Samsung​​ ၏​ Galaxy​ ​စ​မတ်​ဖုန်း​ ​၅​ ​သန်း​ကျော်​ ​ရောင်း​ချ​နိုင်​ခဲ့​

alt

Samsung​ ကု​မ္ပ​ဏီ​က​ ​စ​တင်​ရောင်း​ချ​ပြီး​ ​၄​ ​လ​အ​ကြာ​တွင်​ Galaxy​ ​စ​မတ်​ဖုန်း​ ​အ​လုံး​ရေ​ ​၅​ ​သန်း​ကျော်​ ​ရောင်း​ချ​နိုင်​ခဲ့​ကြောင်း​ ​ကြေ​ညာ​သွား​သည်​။​ ​ဇွန်​လ​က​ ​စ​တင်​ထုတ်​ဝေ​သော​ Galaxy​သည်​ ပြိုင်​ဖက်​ကြီး​ Apple​ ၏​ iPhone​ ကဲ့​သို့​ပင်​ ​အောင်​မြင်​မှု​များ​

​ရ​နေ​ကြောင်း​ ​တောင်​ကို​ရီး​ယား​ ​အ​ခြေ​စိုက်​ ​က​မ္ဘာ့​ဒု​တိ​ယ​အ​ကြီး​ဆုံး​ ​ဖုန်း​ဟန်း​ဆက်​ ​ထုတ်​လုပ်​သည့်​ ​ကု​မ္ပ​ဏီ​ကြီး​ကဆို​သည်​။​

Galaxy​ သည်​ Google​ ထုတ်​ Android​ ကို​ OS ​အ​ဖြစ်​ ​သုံး​စွဲ​ထား​ပြီး​ ​နိုင်ငံ​ပေါင်း​ ​၁၀၀​ ​ကျော်​သို့​ ​ဖြန့်​ကျက်​ရောင်း​ချ​ခဲ့​သ​လို​ ​အ​မေ​ရိ​ကန်​ ​ဆက်​သွယ်​ရေး​နည်း​ပ​ညာ​ ​ကု​မ္ပ​ဏီ​ကြီး​ ၄​ ​ခု​က​လည်း​ ​ထောက်​ပံ့​မှု​ ​ပြု​လုပ်​ပေး​ထား​သည်​။​ Galaxy​ က​ ​၂၀၁ဝ​ ​အ​တွင်း​ ​ကု​မ္ပ​ဏီ​၏​ ​ဖုန်း​အ​လုံး​ရေ​ ​၂၅​ ​သန်း​ပြည့်​ ​ရောင်း​ချ​နိုင်​အောင်​ ​ကူ​ညီ​ပေး​နိုင်​မည်​ဟု​ ​ယုံ​ကြည်​ကြောင်း​ Samsung ​က​ ​ပြော​ကြား​ခဲ့​သည်​။​ ​ယင်း​ပ​မာ​ဏ​သည်​ Nokia​၊​ RIM ​နှင့်​ Apple ​တို့​နောက်​ ​စ​တု​တ္ထ​မြောက်​ ​ဖုန်း​အ​ရောင်း​ရ​ဆုံး​ ​ကု​မ္ပ​ဏီ​အ​ဖြစ်​ ​ရပ်​တည်​ခွင့်​ ​ရ​ရှိ​စေ​မည်​ဖြစ်​သည်​။​ ​

နှိုင်း​ယှဥ်​မှု​များ​အ​ရ​ Galaxy​ သည်​ Samsung ​မှ​ ​ယ​ခင်​ထုတ်​လုပ်​ခဲ့​သော​ ​ဖုန်း​များ​ထက်​ ​ပို​မို​လူ​ကြိုက်​များ​ကြောင်း​လည်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here