ကင်​ဂျံု​အီ​​ သား​ဖြစ်​သူ​ ​ကင်​ဂျံု​အန်​ ​စစ်​ရေး​ပြ​ ​အ​ခမ်း​အ​နား​ ​တတ်​ရောက်

alt

မြောက်​ကို​ရီး​ယား​ ​ခေါင်း​ဆောင်​ကြီး​ ​ကင်​ဂျံု​အီ​နှင့်​ ၎င်း​၏​နေ​ရာ​ကို​ ​ဆက်​ခံ​မည်​ဟု​ ​ရေ​ပန်း​စား​နေ​သော​ ​သား​ဖြစ်​သူ​ ​ကင်​ဂျံု​အန်​တို့​သည်​ ​စစ်​ရေး​ပြ​ ​အ​ခမ်း​အ​နား​တစ်​ခု​တွင်​ ​ပ​ ထမ​ဆုံး​အ​ကြိမ်​အ​ဖြစ်​ ​သား​အ​ဖ​နှစ်ဦး​ ​စုံ​စုံ​ညီ​ညီ​ ​ထွက်​ပေါ်​လာ​ခဲ့​သည်​။​

​ပြီး​ခဲ့​သည့်​ ​သီ​တင်း​ပါတ်​က​မှ​ ​ကြယ်​လေး​ပွင့်​ ​စစ်​ဗိုလ်​ချုပ်​ရာ​ထူး​ ​ခန့်​အပ်​ခံ​ရ​သူ​ ​ဂျံု​အန်း​သည်​ ​ စစ်​ရေး​ပြ​ပွဲ​သို့​ ​အ​ခြား​သော​ ​စစ်​ ခေါင်း​ဆောင်​များ​၏​ ​မိ​သား​စု​များ​နှင့်​အ​တူ​ ​တက်​ရောက်​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​သို့​သော်​လည်း​ ​စစ်​ရေး​ပြ​ ​အ​ခမ်း​အ​နား​၏​ ​အ​ချိန်​နှင့်​နေ​ရာ​ ​အ​တိ​အ​ကျ​ကို​မူ​ ​မ​သိ​ရ​ချေ​။

​ ​အောက်​တို​ဘာ​ ​၅​ ​ရက်​နေ့​က​ ​ထွက်​ ပေါ်​လာ​သော​ ​ပုံ​များ​တွင်​ ​ခေါင်း​ဆောင်​ကြီး​ကင်​နှင့်​ ​အငယ်​ဆုံး​သား​ ​ဂျံု​အန်​တို့​အား​ ​အ​တူ​ယှဥ်​လျက်​ ​တွေ့​မြင်​ရ​သည်​။​ ​အ​သက်​ ​၂၇​ ​သို့​မ​ဟုတ်​ ​၂၈​ ​နှစ်​ဝန်း​ကျင်​မျှ​သာ​ ​ရှိ​သေး​သော​ ​ဂျံု​အန်း​သည်​ ​စစ်​ တပ်​သာ​ ​ပ​ဓာ​န​ဟူ​သည့်​ ​ဖ​ခင်​၏​ ​စိတ်​ပိုင်း​ဆိုင်​ရာ​ ​ရိုက်​သွင်း​မှု​ဖြင့်​ ​ကြီး​ပြင်း​လာ​သူ​ ​တစ်ဦး​ဟု​လည်း​ ​သိ​ရ​သည်​။​ ၎င်း​သည်​ ​တိုက်​ခိုက်​လို​စိတ်​ ​ပြင်း​ထန်​လို​သူ​ ​တစ်ဦး​ဟု​ ​သ​တင်း​ထွက်​နေ​ပြီး​ ​တောင်​ကို​ရီး​ ယား​ ​ကာ​ကွယ်​ရေး​ ​ဝန်​ကြီး​ဌာ​န​က​လည်း​ ​မြောက်​ကို​ရီး​ယား​သည်​ ​စစ်​တပ်​အင်​အား​နှင့်​ ​ပတ်​သက်​ပြီး​ ​ပြင်​ဆင်​တိုး​ချဲ့​မှု​များ​ ​ပြု​လုပ်​နေ​သည်​ဟု​ ​ယူ​ဆ​ရ​ကြောင်း​ ​ကြေ​ညာ​သွား​သည်​။

​ ပြီး​ခဲ့​သည့်​ ​သီ​တင်း​ ပါတ်​အ​တွင်း​ ​မြောက်​ကို​ရီး​ယား​၏​ ​အ​ကြီး​မား​ဆုံး​ ​ထိပ်​သီး​ဆွေး​နွေး​ပွဲ​ကြီး​တွင်​ ​ဗိုလ်​ချုပ်​ဖြစ်​လာ​သူ​ ​ဂျံု​အန်း​အား​ ​ခေါင်း​ဆောင်​ကြီး​ကင်​၏​ ​အ​ရိုက်​အ​ရာ​အ​တွက်​ ​အ​တည်​ပြု​ ​ကြေ​ညာ​ခဲ့​ပြီး​ဖြစ်​သည်​ဟု​ ​ ယူ​ဆ​ရ​ကြောင်း​လည်း​ ​တောင်​ကို​ရီး​ယား​ ​ထောက်​လှမ်း​ရေး​ဌာ​န​က​ ​ခန့်​မှန်း​ပြော​ဆို​ထား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here