Gravity​​ ​ဇာတ်​ကား​တွင်​​ ​ပါ​ဝင်ရန်​​ ​ဆန်​ဒ​ရာ​ဘူး​လော့​​ ​စဥ်း​စား​နေ

alt

မင်း​သ​မီး​​ ​ဆန်​ဒ​ရာ​ဘူး​လော့​မှာ​ Gravity​ ဇာတ်​ကား​တွင်​ ​ပါ​ဝင်သ​ရုပ်​ဆောင်​ပေး​ရန်​​ ​ကမ်း​လှမ်း​မှု​အား​ ​စဥ်း​စား​နေ​ကြောင်း​ ​သိ​ရ​သည်​။​ ​အာ​ကာ​သ​ ​စွန့်​စား​ခန်း​ ​ဇာတ်​ကား​အ​တွက်​ ​မူ​လ​က​ ​နာ​တာ​လီ​ပို့​မင်း​အား​ ​ကမ်း​လှမ်း​ခဲ့​သော်​လည်း​ ​အ​ဆင်​မ​ပြေ​သ​ဖြင့်​ Speed​ ​မင်း​သ​မီး​ထံ​ ​ပြောင်း​လဲ​ကမ်း​လှမ်း​ခဲ့​ခြင်း​ဖြစ်​သည်​။​

​ဒါ​ရိုက်​တာ​နှင့်​ ​ဇာတ်​ညွှန်း​ရေး​ဆ​ရာ​ ​တာ​ဝန်​ယူ​ထား​သည့်​ ​အယ်​ ဖွန်​ဆို​ ​ကွာ​ရွန်​က​ ​ယင်း​ဇာတ်​ကား​အ​တွက်​ ​မင်း​သား​အ​ဖြစ်​ ​ရော​ဘတ်​ဒေါင်​နီ​ ​ဂျူ​နီ​ယာ​နှင့်​ ​ချိတ်​ဆက်​ထား​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ မူ​လ​က​ ​ယင်း​ဇာတ်​ကား​ကို​ Universal​ က​ ​အိန်​ဂျယ်​လီ​နာ​ဂျို​ လီ​နှင့်​ ရိုက်​ကူး​ရန်​ ​စီ​စဥ်​ခဲ့​သော်​လည်း​ ​နောက်​ပိုင်း​တွင်​ ​ကု​မ္ပ​ဏီ​ပြောင်း​သွား​ကာ​ Warner​ Brothers​ က​ ​ရိုက်​ကူး​သွား​မည်​ဟု​ ​သိ​ရ​သည်​။​ ​ဂျို​လီ​သည်​ ​သူ​မ​တောင်း​ဆို​သော​ ​အ​နု​ပ​ညာ​ကြေး​ ​ဒေါ်​လာ​သန်း​ ​၂၀​ ​အား​ ​ကု​မ္ပ​ဏီ​ဖက်​မှ​ ​မ​ပေး​ချေ​နိုင်​သ​ဖြင့်​ ​ထို​ဇာတ်​ကား​ ​ရိုက်​ကူး​ရေး​ ​အ​စီ​အ​စဥ်​မှ​ ​နှုတ်​ထွက်​သွား​ခြင်း​ဖြစ်​သည်​။​

​ဂျို​လီ့​နေ​ရာ​တွင်​ ​စ​ကား​လက်​ဂျို​ဟန်​ဆင်​နှင့်​ ​ဘ​လိတ်​လီ​ဗ​လီ​တို့​နှင့်​ ​အ​စား​ထိုး​ရန်​ ​ စဥ်း​စား​ခဲ့​သေး​သော်​လည်း​ ​အ​ဆင်​မ​ပြေ​သ​ဖြင့်​ Black​ Swan​ တွင်​ ​နာမည်​ရ​ခဲ့​သည့်​ ​ပို့​မင်း​အား​ ​ချိတ်​ဆက်​ခဲ့​သည်​။​ ​သို့​သော်​လည်း​ ​ယ​ခု​အခါ​ ​ဘူး​လော့​အား​ ​ပြောင်း​လဲ​ကမ်း​လှမ်း​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​ ဇာတ်​ကား​တွင်​ ​ပါ​ဝင်ရန်​ ​ကိ​စ္စ​နှင့်​ ​ပတ်​သက်​ပြီး​ ​၂၀၁၀​ ​အော်​စ​ကာ​ဆု​ရှင်​ ​မင်း​သ​မီး​က​ ​လေ့​လာ​နေ​ဆဲ​ဟု​လည်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here