်​မ​ရှင်​က​ ​ယင်း​အ​ဖြစ်​အ​ပျက်​ကို​ ​ကိုယ်​တိုင်​ကြံု​တွေ့​သူ​ ​အား​လုံး​တို့​ ​သေ​ဆုံး​ကုန်​ပြီ​ ​ဖြစ်​သော်​လည်း​ ​မှတ်​တမ်း​များ​ကို​မူ​ ​ခိုင်​ခိုင်​မာ​မာ​ ​ချန်​ထား​ခဲ့​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ​ထို့​အ​ပြင်​ ​ဂျ​ပန်​တို့​သည်​ ​ကိုယ်​တိုင်​လူ​သား​စား​ရုံ​မျှ​ ​မ​က​ဘဲ​ ​ကို​ရီး​ယား​ ​အ​ချင်း​ချင်း​ကို​လည်း​ ​ဘ​ဝ​တူ​တို့​၏​ ​အ​သား​ကို​ ​စား​မိ​အောင်​ ​လီ​ဆည်​ဖြား​ယောင်း​ခဲ့​ကြောင်း​ ​စွပ်​စွဲ​ချက်​ ​ထုတ်​ပြန်​ခဲ့​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here