အ​မေ​ရိ​ကန်​ဆယ်​ကျော်​သက်​များ​ ကွန်​ဒုံး​သုံး​စွဲ​မှု​ ပို​မို​များ​ပြား

alt

အ​မေ​ရိ​ကန်​တွင်​ လူငယ်​ဆယ်​ကျော်​သက်​များ​သည်​ အ​သက်​အ​ရွယ်​ ​ကြီး​ရင့်​သူ​များ​ထက်​ ကွန်​ဒုံး​သုံး​စွဲ​မှု​ ပို​မို​များ​ပြား​ကြောင်း​ လေ့​လာ​မှု​ ​စစ်​တမ်း​အ​သစ်​ တစ်​ခု​က​ ​ဖော်​ပြ​ထား​သည်​။​ အင်ဒီ​ယား​နား​ ​တ​က္က​သိုလ်​က​ ပြု​လုပ်​သည့်​ ​အ​မေ​ရိ​ကန်​တို့​၏​ လိင်​မှု​အ​လေ့​အ​ထ​များ​ စစ်​တမ်း​အ​ရ​ ​အ​သက်​ ၁၈​ ​နှစ်​အောက်​ ​ယောက်ျား​လေး​ ၈၀​ ​ရာ​ခိုင်​နှုန်း​ကျော်​နှင့်​

မိန်း​က​လေး​ ​၆၀​ ရာ​ခိုင်​နှုန်း​ကျော်​တို့​သည်​ ကွန်​ဒုံး​သုံး​စွဲ​လေ့​ ရှိ​နေ​ကြောင်း​ ​သိ​ရ​သည်​။​

ယင်း​သည်​ ​အ​သက်​ကြီး​သူ​များ​ထက်​ ၄​ ​ဆ​နီး​ပါး​ ​ပို​များ​သည့်​ ပ​မာ​ဏ​ဖြစ်​သည်​။​ ​လွန်​ခဲ့​သော​ ဆယ်​စု​နှစ်​ ​၂​ ​ခု​မျှ​အ​တွင်း​ အ​မေ​ရိ​ကန်​တို့​၏​ ​လိင်​မှု​ဘ​ဝ​ကို​ လေ့​လာ​ဖော်​ပြ​ခဲ့​သော​ စစ်​တမ်း​အ​ရ​ ​မြီး​ကောင်​ပေါက်​များ​ကြား​တွင်​ ကွန်​ဒုံး​သုံး​စွဲ​မှု​သည်​ သ​မား​ရိုး​ကျ​ ​ထ​မင်း​စား​ရေ​သောက်​ ​အ​နေ​အ​ထား​မျိုး​ ​ဖြစ်​လာ​ကြောင်း​ ​အင်​ဒီ​ယား​နား​တ​က္က​သိုလ်​ ​ဆေး​ကျောင်း​မှ​ ​ဒေါက်​တာ​ဒင်း​နစ်​ဖော်​တန်​ဘယ်​ရီ​က​ဆို​သည်​။​

ယ​ခု​စစ်​တမ်း​အ​တွက်​ ​လူ​ပေါင်း​ ​၆၀၀၀​ ​ကျော်​၏​ ​လိင်​မှု​ဘ​ဝ​ကို​ ​လေ့​လာ​ခဲ့​ခြင်း​ဖြစ်​ပြီး​ ​ယင်း​တို့​အ​နက်​ ​အ​သက်​ ​၁၄​ ​နှစ်​မှ​ ​၉၄​ ​နှစ်​ထိ​ ​ပါ​ရှိ​သည်​။​ ​ကွန်​ဒုံး​သုံး​စွဲ​ရာ​တွင်​ အ​ဓိ​က​ ​ရည်​ရွယ်​ချက်​သည်​ ​ကိုယ်​ဝန်​မ​ရ​ရန်​ဖြစ်​ကြောင်း​ ​အ​များ​စု​က​ ​ဖြေ​ဆို​ခဲ့​ပြီး​ ​ရော​ဂါ​ကူး​စက်​မှု​ကို​ ​ကာ​ကွယ်​ရန်​ ​ရည်​ရွယ်​သူ​ ​အ​များ​စု​က​ HIV​ ပိုး​ကို​ ​အ​ကြောက်​ဆုံး​ဟု​ ​​ဖြေ​ဆို​ခဲ့​ကြ​သည်​။​

​ဒေါက်​တာ​ဒင်း​နစ်​က​ ​ယ​ခု​စစ်​တမ်း​အ​တွက်​ ​ဖြေ​ဆို​သူ​ ​၆၀၀၀​ ​ကျော်​အ​နက်​ ​၄၀​ ​ရာ​ခိုင်​နှုန်း​သည်​ ​လိင်​မှု​ကိ​စ္စ​တွင်​ ​လိင်​အ​င်္ဂါ​ချင်း​ ​ထိ​တွေ့​မှု​အ​ပြင်​ ​လက်​ဖြင့်​စိတ်​ဖြေ​ခြင်း​၊​ ​ပါး​စပ်​ဖြင့်​ ​လိင်​ဆက်​ဆံ​ခြင်း​စ​သည့်​ ​ပုံ​မှန်​မ​ဟုတ်​ဟု​ ​ယူ​ဆ​နိုင်​သော​ ​နည်း​လမ်း​များ​တွင်​လည်း​ ​ထိ​တွေ့​သာ​ယာ​မှု​ရှိ​ကြောင်း​ ​ဖြေ​ဆို​ခဲ့​သည်​ဟု​ ​ပြော​ကြား​သွား​ခဲ့​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here