သက်​ကြီး​ရွယ်​အို​များ​တွင်​ အ​ဖို​ဟို​မုန်း​ ကျ​ဆင်း​လာ​ခြင်း​သည်​ အယ်​ဇိုင်း​မား​ရော​ဂါ​ ​ဖြစ်​နိုင်​ခြေ​ ​တိုး​မြင့်​​စေ​နိုင်

alt

အ​သက်​အ​ရွယ်​ ​ကြီး​ရင့်​လာ​သည့်​ ​အ​မျိုး​သား​များ​တွင်​ ​အ​ဖို​ဟို​မုန်း​ Testosterone​ ​ပ​မာ​ဏ​ ​လျော့​နည်း​ကျ​ဆင်း​လာ​ခြင်း​က​ ​အယ်​ဇိုင်း​မား​ရော​ဂါ​ ​ဖြစ်​နိုင်​ခြေ​ကို​ ​တိုး​မြင့်​လာ​စေ​ကြောင်း​ ​သု​တေ​သီ​များ​က​ ​ပြော​ကြား​ခဲ့​သည်​။​

​အ​သက်​အ​ရွယ်​ ​ကြီး​ရင့်​လာ​သည်​နှင့်​အ​မျှ​ ​မှတ်ဉာဏ်​လျော့​နည်း​မှု​မျိုး​ကို​ ​အ​များ​အား​ဖြင့်​ ​ကြံု​ရ​ကြောင်း​၊​ ​အ​မျိုး​သား​များ​တွင်​ Testosterone​ ​ပ​မာ​ဏ​ ​နည်း​သွား​ခြင်း​က​ ဦး​နှောက်​၏​ ​စွမ်း​ဆောင်​ရည်​ ​ဆုတ်​ယုတ်​ကျ​ဆင်း​သည့်​ ​အယ်​ဇိုင်း​မား​ရော​ဂါ​ကို​ ​ပို​မို​ဆိုး​ရွား​လာ​စေ​သည်​ကို​ ​ဖော်​ထုတ်​တွေ့​ရှိ​ခဲ့​ကြောင်း​ စိန့်​လူး​ဝစ်​ ​တ​က္က​သိုလ်မှ​ ​ဒေါက်​တာ​ဂျွန်​မော်​လေက​ ​ပြော​ကြား​သွား​သည်​။​

၎င်း​နှင့်​အ​တူ​ ​ကွင်း​မေ​ရီ​ဆေး​ရုံ​နှင့်​ ​ဟောင်​ကောင်​တ​က္က​သိုလ်​ ​ပါ​မော​က္ခ​ဖြစ်​သူ​ ​ဒေါက်​တာ​လျူ​ဝင်ချူး​က​လည်း​ ​ယ​ခု​သု​တေ​သ​န​ ​ရ​လဒ်​အ​တွက်​ ​ပူး​ပေါင်း​ဆောင်​ရွက်​ခဲ့​သည်​။​ ​ဒေါက်​တာ​လျူ​နှင့်​ ​ဒေါက်​တာ​မော်​လေ​တို့​သည်​ အ​သက်​ ​၅၅​ ​နှစ်​အ​ထက်​ ​တ​ရုတ်​အ​မျိုး​သား​ ၁၅၃​ ဦး​၏​ ​အယ်​ဇိုင်း​မား​ရော​ဂါ​ ​ဖြစ်​ပေါ်​လာ​ခြင်း​ ​ရှိ​မ​ရှိ​ ​အ​ခြေ​အ​နေ​ကို​ ​လေ့​လာ​ခဲ့​သည်​။​ ​တစ်​နှစ်​အ​တွင်း​ ​အ​မျိုး​သား​ ​၁၀​ ဦး​တို့​တွင်​ ​အယ်​ဇိုင်း​မား​ ​ရော​ဂါ​၏​ ​လ​က္ခ​ဏာ​များ​ ​ပြ​သ​လာ​ပြီး​ ​ယင်း​တို့​အား​လုံး​သည်​ Testosterone​ ​ကျ​ဆင်း​မှု​ ​အ​မြင့်​မား​ဆုံး​တွင်​ ​ရှိ​နေ​ကြောင်း​ ​ဒေါက်​တာ​မော်​လေ​က​ဆို​သည်​။​

Testosterone​ သည်​ ​အယ်​ဇိုင်း​မား​ရော​ဂါ​အ​တွက်​ ​ညွှန်​ကိန်း​တစ်​ခု​ ​ဖြစ်​နေ​ကြောင်း​ ​ဖော်​ထုတ်​နိုင်​ခြင်း​သည်​ ​စိတ်​လှုပ်​ရှား​ဖွယ်​ ​ရ​လဒ်​တစ်​ခု​ဟု​လည်း​ ၎င်း​က​ ​ပြော​ကြား​သွား​သည်​။​ ​ယ​ခု​လေ့​လာ​မှု​ ​စစ်​တမ်း​ကို​ ​အယ်​ဇိုင်း​မား​ရော​ဂါ​ဆိုင်​ရာ​ ​ဆေး​ပ​ညာ​ ​ဂျာ​နယ်​အ​တွင်း​ ​ထည့်​သွင်း​ဖော်​ပြ​ခဲ့​ကြောင်း​ ​သိ​ရှိ​ရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here