Windows​ Phone​ 7​ ​ကို​ ​အောက်​တို​ဘာ​ ​၁၁​ ​ရက်​တွင်​ ​စ​တင်​ရောင်း​ချ​မည်

alt

Microsoft ​၏​ ​မို​ဘိုင်း​ဖုန်း​ ထိန်း​ချုပ်​ရေး​ OS ​စ​နစ်​ Windows​ Phone​ 7​ ကို​ ​အောက်​တို​ဘာ​ ၁၁​ ​ရက်​နေ့​တွင်​ ​စ​တင်​ရောင်း​ချ​သွား​မည်​ဟု​ သိ​ရ​သည်​။​ ​န​ယူး​ယောက်​တွင်​ စ​တင်​ရောင်း​ချ​မည့်​ OS​ အ​သစ်​သည်​ ​ေ​ဈး​ကွက်​အ​တွင်း​ ကြီး​ကြီး​မား​မား​ ​လွှမ်း​မိုး​ခြယ်​လှယ်​နေ​သည့်​

Google ​၏​ Android​ နှင့်​ Apple​ ၏​ iOS​ တို့​ကို​ ​အ​သာ​ရ​ရန်​ Microsoft​ က​ ​မျှော်​လင့်​ထား​သည်​။​

Microsoft ​၏​ OS ​သစ်​ကို​ ​ထောက်​ပံ့​မည့်​ စ​နစ်​များ​တွင်​ AT&T​ ရော​၊​ T-Mobile​ တို့​ပါ​ ​ပါ​ဝင်နေ​ကြောင်း​ သ​တင်း​များ​က​ဆို​သည်​။​ Microsoft​ ၏​ CEO ​ဖြစ်​သူ​ ​စ​တိ​ဘော​မား​က​ OS​ အ​သစ်​ ​စ​တင်​ရောင်း​ချ​မည့်​နေ့​ကို​ အ​တည်​ပြု​ ​ကြေ​ညာ​ပေး​ခဲ့​ခြင်း​ဖြစ်​သည်​။​ Microsoft​ သည်​ ​မ​ကြာ​မီ​ ​ရောင်း​ချ​မည့်​ Xbox​ Kinect​ ​ဂိမ်း​စက်​နှင့်​ Windows​ Phone​ 7​ တို့​အ​တွက်​ မိတ်​ဆက်​သ​ရုပ်​ပြ​မှု​ အ​ခမ်း​အနား​တစ်​ရပ်​ ပြု​လုပ်​ရန်​လည်း​ ​စီ​စဥ်​ထား​သည်​။​ ဘော​မား​က​ Windows​ Phone​ 7​ ​အ​တွက်​ ​စမ်း​သပ်​ကာ​လ​အ​တွင်း​ အ​တွေ့​အ​ကြံု​ရင့်​ Developer​ များ​ထံ​မှ​ အ​ကြံဉာဏ်​ကောင်း​များ​ ရ​ယူ​နိုင်​ခဲ့​သည်​ဟု​ဆို​သည်​။​

Microsoft​ သည်​ Windows​ Phone​ 7​ စ​နစ်​အ​တွက်​ ​ရင်း​နှီး​မြှုပ်​နှံ​ငွေ​ ဒေါ်​လာ​ ​သန်း​ ​၅၀၀​ နီး​ပါး​မျှ​ ​သုံး​စွဲ​ခဲ့​ရ​ဖွယ်​ရှိ​ကြောင်း​ Deutsche ​ဘဏ်​မှ​ ​လေ့​လာ​သူ​ ဂျို​နသန်​ ​ဂိုး​ဘတ်​က​ဆို​သည်​။​ Microsoft​ သည်​ ​နည်း​ပ​ညာ​ နယ်​ပယ်​၏​ ​အ​ဓိ​က​ပြိုင်​ဖက်​များ​ဖြစ်​သည့်​ Apple ​နှင့်​ Google​ တို့​ကို​ တုန့်​ပြန်​သွား​ရန်​အ​တွက်​ Windows​ Phone​ 7 ​အား​ ​အင်​တို​က​အား​တိုက်​ ဖန်​တီးခဲ့​ခြင်း​ ​ဖြစ်​နိုင်​ကြောင်း​လည်း​ ဂိုး​ဘတ်​က​ သုံး​သပ်​ပြော​ကြား​သွား​ခဲ့​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here