တာ​လီ​ဘန်​​များ​နှင့်​ ​အာ​ဖ​ဂန်​န​စ္စ​တန်​ ​အ​စိုး​ရတို့စ​တင်​​ဆွေး​​နွေး​

alt

တာ​လီ​ဘန်​ ​သူ​ပုန်​တပ်​ဖွဲ့​များ​နှင့်​ ​အာ​ဖ​ဂန်​န​စ္စ​တန်​ ​သ​မ္မ​တ​ ​ဟာ​မစ်​ကာ​ဇိုင်း​တို့​ကြား​ ​ထိပ်​တန်း​အ​ဆင့်​ ​ဆွေး​နွေး​မှု​များ​ ​စ​တင်​ပြု​လုပ်​နေ​ပြီ​ဟု​ ​အ​မေ​ရိ​ကန်​ထုတ်​ ​ဝါ​ရှင်​တန်​ပို့စ်​ ​သ​ တင်း​စာ​က​ ​ဖော်​ပြ​ခဲ့​သည်​။​

​အ​စိုး​ရ​နှင့်​ ​သူ​ပုန်​တို့​အ​ကြား​ ​ကာ​လ​ကြာ​ရှည်​ ​ဖြစ်​ပွား​နေ​သော​ ​စစ်​ပွဲ​ကို​ ​အ​ဆုံး​သတ်​ရန်​ ​ယ​ခု​ဆွေး​နွေး​မှု​ကို​ ​လျှို့​ဝှက်​စီ​စဥ်​ခဲ့​ခြင်း​ဖြစ်​ကြောင်း​ ​အာ​ဖ​ဂန်​နှင့်​ ​အာ​ရပ်​ရှိ​ ​သ​တင်း​ ရင်း​မြစ်​များ​၏​ ​အ​ဆို​ကို​ ​ကိုး​ကား​ပြီး​ ​သ​တင်း​စာ​က​ ​ဖော်​ပြ​ခဲ့​ခြင်း​ဖြစ်​ကြောင်း​ ​သိ​ရ​သည်​။​ ​ပ​ထ​မ​ဆုံး​အ​ကြိမ်​ ​လျှို​က​ဝှ့်​ဆွေး​နွေး​မှု​ကို​ ​ပါ​က​စ္စ​တန်​နှင့်​ ​နယ်​ခြား​ရှိ​ ​တာ​လီ​ဘန်​ ​အ​ခြေ​စိုက်​ ​စ​ခန်း​တစ်​ခု​တွင်​ ​ ပြု​လုပ်​ခဲ့​ပြီး​ ​တာ​လီ​ဘန်​ခေါင်း​ဆောင်​ ​မို​ဟာ​မက်​အို​မာ​ ​ကိုယ်​တိုင်​ပါ​ ​တက်​ရောက်​ခဲ့သည်​ဟု​ ​ယူ​ဆ​ရ​ကြောင်း​ ​သ​တင်း​စာ​က​ဆို​သည်​။​

အို​မာ​နှင့်​ ​တာ​လီ​ဘန်​ ​ထိပ်​တန်း​ခေါင်း​ဆောင်​များ​သည်​ ​စေ့​စပ်​ ဆွေး​နွေး​ရေး​ ​ကိ​စ္စ​ကို​ ​ကာ​လ​ကြာ​ရှည်​စွာ​ ​ငြင်း​ဆန်​နေ​ခဲ့​သူ​များ​ ​ဖြစ်​ကြ​သည်​။​ ​တာ​လီ​ဘန်​တို့​က​ ​အာ​ဖ​ဂန်​မှ​ ​အ​မေ​ရိ​ကန်​နှင့်​ ​မ​ဟာ​မိတ်​တပ်​များ​ ​ဆုတ်​ခွာ​ပါ​က​ ​အာ​ဖ​ဂန်​သ​မ္မ​တ​ ​ကာ​ဇိုင်း​နှင့်​ ​အ​စိုး​ရ​အ​ ဖွဲ့​ကို​ ​လက်​ခံ​သွား​မည်​ဟု​ ​အ​ရေး​ဆို​ထား​သည်​။​ ​အာ​ဖ​ဂန်​ရှိ​ ​အ​မေ​ရိ​ကန်​တပ်​များ​၏​ ​ဗိုလ်​ချုပ်​တစ်ဦး​ဖြစ်​သော​ ​ဒေး​ဗစ်​ပီ​ထ​ရက်​က​ ​မ​ကြာ​သေး​မီ​ ​ရက်​ပိုင်း​အ​တွင်း​ ​တာ​လီ​ဘန်​တို့​သည်​ ​နိုင်ငံ​ခြား​ ​တပ်​ များ​ကို​ ​အာ​ဖ​ဂန်​မှ​ ​ပြန်​လည်​ဆုတ်​ခွာ​ရေး​ ​တောင်း​ဆို​ပေး​ရန်​ ​အာ​ဖဂန်​အ​စိုး​ရ​အား​ ​ချဥ်း​ကပ်​တောင်း​ဆို​ခဲ့​ကြောင်း​ ​ပြော​ကြား​သွား​သည်​။

​ တာ​လီ​ဘန်​ ​ပြော​ရေး​ဆို​ခွင့်​ရ​ ​အ​ရာ​ရှိ​တစ်ဦး​က​မူ​ ​ပီ​ထ​ရက်​ သည်​ ​အ​ခြေ​အ​မြစ်​မ​ရှိ​ ​ပြော​ဆို​ခဲ့​ကြောင်း​ ​စွပ်​စွဲ​ပြီး​ ​မိ​မိ​တို့​သည်​ ​အာ​ဖ​ဂန်​ ​အ​စိုး​ရ​နှင့်​ ​ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​ရန်​ ​စဥ်း​စား​နေ​ခြင်း​ဟု​ ​တုန့်​ပြန်​ခဲ့​သည်​။​ ​အာ​ဖ​ဂန်​အ​စိုး​ရ​က​မူ​ ​ဝါ​ရှင်​တန်​ပို့စ်​၏​ ​ဖော်​ပြ​ချက်​ နှင့်​ ​ပတ်​သက်​ပြီး​ ​တ​စုံ​တ​ရာ​ ​တုန့်​ပြန်​မှတ်​ချက်​ပြု​ခြင်း​ ​မ​ရှိ​သေး​ကြောင်း​ ​သိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here