ကင်​ဂျံု​အီ​၏​​ ​သား​ဖြစ်​သူ​​ ​မျက်​နှာ​ခွဲ​စိတ်​ပြု​ပြင်​ထား​နိုင်​ဟု​ဆို

alt

ကင်​ဂျံု​အီ​၏​​ ​သားငယ်​သည်​ ​ဖိုး​အေ​ဖြစ်​သူ​နှင့်​တူ​အောင်​​ ​ပ​လပ်​စ​တစ်​ ​ဆာ​ဂျ​ရီ​နည်း​ဖြင့်​​ ​မျက်​နှာ​ခွဲ​စိတ်​ ​ပြု​ပြင်​ထား​နိုင်​ကြောင်း​​ ​တောင်​ကို​ရီး​ယား​ ​ထောက်​လှမ်း​ရေး​က​ ​ပြော​ကြား​ခဲ့သည်​။​ ​ပြီး​ခဲ့​သည့်​ ​သီ​တင်း​ပါတ်​က​ ​ကင်​ဂျံု​အန်း​၏​ ​တ​ရား​ဝင် ​ဓာတ်​ပုံ​များ​ ​ပ​ထ​မ​ဆုံး​အ​ကြိမ်​

​ထွက်​ပေါ်​လာ​ရာ​ ​မြောက်​ကို​ရီး​ယား​ ​နိုင်ငံ​ကို​ ​ထူ​ထောင်​ခဲ့​သူ​ ​ဖိုး​အေ​ကြီး​ ​ကင်​အီ​ဆွန်း​နှင့်​ ​အ​တော်​လေး​ ​ဆင်​တူ​နေ​သည်​ကို​ ​တွေ့​ရ​သည်​။​

​အ​သက်(​၂၇)​နှစ်​ခန့်​ ​ရှိ​မည်​ဟု​ ​ခန့်​မှန်း​ရ​သော​ ​ဂျံု​အန်း​မှာ​ ​ဖ​ခင်​ဖြစ်​သူ​ထံ​မှ​ ​မြောက်​ကို​ရီး​ယား​ ​အ​ဓိ​ပ​တိ​ ​ရာ​ထူး​ကို​ ​ဆက်​ခံ​မည့်​သူ​အ​ဖြစ်​လည်း​ ​ရေ​ပန်း​စား​နေ​သည်​။​ ​တောင်​ကို​ရီး​ယား​က​ ​ကင်​မင်း​ဆက်​ဟု​ ​အ​မည်​မှည့်​ခေါ်​ထား​သည့်​ ​မျိုး​ရိုး​စဥ်​ဆက်​ ​အုပ်​ချုပ်​နေ​သည့်​ ​စ​နစ်​တွင်​ ​ဂျံု​အန်း​သည်​ ​နောက်​ဆုံး​ဆက်​ခံ​သူ​ ​ဖြစ်​လာ​နိုင်​ကြောင်း​ ​သ​တင်း​များ​က​ဆို​သည်​။​ ၎င်း​၏​ဓာတ်​ပံ​ု​များ​ ​ထွက်​ပေါ်​လာ​သည့်​အ​ခါ​ ​အ​ဖိုး​ဖြစ်​သူ​ကဲ့​သို့​ ပါး​ဖောင်း​ဖောင်း​၊​ ​မေး​နှစ်​ထပ်​နှင့်​ ​ဖြစ်​နေ​သ​လို​ ​ပါး​စပ်​အ​နေ​အ​ထား​မှာ​လည်း​ ​ဆင်​တူ​နေ​ကြောင်း​ ​သိ​ရ​သည်​။​ ​ထို့​အ​ပြင်​ ​အ​ဖိုး​ကဲ့​သို့​ပင်​ ​ဆံ​ပင်​ကို​လည်း​ ​ဘေး​နှစ်​ဖက်​အား​ ​အ​လွန်​တို​တို​ပါး​ပါး​ ​ညှပ်​ထား​ကြောင်း​ ​တွေ့​ရ​သည်​။​

​ယ​ခင်​က​ ​ဂျံု​အန်း​၏​ ငယ်​ဘဝ​ ​ဓာတ်​ပုံ​တစ်​ခု​ ​ထွက်​ပေါ်​ခဲ့​ဖူး​ရာ​ ​ယင်း​သည်​ ​ပိန်​ပိန်​ပါး​ပါး​ဖြစ်​ပြီး​ ​ဖိုး​အေ​နှင့်​တူ​သော​ ​သွင်​ပြင်​လ​က္ခ​ဏာ​များ​ ​မ​တွေ့​ရ​ချေ​။​ ​ဂျံု​အန်း​သည်​ ​စက်​တင်​ဘာ​လ​ကုန်​က​ ​ပ​ထ​မ​ဆုံး​ ​စစ်​ဖက်​ရာ​ထူး​ကို​ ​တ​ရား​ဝင် ​လက်​ခံ​မှု​အ​ဖြစ်​ ​ကြယ်​လေး​ပွင့်​ ​ဗိုလ်​ချုပ်​ရာ​ထူး​အား​ ​ရ​ရှိ​ခဲ့​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here