တိုင်း​စ​ကွဲ​တွင်​​ ​ဗုံး​ထောင်​ခဲ့​သူ​အား​​ ​ ထောင်​ဒဏ်​တစ်​သက်​​ ​ချ​မှတ်​လိုက်

alt

တိုင်း​စ​ကွဲ​တွင်​​ ​ဗုံး​ထောင်​ခဲ့​သူ​အား​​ ​ထောင်​ဒဏ်​တစ်​သက်​ ​ချ​မှတ်​လိုက်​ပြီ​ဖြစ်​သည်​။​ ​ဖေ​ဆယ်​ရှာ​ဇက်​သည်​ ​မေ​လ​ ​၁​ ​ရက်​နေ့​က​ ​အ​မေ​ရိ​ကန်​နိုင်ငံ​၊​ ​န​ယူး​ယောက်​မြို့​ရှိ​ ​လူ​စည်​ကား​ရာ​ ​နေ​ရာ​တွင်​ ​ကား​ဗုံး​တစ်​လုံး​ ​ထောင်​ထား​ခဲ့​သော်​လည်း​ ​မ​ပေါက်​ကွဲ​ခဲ့​ချေ​။​

​ယင်း​အား​ ​နောက်​နှစ်​ရက်​အ​ကြာ​တွင်​ ​ဒူ​ဘိုင်း​သို့​ ​ပျံ​သန်း​ထွက်​ခွာ​မည့်​ ​လေ​ယာဥ်​ပေါ်​မှ​ ​ဖမ်း​ဆီး​နိုင်​ခံ​သည်​။​ ​အ​သက်​ ​၃၁​ ​နှစ်​ရှိ​ ​ပါ​က​စ္စ​တန်​ဖွား​ ​အ​မေ​ရိ​ကန်​ ​နိုင်ငံ​သား​သည်​ ​ပြစ်​ဒဏ်​ကို​ ​ခပ်​လှောင်​လှောင်​ ​အ​ပြံုး​နှင့်​ ​ခံ​ယူ​ခဲ့​ပြီး​ ​တ​ရား​သူ​ကြီး​အား​ ​ယင်း​၏​လုပ်​ရပ်​သ​ည်​ ​မွတ်​ဆ​လင်​တို့​၏​ ​အ​မေ​ရိ​ကန်​အ​ပေါ်​ ​ဆင်​နွှဲ​မည့်​ ​စစ်​ပွဲ​တွင်​ ​အ​စ​သာ​ ​ရှိ​သေး​ကြောင်း​ ​ပြော​ကြား​သွား​သည်​။​ ​ရှာ​ဇက်သည်​ Nissan Pathfinder​ ​အ​မျိုး​အ​စား​ ​မော်​တော်​ကား​ ​တစ်​စင်း​ပေါ်​တွင်​ ​ကား​ဗုံး​ထောင်​ကာ​ ​တိုင်း​စ​ကွဲ​အ​နီး​ ​ရပ်​တံ့​ထား​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​သို့​သော်​လည်း​ ​ကား​အ​တွင်း​မှ​ ​မီး​ခိုး​များ​ ​ထွက်​လာ​သည်​ကို​ ​အ​နီး​ရှိ​လူ​တစ်ဦး​က​ ​တွေ့​ခဲ့​ပြီး​ ​ရဲထံ​ ​အ​ကြောင်း​ကြား​ခဲ့​ရာ ​ဗုံး​ကို​ ​တွေ့​ရှိ​ပြီး​ ​အောင်​မြင်​စွာ​ ​ဖယ်​ရှား​နိုင်​ခဲ့​သည်​။

​ ​ရှာ​ဇက်​သည်​ ​ယင်း​လုပ်ငန်း​အ​တွက်​ ​ပါ​က​စ္စ​တန်​ရှိ​ ​တာ​လီ​ဘန်​ ​အ​ကြမ်း​ဖက်​ ​အ​ဖွဲ့​များ​ထံ​မှ​ ​ငွေ​ကြေး​ထောက်​ပံ့​မှု​ ​ရ​ယူ​နိုင်​ခဲ့​ကြောင်း​ ​တ​ရား​ရုံး​တွင်​ ​ဝန်​ခံ​ခဲ့​သည်​။​ ၎င်း​ကိုယ်​ကိုယ်​ ​မွတ်​ဆ​လင်​ ​စစ်​သည်​တော်​ဟု​ ​ပြော​ကြား​ခဲ့​သည့်​ ​ရှာ​ဇက်​က​ ​အ​မေ​ရိ​ကန်​၏​ ​မွတ်​ဆ​လင်​ ​နိုင်ငံ​များ​အ​ပေါ်​ ​အ​နိုင်​ကျင့်​ ​ယုတ်​မာ​မှု​ကို​ ​တုန့်​ပြန်​ရန်​ ​နောက်​ထပ်​လည်း​ ​ကြိုး​ပမ်း​တိုက်​ခိုက်​လာ​မှု​များ​ ​ရှိ​နေ​မည်​ဟု​ ​ခြိမ်း​ခြောက်​ပြော​ဆို​သွား​သည်​။​ ယင်း​အား​ ​အ​ကြမ်း​ဖက်​မှု​၊​ ​ဗုံး​ထောင်​မှု​၊​ ​တ​ရား​မ​ဝင် ​ဖောက်​ခွဲ​ရေး​ပ​စ္စည်း​များ​ ​ကိုင်​ဆောင်​မှု​၊​ ​လူ​အ​များ​အ​ပြား​ ​သေ​ကြေ​အောင်​ ​ကြံ​ဆောင်​မှု​ ​စ​သည်​တို့​အ​တွက်​ ​ဖမ်း​ဆီး​စွဲ​ချက်​တင်​ခဲ့​ခြင်း​ဖြစ်​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here