အီဂျစ်ဖာရိုဘုရင် ပုံတူရုပ်တု သုတေသနပညာရှင်များ တူးဖော်တွေ့ရှိ

alt

ရှေး​ဟောင်း​လူ​သား​တို့​၏​​ ​ဖြစ်​စဥ်​ကို​ ​လေ့​လာ​နေ​သော​​ ​သု​တေ​သ​န​ ​ပ​ညာ​ရှင်​များ​သည်​​ ​အီ​ဂျစ်​ရှိ​ ဩ​ဇာ​ကြီး​မား​သော​ ​ဖာ​ရို​ဘု​ရင်​ ​တစ်ဦး​၏​ ​ပုံ​တူ​ရုပ်​တု​အား​ ​တူး​ဖော်​တွေ့​ရှိ​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​ ​လွန်​ခဲ့​သော​ ​နှစ်​ပေါင်း​ ​၃၀၀၀​ ​ကျော်​က​ ​စိုး​စံ​ခဲ့​သော​ ​ဘု​ရင်​သည်​ ​နာ​မည်​ကျော်​ ​အီ​ဂျစ်​ဖာ​ရို​ဘု​ရင်​ ​တူ​တန်​ခါ​မန်​၏​ ​အ​ဖိုး​ဖြစ်​နိုင်​ကြောင်း​ ​သု​တေ​သီ​များ​က​ ​ယုံ​ကြည်​ထား​သည်​။​

​အီ​ဂျစ်​ ​ရှေး​ဟောင်း​သု​တေ​သ​န​ဌ​ာနာ​ ​အ​ကြီး​အ​ကဲ​ ​ဇာ​ဟီ​ဟား​ဝက်​က​ ​တောင်​ပိုင်း​မြို့​ ​လူ​ဇာ​ရှိ​ ​အင်​ဟိုး​တပ်​ ​၃​ ​ဘု​ရား​ကျောင်း​ ​အ​နီး​မှ​ပင်​ ​အ​ဆို​ပါ​ ​အင်​ဟိုး​တပ်​ ​၃​ ​ဘု​ရင်​၏​ ​ရုပ်​တု​အား​ ​တွေ့​ရှိ​ခဲ့​ခြင်း​ဟု​ ​ပြော​ကြား​ခဲ့​သည်​။​ ​အီ​ဂျစ်​သ​မိုင်း​တွင်​ ​ဒဏ္ဍာ​ရီ​ဆန်​ဆန်​ ဩ​ဇာ​ကြီး​မား​ ​ထင်​ရှား​ခဲ့​သည့်​ ​ဖာ​ရို​ဘု​ရင်​သည်​ ​၁၃၅၀​ ​ဘီ​စီ​က​ ​အီဂျစ်​အား​ ​အုပ်​ချုပ်​မင်း​လုပ်​ခဲ့​သည်​။​ ​ယင်း​လက်​ထက်​တွင်​ ​အီ​ဂျစ်​နိုင်ငံ​သည်​ ​ဆူ​ဒန်​မြောက်​ပိုင်း​မှ​ ​ဆီး​ရီး​ယား​ထိ​ ​ကျယ်​ပြော​စွာ​ ​တည်​ရှိ​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​

​အင်​ဟိုး​တပ်​ ​၃​ ​၏​ ​မြေး​ဖြစ်​သူ​ ​တူ​တန်​ခါ​မန်​ ​ဘု​ရင်​၏​ ​မမ်​မီ​ရုပ်​အ​လောင်း​ကို​ ​တူး​ဖော်​တွေ့​ရှိ​စဥ်​က​ ​ထူး​ခြား​လှ​သည့်​ ​ကျောက်​မျက်​ရ​တ​နာ​နှင့်​ ​အ​ခြား​သော​ ​ရှေး​ဟောင်း​ပ​စ္စည်း​များ​ပါ​ ​တွေ့​ရှိ​ခဲ့​ရာ​ ​က​မ္ဘာ​ကျော်​ခဲ့​သည်​။​ ​၁၉၂၂​ ​ခု​နှစ်​က​ ​တူး​ဖော်​တွေ့​ရှိ​သော​ ​ဘု​ရင်​လေး​သည်​ ​၁၃၂၄​ ​ဘီ​စီ​က​ ​ဆယ်​ကျော်​သက်​ ​အ​ရွယ်​နှင့်​ပင်​ ​အ​နိ​စ္စ​ ​ရောက်​ခဲ့​ခြင်း​ဟု​ ​သိ​ရ​သည်​။​ ​ယ​ခု​နှစ်​ ​ဖေ​ဖော်​ဝါ​ရီ​လ​က​လည်း​ သု​တေ​သီ​များ​သည်​ နှမ်း​ဖတ်​ကျောက်​နှင့်​ ​ထု​လုပ်​ထား​သော​ ​အင်​ဟိုး​တပ်​ ​၃​ ​၏​ ​ပုံ​တူဦး​ခေါင်း​ ​ရုပ်​တု​ကြီး​ ​တစ်​ခု​အား​ ​တွေ့​ရှိ​ခဲ့​ကြောင်း​ ​သ​တင်း​များ​တွင်​ ​ဖော်​ပြ​ထား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here