ငွေ​ကြေး​သယ်​ဆောင်​လာ​သည့်​​ ​သံ​ချပ်​ကာ​ယာဥ်​မှ​​ ​ပိုက်​ဆံ​များထွက်​ကျ​သ​ဖြင့်​​ ​အ​လု​အ​ယက်​လိုက်​ကောက်​ကြ

alt

အ​မေ​ရိ​ကန်​နိုင်ငံ​တွင်​​ ​ငွေ​ကြေး​များ​ ​တင်​ဆောင်​လာ​သည့်​​ ​သံ​ချပ်​ကာ​ကား​တစ်​စင်း​မှ​ ​ပိုက်​ဆံ​များ​ ​ထွက်​ကျ​ခဲ့​ရာ​ ​လူ​အ​များ​ ​အ​လု​အ​ယက်​ ​လိုက်​ကောက်​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​ ​အောက်​တို​ဘာ​ ​၆​ ​ရက်​နေ့​တွင်​ ​အင်​ဒီ​ယာ​ပိုး​လစ်​​ ​မြို့​အ​တွင်း​ ​မောင်း​နှင်​လာ​သည့်​ ​သံ​ချပ်​ကာ​ကား​ ​နောက်​တံ​ခါး​ ​ပွင့်​ထွက်​သွား​ရာ​ ​ပိုက်​ဆံ​ထုပ်(​၃)​ထုပ်​ ​လမ်း​မ​ပေါ်​ ​ကျ​သွား​ခဲ့​သည်​။​

​နောက်​မှ​လိုက်​လာ​သော​ ​ကား​တစ်​စင်း​သည်​ ​အ​ရှိန်​မ​ထိန်း​နိုင်​ဘဲ​ ​ပိုက်​ဆံ​ထုပ်​ ​တစ်​ထုပ်​ကို​ ​ဝင်တိုက်​မိ​ပြီး​နောက်​ ​လေ​ထဲ​တွင်​ ​ငွေ​စ​က္ကူ​များ​ ​လွင့်​ပျံ​ကုန်​တော့​သည်​။​ ​မျက်​မြင်​များ​၏​ ​အ​ဆို​အ​ရ​ ​အ​နည်း​ဆုံး​ ​လူ​ ​၁၀​ ဦး​ခန့်​သည်​ ​ယာဥ်​ကြော​ရှုပ်​ထွေး​နေ​မှု​ကို​ပင်​ ​ဂ​ရု​မ​စိုက်​အား​ဘဲ​ ​လမ်း​ပေါ်​ပြေး​တက်​ကာ​ ​ပိုက်​ဆံ​များ​ ​ကောက်​ယူ​ခံ​ကြောင်း​ ​သိ​ရ​သည်​။​ ​အ​ခြား​ ​၂​ ဦး​က​မူ​ ​သံ​ချပ်​ကာ​ကား​တွင်​ ​အ​စောင့်​လိုက်​ပါ​လာ​သူ​နှင့်​အ​တူ​ ​ရဲ​များ​မ​ရောက်​လာ​မီ​အ​ထိ​ ​အ​ခြား​သူ​များ​ ​လု​ယက်​ယူငင်​နေ​ခြင်း​အား​ ​အ​တတ်​နိုင်​ဆုံး​ ​ကာ​ကွယ်​ဟန့်​တား​ခဲ့​သည်​။​

​ရဲ​များ​ရောက်​လာ​ချိန်​တွင်​ ​ထို​နေ​ရာ​ကို​ ​ရှင်း​လင်း​ပြီး​ ​ပိုက်​ဆံ​များ​ ​ပြန်​လည်​ကောက်​ယူ​ ​စု​ဆောင်း​ခဲ့​သော်​လည်း​ ​ငွေ​ပ​မာ​ဏ​ ​မည်​မျှ​ထိ​ ​ပျောက်​ဆုံး​သွား​သည်​ကို​ ​တိ​တိ​ကျ​ကျ​ ​မ​သိ​ရ​သေး​ကြောင်း​ ​သ​တင်း​များ​က​ ​ဖော်​ပြ​ခဲ့​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here