လီ​ဗာ​ပူးအ​သင်း​အား​​ ​အ​မေ​ရိ​ကန်​အ​ခြေ​စိုက်​ NESV​ ​သို့​​ ​ရောင်း​ချ​ရန်​သ​ဘော​တူ

alt

အ​င်္ဂလန်​ပ​ရီး​မီး​ယား​လိဂ်​မှ​​ ​နာ​မည်​ကြီး​ ​အ​သင်း​တစ်​သင်း​ဖြစ်​သော​​ ​လီ​ဗာ​ပူး​၏​ ​ဘုတ်​အ​ဖွဲ့​သည်​​ ​အ​မေ​ရိ​ကန်​ ​အ​ခြေ​စိုက်​ NESV​ ကု​မ္ပ​ဏီ​သို့​​ ​က​လပ်​အ​သင်း​အား ​ရောင်းချ​ရန်​ ​သ​ ဘော​တူ​ညီ​လိုက်​ကြောင်း​ ​သိ​ရ​သည်​။​

​အ​သင်း​ပ​ရိ​သတ်​များ​က​ ​အ​မြင်​မ​ကြည်​သည့်​ ​လီ​ဗာ​ပူး​ပိုင်​ရှင်​ ​နှစ်ဦး​ဖြစ်​သော​ ​တွမ်​ဟစ်​နှင့်​ ​ဂျော့​ဂျီး​လတ်​တို့​ ​ကန့်​ကွက်​နေ​သော်​လည်း​ ဘုတ်​အ​ဖွဲ့​က​ ​မဲ​ခွဲ​ဆုံး​ ဖြတ်​ကာ​ NESV ​၏​ ​ကမ်း​လှမ်း​မှု​ကို​ လက်​ခံ​ရန်​ ​ဆုံး​ဖြတ်​လိုက်​ခြင်း​ဖြစ်​သည်​။​ ​အ​မေ​ရိ​ကန်​ ​သူ​ဌေး​နှစ်ဦး​ဖြစ်​သော​ ​ဂျီး​လတ်​နှင့်​ ​ဟစ်​တို့​သည်​ ​လီ​ဗာ​ပူး​အား​ ​ပေါင်​ ​၄၄၅​ ​သန်း​ဖြင့်​ ​ဝယ်​ယူ​ခဲ့​သော်​လည်း​ ​ ဘုတ်​အ​ဖွဲ့​က​ ​ပေါင်​သန်း​ ​၃၀၀​ ​ဝန်း​ကျင်​ဖြင့်​ ​ပြန်​လည်​ရောင်း​ချ​ရန်​ ​ဆုံး​ဖြတ်​ခဲ့​သော​ကြောင့်​ ​ကန့်​ကွက်​နေ​ခြင်း​ဖြစ်​သည်​။​ ​ယင်း​တို့​သည်​ ​စ​ကော့​တ​လန်​ ​တော်​ဝင်ဘဏ်​တွင်​ ​အ​ကြွေး​ ​ပေါင်​သန်း​ ​၂၀၀​ ​ ကျော်​ ​တင်​ရှိ​နေ​ရာ​ ​ယင်း​အား​ ​ပြန်​မ​ဆပ်​နိုင်​လျင်​ ​လီ​ဗာ​ပူး​အ​သင်း​ကို​ ​ထိုး​အပ်​ရ​မည်​ဖြစ်​သည်​။​ ​အ​ဆို​ပါ​ ​ကြွေး​မြီ​ကို​ ​အောက်​တို​ဘာ​ ​၁၅​ ​ရက်​နေ့​တွင်​ ​နောက်​ဆုံး​ထား​ ​ပေးဆပ်​ရ​မည်​ ​ဖြစ်​သော​ကြောင့်​ ​အ​သင်း​ဘုတ်​အ​ဖွဲ့​က​ ​ပိုင်​ရှင်​သစ်​ထံ​ ​လက်​လွှဲ​ရောင်း​ချ​ရန်​ ​ဆုံး​ဖြတ်​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​ဂျီး​လတ်​က​ ​ထို​ဆုံး​ဖြတ်​ချက်​ကို​ ​မ​ကျေ​နပ်​ဘဲ​ ​တ​ရားဥ​ပ​ဒေ​အ​ရ​ ​ရင်​ဆိုင်​သွား​ရန်​ ​စဥ်း​စား​နေ​ကြောင်း​ ​ပြော​ကြား​ခဲ့​ သော်​လည်း​ ​လေ့​လာ​သူ​များ​က​ ​ယင်း​တို့​အ​နေ​နှင့်​ ​လီ​ဗာ​ပူး​ကို​ ​လက်​လွှဲ​ရောင်း​ချ​သည့်​ ​ကိ​စ္စ​အ​တွက်​ ​တ​စုံ​တ​ရာ​ ​စွက်​ဖက်​နိုင်​ဖွယ်​ ​မ​ရှိ​ဟု​ ​သုံး​သပ်​ထား​သည်​။

​ အ​င်္ဂလန်​တွင်​ ​အ​အောင်​မြင်​ဆုံး​ ​အ​သင်း​အ​ ဖြစ်​ ​မှတ်​တမ်း​တင်​ထား​သော​ ​လီ​ဗာ​ပူး​သည်​ ​ယ​ခု​နှစ်​ ​အ​မှတ်​ပေး​ဘော​လုံး​ပြိုင်​ပွဲ​တွင်​ ​တန်း​ဆင်း​ဇုန်​အ​တွင်း​ ​ရပ်​တည်​နေ​ရ​သ​လို​ ​အ​သင်း​၏​ ရ​လဒ်​များ​မှာ​လည်း​ ​စိတ်​ပျက်​စ​ရာ​ ​ညံ့​ဖျင်း​နုံ​ခြာ​နေ​ရာ​ ​ပ​ရိ​ သတ်​များ​က​ ​ဟစ်​နှင့်​ ​ဂျီး​လတ်​တို့​ကို​ ​ပို​မို​ပြင်း​ထန်​စွာ​ ​ဆ​န္ဒ​ပြ​လာ​ခဲ့​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here