လိင်ဆက်ဆံပြီးသည့်အခါ အမျိုးသားနှင့် အမျိုးသမီး ပြုမူချင်ပုံ မတူညီကြ

alt

အ​မေ​ရိ​ကန်​​ ​သု​တေ​သီ​များ​၏​ ​လေ့​လာ​မှု​အ​ရ​​ ​လိင်​ဆက်​ဆံ​ပြီး​သည့်​အ​ခါ​ ​အ​မျိုး​သား​ ​အ​များ​စု​သည်​ ​ဆေး​လိပ်​သောက်​ချင်​ပြီး​ ​အ​မျိုး​သ​မီး​ ​အ​များ​စု​က​ ​ပွေ့​ဖက်​ခြင်း​၊​ ​နမ်း​ရှုပ်​ခြင်း​၊​ ချစ်​တင်း​နှီး​နှော​ခဲ့​မှု​နှင့်​ ​ပတ်​သက်​ပြီး​ ​ပြော​ဆို​ဆွေး​နွေး​ခြင်း​များ​ ​ပြု​လုပ်​ချင်​တတ်​ကြောင်း​ ​သိ​ရှိ​ရ​သည်​။​

​ရီး​ဒင်း​ရှိ​ ​အော​ဘ​ရိုက်​ကော​လိပ်​မှ​ ​စိတ်​ပ​ညာ​ ​ပ​ရော်​ဖက်​ဆာ​ ​​ဒေါက်​တာ​ ဆူ​ဆန်​ဟု​က​ ​လိင်​နှင့်​ပတ်​သက်​သော​ ​သု​တေ​သ​န​ ​အ​များ​စု​သည်​ ​မည်​သည့်​အ​ရာ​က​ ​လိင်​ကိ​စ္စ​အ​တွက်​ ​တွန်း​အား​ပေး​ ​လှုံ့​ဆော်​သည်​ကို​ ​လေ့​လာ​ကြ​သော်​လည်း​ ​လိင်​ဆက်​ဆံ​ပြီး​ ​ကျေ​နပ်​နှစ်​သိမ့်​နေ​ချိန်​တွင်​ ​ဖြစ်​ပေါ်​နေ​သည့်​ ​စိတ်​ခံ​စား​မှု​ကို​ ​မျက်​ကွယ်​ပြု​ထား​ကြောင်း​ ​ပြောကြား​ခဲ့​သည်​။​ ​သူ​မ​က​ ​လိင်​ဆိုင်​ရာ​ ​သု​တေ​သ​န​များ​တွင်​ ​မျိုး​အောင်​ခြင်း​၊​ ​သ​န္ဓေ​ရ​နိုင်​သည့်​ ​အ​ခြေ​အ​နေ​၊​ ​လိင်​ဆက်​ဆံ​သည့်​ ​လှုပ်​ရှား​မှု​များ​ ​စ​သည်​တို့​ကို​သာ​ ​အ​တွေ့​ရ​များ​ကြောင်း​လည်း​ ​မှတ်ချက်​ပြု​ခဲ့​သည်​။​ သူ​မ​က​ ​အ​မျိုး​သား​၊​ ​အ​မျိုး​သ​မီး​ ​၁၇၀​ ​တို့​၏​ ​လိင်​ဆက်​ဆံ​ပြီး​နောက်​ ​ဖြစ်​ပေါ်​သော​ ​စိတ်​ခံ​စား​မှု​များ​ကို​ ​မှတ်​တမ်း​တင်​ ​လေ့​လာ​ခဲ့​ရာ​ ​အ​မျိုး​သ​မီး​ ​အ​များ​စု​သည်​ ​နှစ်​သက်​ကျေ​နပ်​ပြီး​ ​ထို​ကိ​စ္စ​ကို​ ​နောက်​ကြောင်း​ပြန်​ ​တွေး​တော​ခြင်း​၊​ ​ပွေ့​ဖက်​ကျီ​စယ်​ခြင်း​တို့​ကို​ ​ပို​မို​ပြု​လုပ်​တတ်​ကြောင်း​ ​ဖော်​ထုတ်​နိုင်​ခဲ့​သည်​။

​ ​အ​မျိုး​သား​များ​က​မူ​ ​ဆေး​လိပ်​သောက်​ခြင်း​နှင့်​ ​မ​တူ​ညီ​သည့်​ ​အ​ခြား​သော​ ​ပုံ​သဏ္ဍန်​တစ်​မျိုး​ပြောင်း​ကာ​ ​လိင်​ဆက်​ဆံ​ရန်​ ​တောင်း​ဆို​ခြင်း​များ​ ​ပြု​လုပ်​တတ်​ကြောင်း​ ​ဒေါက်​တာ​ ​ဆူ​ဆန်​က​ Sex​ Research​ ​ဂျာ​နယ်​တွင်​ ​ရေး​သား​ဖော်​ပြ​ခဲ့​သည်​။​ ​ထို့​အ​ပြင်​ ​သူ​မ​၏​ ​လေ့​လာ​တွေ့​ရှိ​မှု​အ​ရ​ ​လိင်​ဆက်​ဆံ​သည့်​အ​ခါ​ ​အ​မျိုး​သား​များ​က​ ​အ​ကြိမ်​ပို​များ​ရန်​ ​အား​သန်​အ​စ​ပြု​တတ်​ကြောင်း​လည်း​ ​သိ​ရ​သည်​။​ ​ဒေါက်​တာ​ဆူ​ဆန်​က​ ကာ​လ​ရှည်​ကြာ​စွာ​ ​တွဲ​လာ​သည့်​ ​စုံ​တွဲ​အ​များ​စု​သည်​ ​ချစ်​တင်း​နှီး​နှော​ပြီး​တိုင်း​ I​ Love​ You​ ဆို​သော​ ​စ​ကား​ပြော​ခြင်း​မှာ​ ​အ​ရေး​ပါ​သည်​ဟု​ ​ခံ​ယူ​ထား​ကြောင်း​လည်း​ ​ဂျာ​နယ်​အ​တွင်း​ ​ထည့်​သွင်း​ရေး​သား​ထား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here