အိပ်​ရေး​ပျက်​ခြင်း​ကြောင့်​​ ​အဝ​လွန်​မှု​​ ​ဖြစ်​စေ​နိုင်

alt

အိပ်​ရေး​ပျက်​ခြင်း​သည်​​ ​အ​ဝ​လွန်​ခြင်း​၏​ ​လမ်း​စ​တစ်​ခု​ဖြစ်​ကြောင်း​ ​သု​တေ​သီ​များ​က​ ​ပြော​ကြား​ခဲ့​သည်​။​ ​ည​စဥ်​ ​နာ​ရီ​အ​နည်းငယ်​သာ​ ​အိပ်​စက်​ခဲ့​ရ​သူ​ ​အ​များ​စု​သည်​ ​အ​စာ​ခြေ​ဖျက်​ နိုင်​စွမ်း​ ​လျော့​နည်း​လာ​ပြီး​ ​အ​ဆီ​ဓာတ်​များ​ ​ခ​န္ဓာ​ကိုယ်​အ​တွင်း​ ​စိမ့်​ဝင်ရောက်​ရှိ​မှု​ ​ပို​မို​များ​ပြား​နေ​တတ်​ကြောင်း​ ​လေ့​လာ​မှု​များ​က​ ​ညွှန်​ပြ​နေ​သည်​။​

​ထို့​အ​ပြင်​ ​နေ့​စဥ်​ ​၇​ ​နာ​ရီ​၊​ ​၈​ ​နာ​ရီ​မျှ​ ​ပုံ​မှန်​အိပ်​စက်​ခွင့်​ ​မ​ရ​ခဲ့​သူ​များ​တွင်​ ​ဟို​မုန်း​မ​ညီ​မျှ​မှု​များ​ ​ဖြစ်​တတ်​ပြီး​ ​အ​ရေ​ပြား​နှင့်​ ​ဆံ​ပင်​များ​ ​မွဲ​ခြောက်​လာ​ခြင်း​၊​ ​စိတ်​ဖိ​စီး​မှု​များ​ ​ဖြစ်​ပေါ်​လာ​ခြင်း​၊​ ​နှ​လုံး​ကျန်း​မာ​ရေး​ ​ထိ​ပါး​လာ​ခြင်း​နှင့်​ ​သွေး​အ​တွင်း​ရှိ​ ​ကို​လက်​စ​ထ​ရော​ ​ပ​မာ​ဏ​ ​မြင့်​တက်​လာ​ခြင်း​တို့​ ​ဖြစ်​တတ်​ကြောင်း​ ​သိ​ရ​သည်​။​ ​ကို​လက်​စ​ထ​ရော​ ​များ​လာ​ခြင်း​သည်​ ​လူ​၏​ ​ခ​န္ဓာ​ကိုယ်​ ​အ​လေး​ချိန်​ကို​ ​တက်​လာ​စေ​နိုင်​သည်​။​ Annals​ of​ Internal​ Medicine​ ​ဂျာ​နယ်​တွင်​ ​ဖော်​ပြ​ထား​မှု​အ​ရ​ ​အ​အိပ်​အ​နေ​ ​နည်း​လွန်း​ခြင်း​သည်​ ​ခန္ဓာ​ကိုယ်​အ​တွင်း​ ​အ​ဆီ​ဓာတ်​ကို​ ​လျှော့​ချ​ပေး​နိုင်​စွမ်း​အား​ ​ဟန့်​တား​ထား​ကြောင်း​ ​သိ​ရ​သည်​။​

​ယ​ခု​လေ့​လာ​မှု​တွင်​ ​ပါ​ဝင်ခဲ့​သည့်​ ​အ​မေ​ရိ​ကန်​ ​သု​ တေ​သီ​ ​ဒေါက်​တာ​ ​ပ​လာ​မန်​ပီ​နက်​က​ ​အိပ်​စက်​ခြင်း​သည်​ ​သ​ဘာ​ဝ​အ​လျောက်​ ​လူ​သား​၏​ ​ခ​န္ဓာ​ကိုယ်​ ​ခု​ခံ​ကာ​ကွယ်​မှု​ ​စွမ်း​အင်​စ​နစ်​ကို​ ​အ​ထောက်​အ​ပံ့​ ​ဖြစ်​စေ​ကြောင်း​လည်း​ ​ရှင်း​ပြ​ခဲ့​သည်​။​ ​သု​တေ​သီ​ များ​က​ ​ယေ​ဘု​ယျ​အား​ဖြင့်​ ​သာ​မန်​လူ​တစ်ဦး​ ​စား​သောက်​သည့်​ ​ပ​မာ​ဏ​မျိုး​နှင့်​ ​ကိုယ်​လက်​လှုပ်​ရှား​မှု​မျိုး​ ​ရှိ​နေ​ပါ​က​ မျက်​လုံး​နှစ်​လုံး​မှိတ်၍​ ​နှစ်​ခြိုက်​စွာ​ ​အိပ်​စက်​ခွင့်​ရ​ချိန်​ ​ကြာ​လေ​လေ​၊​ ​သွယ်​လျ​သော​ ​ ခ​န္ဓာ​ကိုယ်​ ​အ​ချိုး​အ​စား​မျိုး​ ​ပိုင်​ဆိုင်​နိုင်​ရန်​ ​အ​ခွင့်​အ​လမ်း​ ​များ​လေ​လေဟု​ ​ပြော​ကြား​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here