မူ​ပိုင်​ခွင့်​ဆိုင်​ရာ​အ​တွက်​ Apple​ ​အား​ Motorla​​ ​တ​ရား​စွဲ​ဆို

alt

Motorola​ ​ကု​မ္ပ​ဏီ​က​​ Apple​​ အား​ ​မူ​ပိုင်​ခွင့်​ဆိုင်​ရာ​​ ​ချိုး​ဖောက်​မှု​များ​အ​တွက်​ ​တ​ရား​စွဲ​လိုက်​ကြောင်း​ ​သိ​ရ​သည်​။​ Motorola​​ က​ Apple​​ ထုတ်​ Macintosh​ ကွန်​ပျူ​တာ​များ​၊​ iPhone​၊​ iPod​ Touch​၊​ iPad​၊​ iTune​​ စ​တိုး​နှင့်​ MobileMe​ ​ဝက်​ဆိုက်​ဝန်​ဆောင်​မှု​တို့​တွင်​

Motorola​​ ၏​ ​မူ​ပိုင်​ခွင့်​ကို​ ​ချိုး​ဖောက်​မှု​များ​ ​ရှိ​နေ​ကြောင်း​ ​စွပ်​စွ​ဲထား​သည်​။​ ​အ​ထူး​သ​ဖြင့်​ ​အင်​တင်​နာ​ဒီ​ဇိုင်း​၊​ Wireless​ Email​​ စနစ်​၊​ ​နေ​ရာ​ရှာ​ ​အ​ချက်​ပြ​စ​နစ်​များ​နှင့်​ ​အ​ချက်​အ​လက်​ ​စီ​မံ​ခန့်​ခွဲ​မှု​ ​စ​နစ်​များ​အ​တွက်​ Apple​ ​သည်​ Motorola​ ​၏​ ​နည်း​ပ​ညာ​များ​ကို​ ​သုံး​စွဲ​ထား​ကြောင်း​ ​အောက်​တို​ဘာ​ ​၆​ ​ရက်​နေ့​က​ ​တင်​သွင်း​ သော​ ​စွဲ​ချက်​တွင်​ ​ပါ​ရှိ​သည်​။​ Motorola​​ သည်​ ​စွဲ​ချက်​များ​ကို​ ​အီ​လီ​နွိုက်​နှင့်​ ​ဖ​လော်​ရီ​ဒါ​တို့​ရှိ​ ​ဒေ​သ​ဆိုင်​ရာ​ ​တ​ရား​ရုံး​များ​နှင့်​ ​နိုင်ငံ​တ​ကာ​ ​ကုန်​သွယ်​ရေး​ ​ကော်​မ​ရှင်​တို့​သို့​ ​တင်​သွင်း​ခဲ့​ခြင်း​ဖြစ်​သည်​။​

Motorola​က​ Apple​​ ၏​ iPad​၊​ iPhone​​ စ​သော​ ​ထုတ်​ကုန်​များ​ ​တင်​သွင်း​ခြင်း​၊​ ​ရောင်း​ချ​ခြင်း​၊​ ​ကြော်​ငြာ​ခြင်း​စ​သည်​တို့​ကို​ ​ပိတ်​ပင်​ပေး​ရန်​ပါ​ ​တောင်း​ဆို​ထား​သည်​။​ Apple​အ​နေ​နှင့်​ ​လက်​ရှိ​သုံး​စွဲ​နေ​သော​ ​နည်း​ပ​ညာ​ပိုင်း​ကို​ ​ဆက်​လက်​အ​သုံး​မ​ပြု​ရန်​နှင့်​ ​ယ​ခင်​က​ ​သုံး​စွဲ​ထား​သည်​တို့​အ​တွက်​ ​မူ​ပိုင်​ခွင့်​တန်​ဖိုး​ ​ပေး​ချေ​ရန်​ Motorola​​ က​ ​ပြော​ကြား​ထား​သည်​။​ Apple​​ က​မူ​ ၎င်း​တို့​သည်​ Motorola​​ ၏​ ​နည်း​ပ​ ညာ​ပိုင်း​ကို​ ​ယူငင်​သုံး​စွဲ​ထား​ခြင်း​ ​မ​ရှိ​ဟု​ ​ငြင်း​ဆန်​ထား​သည်​။​ Apple​ ​၏​ ​ပြော​ရေး​ဆို​ခွင့်​ရ​ ​အ​ရာ​ရှိ​ ​စ​တိ​ဒို​လင်း​က​ Motorola​​ နှင့်​ ​ဆွေး​နွေး​ရန်​ ​အ​စီ​အ​စဥ်​ ​လုံး​ဝ​မ​ရှိ​ကြောင်း​ ​ပြော​ဆို​သွား​ခဲ့​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here