အ​စွန်း​ရောက်​ ဂျူး​လူရမ်း​ကား​များ​က​ အ​နောက်​ဖက်​ကမ်း​ခြေ​ ဗ​လီ​တစ်​ခု​အား​ မီး​ရှို့​ဖျက်​ဆီး

alt

အ​စွန်း​ရောက်​ ဂျူး​လူ​ရမ်း​ကား​အ​ချို့​သည်​ အ​နောက်​ဖက်​ကမ်း​ခြေ​ ဒေ​သ​ရှိ​ ​ရွာ​တစ်​ရွာ​မှ​ ဗ​လီ​တစ်​ခု​အား​ ​မီး​ရှို့​ဖျက်​ဆီး​ခဲ့​ကြောင်း​ သိ​ရ​သည်​။​

​အောက်​တို​ဘာ​ ၄​ ​ရက်​နေ့​​ြ​ဖစ်​စဥ်​တွင်​ အ​ဖျက်​သ​မား​များ​သည်​ နံ​ရံ​တစ်​ခု​ပေါ်​တွင်​ က​လဲ့​စား​ဆို​သော​ ​စ​ကား​လုံး​အား​ ဟီး​ဘ​ရူး​ဘာ​သာ​ဖြင့်​ ရေး​ထား​ခဲ့​ရာ​ ​အ​ရှေ့​အ​လယ်​ပိုင်း​ ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​နေ​မှု​အ​တွက်​ အ​ဟန့်​အ​တား​တစ်​ခု​ ဖြစ်​ လာ​ခဲ့​သည်​။​ ​ပါ​လက်​စ​တိုင်း​ဖက်​က​ ယ​ခု​လုပ်​ရပ်​သည်​ ​ဂျူး​အ​ခြေ​ချ​ နေ​ထိုင်​သူ​များ​၏​ ​လုပ်​ရပ်​ဟု​ စွပ်​စွဲ​ခဲ့​ပြီး​ ​ဟီ​ဘ​ရွန်​မြို့​အ​နီး​ ဘေ့​ဖာ​ဂျား​ရွာ​မှ​ ​ဗ​လီ​ကို​ အ​ကြောင်း​မဲ့​ ​မီး​ရှို့​ခဲ့​ကြောင်း​ ပြော​ကြား​ထား​သည်​။​

အ​မေ​ရိ​ကန်​သည်​ ​အ​စ္စ​ရေး​နှင့်​ ​ပါ​လက်​စ​တိုင်း​ကြား​ ​ငြိမ်း​ချမ်း​ရေး​ ​စေ့​စပ်​ဆွေး​နွေး​နိုင်​ရေး​ ​အား​ထည့်​ဆောင်​ရွက်​နေ​ချိန်​တွင်​ ​ယ​ခု​ကိ​စ္စ​နှင့်​ ​ကြံု​ခြင်း​ဖြစ်​သည်​။​ ​အ​စ္စ​ရေး​ ​ဝန်​ကြီး​ချုပ်​ ​ဘင်​ဂျ​မင်​ ​နာ​တန်​ ယာ​ဟူ​နှင့်​ ​ထိပ်​တန်း​ခေါင်း​ဆောင်​ ​အ​ချို့​တို့​က​ ​ယင်း​လုပ်​ရပ်​သည်​ ​နိုင်ငံ​ရေး​အ​ရ​ ​ဆောင်​ရွက်​မှု​ကို​ ​နှောင့်​ယှက်​ဟန့်​တား​သည့်​ ​ကြိုး​ပမ်း​မှု​တစ်​ခု​ဟု​ ​ပြော​ကြား​သွား​သည်​။​ ​အ​နောက်​ဖက်​ကမ်း​ခြေ​ရှိ​ ​ပါ​ လက်​စ​တိုင်း​ ​၂.​၅​ ​သန်း​ကျော်​အ​နက်​ ​ဂျူး​လူ​မျိုး​ ​၃​ ​သိန်း​ကျော်​လည်း​ ​နေ​ထိုင်​လျက်​ရှိ​သည်​။​

​ပါ​လက်​စ​တိုင်း​တို့​သည်​ ​ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​နေ​မှု​တွင်​ ​ဂျူး​အ​ခြေ​ချ​ ​နေ​ထိုင်​သူ​များ​အား​ ​မ​ဖယ်​ရှား​ပေး​ ပါ​က​ ​မိ​မိ​တို့​အ​နေ​နှင့်​ ​ရှေ့​ဆက်​ရန်​ ​အ​ကြောင်း​မ​ရှိ​ဟု​ ​အ​ကြပ်​ကိုင်​နေ​ရာ​ ​အ​မေ​ရိ​ကန်​၏​ ​တိုက်​တွန်း​မှု​ကြောင့်​ ​အ​စ္စ​ရေး​က​ ​အ​နောက်​ဖက်​ ​ကမ်း​ခြေ​တွင်​ ​နောက်​ထပ်​ဂျူး​အ​ဆောက်​အ​အုံ​များ​ ​ ဆောက်​လုပ်​နေ​ခြင်း​ကို​ ​တား​မြစ်​ခဲ့​သည်​။​ ​ယင်း​ကိ​စ္စ​ကြောင့်​ ​ဂျူး​အ​ခြေ​ချ​ ​နေ​ထိုင်​သူ​များ​ကြား​ ​မ​ကျေ​နပ်​မှု​များ​ ​တိုး​ပွား​ခဲ့​ပြီး​ ​ဗ​လီ​အား​ ​မီး​ရှို့​ခြင်း​သည်​ ​ထို​ကိ​စ္စ​အား​ ​တုန့်​ပြန်​ခြင်း​ဖြစ်​ကြောင်း​ ​ပါ​လက်​ စ​တိုင်း​များ​က​ ​စွပ်​စွဲ​ထား​ခဲ့​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here