စွပ်​စွဲ​ချက်​များ​အား​​ ငြင်း​ဆိုခဲ့​သည့်​​ ဆော်​ဒီ​​ ​မင်း​သား​ဘင်​နာ​ဆာ

alt

ဆော်​ဒီ​အာ​ရေ​ဗျ​နိုင်ငံ​ ​တော်​ဝင်မိ​သား​စု​မှ​ Gay ​တစ်ဦး​ဖြစ်​သည့်​ ​မင်း​သား​တစ်​ပါး​သည်​ ၎င်း​၏​ ​အ​စေ​အ​ပါး​ ​အ​မျိုး​သား​အား​ ​လိင်​ဆက်​ဆံ​နေ​စဥ်​ လည်​ပင်း​ညှစ်​သတ်​ခဲ့​ကြောင်း​ ​သိ​ရသည်​။​ ​ အ​သက်​ ​၃၄​ ​နှစ်​အ​ရွယ်​ ​ဆော့​ဘင်​အက်​ဘ​ဒူ​လိုင်​ဇစ်​ ​ဘင်​နာ​ဆာ​က​ ဗြိတိန်​နိုင်ငံ​၊​ ​လန်​ဒန်​မြို့​ရှိ​ ​ဟို​တယ်​ခန်း​ ​တစ်​ခု​အ​တွင်း​ ​

အ​စေ​အ​ပါး​ဖြစ်​သော​ ​၃၂​ ​နှစ်​အ​ရွယ်​ ဘန်​ဒါ​အက်​ဘ​ဒူ​လာ​ ​အက်​ဘ​ဒူ​လာ​ဇစ်​အား​ ​သတ်​ဖြတ်​ခဲ့​သည်​ဆို​သော​ ​စွပ်​စွဲ​ချက်​အား​ ​ငြင်း​ဆန်​ထား​သည်​။​

​သို့​သော်​လည်း​ ​အ​စိုး​ရ​ရှေ့​နေ​ ​ဂျို​န​သန်​လိတ်​လေ​က​ ​ဘင်​နာ​ဆာ​သည်​ ​အက်​ဘ​ဒူ​လာ​ဇစ်​အား​ ​သတ်​ဖြတ်​ကြောင်း​ ​က​နဦး​တွင်​ ​ဝန်​ခံ​ခဲ့​ကြောင်း​ ​ပြောကြား​သွား​သည်​။​ ​လိတ်​လော​က​ ​အ​သတ်​ခံ​ရ​သူ​သည်​ ​အိပ်​ခန်း​ထဲ​တွင်​ ​လည်​ပင်း​ညှစ်​ခံ​ထား​ရ​သ​လို​ ​ရိုက်​နှက်​နှိပ်​စက်​မှု​လည်း​ ​ခံ​ထား​ရ​ကြောင်း​၊​ ​ထို​အ​ခန်း​သည်​ ​မင်း​သား​နှင့်​ ၎င်း​တို့​အတူ​နေ​သော​ ​အ​ခန်း​လည်း​ဖြစ်​ကြောင်း​ ​ပြော​ဆို​ခဲ့​သည်​။​ ​ထို့​အ​ပြင်​ ​ဇန်​န​ဝါ​ရီ​လ​အ​တွင်း​က​ ​အ​ဆို​ပါ ဟို​တယ်​၏​ ​လုံ​ခြံု​ရေး​ ​ကင်​မ​ရာ​က​ ​ဓာတ်​လှေ​ခါး​ထဲ​တွင်​ ​ဘင်​နာ​ဆာ​က​ ​အက်​ဘ​ဒူ​လာ​ဇစ်​အား​ ​ရိုက်​နှက်​နေ​ပုံ​ကို​လည်း​ ​မှတ်​တမ်း​တင်​နိုင်​ခဲ့​ဖူး​သည်​။​

ဘင်​နာ​ဆာ​က​ ​မိ​မိ​တို့​နှစ်ဦး​သည်​ ​မိတ်​ဆွေ​များ​ ​ဖြစ်​ကြ​ပြီး​ ​လိင်​တူ​ဆက်​ဆံ​ခြင်း​ ​မ​ရှိ​ကြောင်း​ ​ငြင်း​ပယ်​ထား​သော်​လည်း​ ​အ​စိုး​ရ​ ​ရှေ့​နေ​များ​က​မူ​ ​သက်​သေ​အ​ထောက်​အ​ထား​များ​အ​ရ​ ​ယင်း​တို့​နှစ်ဦး​သည်​ ​လိင်​တူ​ဆက်​ဆံ​ခဲ့​ကြာင်း​ ​အ​ခိုင်​အ​မာ​ ​ပြော​ဆို​ထား​သည်​။​ မင်း​သား​ဘင်​နာ​ဆာ​သည်​ ​တ​ရား​ရုံး​တွင်​ ​ကြား​နာ​စစ်​ဆေး​မှု​ကို​ ​ခံ​ယူ​ခဲ့​သော်​လည်း​ ၎င်း​အ​နေ​နှင့်​ ​အ​စေ​ခံ​အား​ ထိ​ပါး​ရိုက်​နှက်​ခဲ့​မှု​ ​မ​ရှိ​ကြောင်း​ ​တွင်​တွင်​ငြင်း​ဆန်​သွား​ခဲ့​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here