က​မ္ဘာ့​ဩ​ဇာ​အ​ကြီး​မား​ဆုံး​​ ​အ​မျိုး​သ​မီး​များ​စာ​ရင်း​တွင်​​ ​မစ်​ချယ်​အို​ဘား​မားဦး​ဆောင်

alt

က​မ္ဘာ​ပေါ်​တွင်​ ဩ​ဇာ​အာ​ဏာ​ ​အ​ကြီး​မား​ဆုံး​​ ​အ​မျိုး​သ​မီး​အ​ဖြစ်​​ ​အ​မေ​ရိ​ကန်​ ​သ​မ္မ​တ​ ​ဘာ​ရတ်​အို​ဘား​မား​၏​ ​ဇ​နီး​သည်​ ​မစ်​ချယ်​အို​ဘား​မား​အား​ Forbes​ ​မ​ဂ္ဂ​ဇင်း​က​ ​ရွေး​ချယ်​ဖော်​ပြ​ခဲ့​သည်​။​ ​ယ​ခု​စာ​ရင်း​တွင်​ ​အောင်​မြင်​ကျော်​ကြား​သည့်​ ​နိုင်ငံ​ရေး​နှင့်​ ​အ​နု​ပ​ညာ​ ​နယ်​ပယ်​မှ​ ​အ​မျိုး​သ​မီး​ ​၁၀၀​ ​အား​ဖော်​ပြ​ထား​ပြီး​ ​မစ်​ချယ်​က​ ​နံ​ပါတ်​ ​၁​ ​ချိတ်​ခဲ့​ခြင်း​ဖြ​စ်​သည်​။

​ ​ယ​ခင်​က​ ​အ​ကျော်​ကြား​ဆုံး​အ​ဖြစ်​ ​ရွေး​ချယ်​ခံ​ရ​သူ​ TV​ ​အ​စီ​အ​စဥ်​မှူး​ ​အော်​ပ​ရာ​ဝင်း​ဖ​ရေး​မှာ​ ​နံ​ပါတ်​ ​၃​ ​နေ​ရာ​ထိ​ ​ဆင်း​သွား​သည်​။​ Pop​ ​ဂီ​တ​ ​နာ​မည်​ကျော်​ ​အ​ဆို​တော်​များ​ဖြစ်​သည့်​ ​လေ​ဒီ​ဂါ​ဂါ​နှင့်​ ​ဘီ​ယွန်း​ဆေး​တို့​မှာ​ ​နံ​ပါတ်​ ​၇​ ​နှင့်​ ​၉​ ​နေ​ရာ​များ​တွင်​ ​ရပ်​တည်​နိုင်​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​ ​ထို့​အ​ပြင်​ ​ဂျာ​မန်​ဝန်​ကြီး​ချုပ်​ ​အင်​ဂျ​လာ​မာ​ကယ်​နှင့်​ ​အ​မေ​ရိ​ကန်​ ​နိုင်ငံ​ခြား​ရေး​ဝန်​ကြီး​ ​ဟီ​လာ​ရီ​က​လင်​တန်​တို့​သည်​လည်း​ ​ထိပ်​ဆုံး​ ​၅​ ​နေ​ရာ​ ​စာ​ရင်း​တွင်​ ​ပါဝင်​နိုင်​ခဲ့​ကြောင်း​ ​သိ​ရသည်​။​

Forbes​​ မှ​ ​ထုတ်​ပြန်​သည့်​ ​က​မ္ဘာ​ပေါ်​တွင်​ ဩ​ဇာ​အ​ကြီး​ဆုံး​ ​အ​မျိုး​သ​မီး​ ​၁၀​ ဦး​မှာ​ ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်​။

  • ၁​။​ ​မစ်​ချယ်​အို​ဘား​မား
  • ​၂​။​ အီ​ရီ​နာ​ရို​ဆန်​ဖဲ
  • ​၃​။​ ​အော်​ပ​ရာ​ဝင်း​ဖ​ရေး
  • ၄​။​ ​အင်​ဂျ​လာ​မာ​ကယ်
  • ​၅​။​ ဟီ​လာ​ရီ​က​လင်​တန်
  • ​၆​။​ အင်​ဒ​ရာ​နို​ရီ
  • ​၇​။​ ​လေ​ဒီ​ဂါ​ဂါ
  • ​၈​။​ ​ဂေး​ကယ်​လီ
  • ​၉​။​ ဘီ​ယွန်း​ဆေး
  • ​၁၀​။​ အီ​လန်​ဒီ​ဂျန်​နာ

LEAVE A REPLY

Please enter your comment!
Please enter your name here