သ​မီး​ဖြစ်​သူ​လက်​ထပ်​ရေး​ စ​ကား​များ​ရာ​မှ​ ခင်​ပွန်း​က​ ဇ​နီး​ဖြစ်​သူ​အား​ အုတ်​ခဲ​ဖြင့်​ထု​သတ်

alt

သမီး​ဖြစ်​သူ​၏​ လက်​ထပ်​ရေး​ ကိ​စ္စ​အား​ ​စီ​မံ​ခြင်း​အ​တွက်​ အ​ပြန်​အ​လှန်​ ​စ​ကား​များကြ​ပြီး​နောက်​ ​ခင်​ပွန်း​သည်​က​ ​ဇ​နီး​အား​ ​အုတ်​ခဲ​ဖြင့်​ ​ထု​သတ်​လိုက်​ကြောင်း​ ​သိ​ရ​သည်​။​ ​အီ​တ​လီ​တွင်​ ​နေ​ထိုင်​သည့်​ ​ပါ​က​စ္စ​တန်​ အ​မျိုး​သ​မီး​တစ်ဦး​က​ ​သူ​မ​၏​ ​သ​မီး​ဖြစ်​သူ​အား​ ​

ဖ​ခင်​နှင့်​ ​မောင်တို့​က​ ​အိမ်​ထောင်​ချ​ပေး​ရန်​ ​စီ​စဥ်​နေ​ခြင်း​အ​တွက်​ ​အ​မျိုး​သ​မီး​က​ ​သူ​မ​၏​သ​မီး​ ​စိတ်​တိုင်း​ကျ​ ​ရွေး​ချယ်​ခွင့်​ပေး​ရန်​ ​တောင်း​ဆို​ရာ​မှ​ ​ခင်​ပွန်း​ဖြစ်​သူ​ ​အ​သက်​ ​၅၃​ ​နှစ်​အ​ရွယ်​ ​အာ​မက်​ခန်​ဘတ်​က​ ​အုတ်​ခဲ​ဖြင့်​ ​ထု​သတ်​လိုက်​ခြင်း​ဖြစ်​သည်​။​

​အီ​တ​လီ​နိုင်ငံ​၊​ ​မို​ဒီ​နာ​မြို့​အ​နီး​ရှိ​ ​နို​ဗီ​တွင်​ ​နေ​ထိုင်​သော​ ဆောက်​လုပ်​ရေး​ ​လုပ်​သား​တစ်ဦး​ဖြစ်​သည့်​ အာ​မက်​က​ ​ဇ​နီး​အား​ ​တိုက်​ခိုက်​ခဲ့​သ​လို​ ​အ​သက်​ ​၁၉​ ​နှစ်​ရှိ​ ​သား​ဖြစ်​သူ​ ​အူ​မာ​က​လည်း​ ၎င်း​၏​အစ်​မ​အား​ ​ရန်​ပြု​ခဲ့​ရာ​ ​အ​သက်​ ​၂၀​ ​အ​ရွယ်​ ​နို​ရှင်း​ဘတ်​သည်​ ​ဖူး​ယောင်​ဒဏ်​ရာ​များ​ ​ရ​ရှိ​ပြီး​ ​လက်​မောင်း​တစ်​ဖက်​လည်း​ ​ကျိုး​သွား​သည်​။​ ​အ​စိုး​ရ​ ​ရှေ့​နေ​များ​က​ ​အာ​မက်​အား​ ​လူ​သတ်​မှု​၊​ ​အူ​မာ​အား​ ​တစ်​ဖက်​သား​ကို​ ​ထိ​ခိုက်​နာ​ကျင်​စေ​မှု​ဖြင့်​ ​တ​ရား​စွဲ​ဆို​ထား​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​

​မိ​ခင်​နှင့်​ ​သ​မီး​တို့​က​ ​လက်​ထပ်​ရန်​ ​စီ​စဥ်​မှု​ကို​ ​ဆန့်​ကျင်​သည့်​အ​တွက်​ ​အာ​မက်​တို့​ ​သား​အ​ဖ​က​ ​ရိုး​ရာ​အ​စဥ်​အ​လာ​ကို​ ​ဖောက်​ဖျက်​ကြောင်း​ ​စွပ်​စွဲ​ကာ​ ​ရက်​ရက်​စက်​စက်​ ​ပြု​မူ​ခဲ့​ခြင်း​ဖြစ်​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here