အ​တွင်း​ခံ​ဘောင်း​ဘီ​ပေါ်​နေ​အောင်​ ဝတ်​ဆင်​ထား​သည့်​ ဆယ်​ကျော်​သက်​နှစ်ဦး​ သေ​နတ်​ဖြင့်​အ​ပစ်​ခံ​ရ

alt

အ​မေ​ရိ​ကန်​နိုင်ငံ​ရှိ​ ဆယ်​ကျော်​သက်​ ​နှစ်ဦး​သည်​ အ​တွင်း​ခံ​ ​ဘောင်း​ဘီ​ပေါ်​နေ​အောင်​ ဝတ်​ထား​သည့်​ ​ဘောင်း​ဘီ​အား​ ဆွဲ​တင်​ရန်​ ​ငြင်း​ဆို​ခြင်း​ကြောင့်​ သေ​နတ်​နှင့်​ ​အ​ပစ်​ခံ​ခဲ့​ရ​ကြောင်း​ သိ​ရ​သည်​။​ ​မမ်း​ဖစ်​တွင်​ နေ​ထိုင်​သည့်​ ​အ​သက်​ ၄၅​ ​နှစ်​ရှိ​ ​ကင်း​နက်​အီ​ဘွန်း​အား​ ရဲ​များ​က​ ​အ​ကြမ်း​ဖက်​ တိုက်​ခိုက်​မှု​နှင့်​ ဖမ်း​ဆီး​ထား​လိုက်​သည်​။​

စက်​တင်​ဘာ​ ​၂၅​ ​ရက်​နေ့​က​ ကင်း​နက်​သည်​ ​အ​သက်​ ၁၆​ ​နှစ်​နှင့်​ ​၁၇​ နှစ်​အ​ရွယ်​ ​ဆယ်​ကျော်​သက်​ လူငယ်​နှစ်ဦး​ ​လမ်း​လျှောက်​လာ​စဥ်​ ၎င်း​တို့​၏​ ​အ​တွင်း​ခံ​ဘောင်း​ဘီ​ အ​နား​များ​ ​ပေါ်​နေ​ခြင်း​အား​ တွေ့​ရ​သ​ဖြင့်​ ​ဘောင်း​ဘီ​ကို​ ဆွဲ​တင်​ရန်​ ​တောင်း​ဆို​ခဲ့​သည်​။​ ယင်း​သို့​ ​ဖော်​ဝတ်​ခြင်း​သည်​ အ​မေ​ရိ​ကန်​ ​လူငယ်​များ​ကြား​ ခေတ်​စား​နေ​သော​ ​စ​တိုင်​တစ်​ခု​ဖြစ်​ပြီး​ သ​မ္မတ​ ​ဘာ​ရတ်​အို​ဘား​မား​ ကိုယ်​တိုင်​က​ ​ဝေ​ဖန်​ထား​သည်​။​

ကင်း​နက်​၏​ ​အော်​ဟစ်​တောင်း​ဆို​မှု​အား​​ ​ချာ​တိတ်​နှစ်ဦး​က​ ​ပ​ထ​မ​တွင်​ ငြင်း​ဆန်​ခဲ့​ရာ​ ​ကင်း​နက်​သည်​ ပို​မို​စိတ်​ဆိုး​ပြီး​ ၎င်း​တို့​အား​ Gay ​များ​ ပြော​ဆို​သည့်​ ​အ​သုံး​အ​နှုန်း​များ​ဖြင့်​ တိုင်း​ထွာ​တော့​သည်​။​ ထို​အ​ခါ​ ​စိတ်​ဆိုး​သွား​သော​ ဆယ်​ကျော်​သက်​များ​က​ ကင်း​နက်​ကို​ Fat​ Ass ​ဟု​ တုန့်​ပြန်​ခဲ့​သည်​။​ ကင်း​နက်​သည်​ ​ချာ​တိတ်​နှစ်ဦး​ သ​ကြား​လုံး​ ​ဝယ်​နေ​စဥ်​ အိမ်​ထဲ​သို့​ ​ပြန်​ဝင်သွား​ပြီး​နောက်​ ပြောင်း​တို​သေ​နတ်​အား​ ယူ​ပြီး​ ​ထွက်​လာ​လေ​တော့​သည်​။​ လူငယ်​များ​ကလည်း​ ကြောက်​လန့်​တ​ကြား​ ​ထွက်​ပြေး​ရာ​ ကင်း​နက်​သည်​ ​နောက်​မှ​နေ၍​ အ​ချက်​ပေါင်း​ ​အ​တော်​များ​များ​ ပစ်​ခ​တ်​ရာ​ ​၁၇​ ​နှစ်​အ​ရွယ်​ လူငယ်​၏​ ​တင်​ပါး​တွင်​ ကျည်​တစ်​ချက်​ ​ထိ​မှန်​ခဲ့​သည်​။​ ၎င်း​အား​ ​မက်​သ​ဒစ်​တောင်​ပိုင်း​ ဆေး​ရုံ​တွင်​ ​ကု​သ​ပေး​ခဲ့​ပြီး​ နောက်​ပိင်း​တွင်​ ​မမ်း​ဖစ်​ဒေ​သ​ဆိုင်​ရာ​ ဆေး​ရုံ​သို့​ ​တင်​ပို့​ခဲ့​ရ​သည်​။​

ကင်း​နက်​သည်​ ​သေ​နတ်​နှင့်​ ပစ်​မှု​အား​ ​ဝန်​ခံ​ခဲ့​ပြီး​ ယ​ခု​အ​ခါ​ ​အာ​မ​ခံ​ကြေး​ ဒေါ်​လာ​ ​၂၅၀၀၀​ ​ဖြင့်​ ပြန်​လွတ်​လာ​သည်​။​ အ​မေ​ရိ​ကန်​ ​လူငယ်​များ​ ​အ​တွင်း​ခံ​ဘောင်း​ဘီ​ ​ဖော်​ဝတ်​သည့်​ ​အ​ကျင့်​ကို​ ​၂၀၀၈​ ​ခု​နှစ်​၊​ ​နို​ဝင်ဘာ​လ​က​ ​သ​မ္မ​တ​အ​ဖြစ်​ ​အ​ရွေး​ချယ်​ခံ​နေ​သူ​ ​အို​ဘား​မား​ကိုယ်​တိုင်​ MTV ​နှင့်​ ​အင်​တာဗျူး​တွင်​ ​ဝေ​ဖန်​ခဲ့​သည်​။​ ​လူငယ်​များ​သည်​ ​မိ​ခင်​၊​ ​ညီ​မ​၊​ ​အစ်​မ​ ​စ​သည်​တို့​နှင့်​ ​ယှဥ်​တွဲ​သွား​နေ​စဥ်​ ​အ​တွင်း​ခံ​ ​ဘောင်း​ဘီ​က​ ​ထင်း​ထင်း​ကြီး​ ​ပေါ်​နေ​ခြင်း​မှာ​ ​ရုပ်​ပျက်​လှ​ကြောင်း​ ​အို​ဘား​မား​က​ ​ပြော​ကြား​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here