အ​မေ​ရိ​ကန်​ Gay​ ​လူငယ်​ ​အ​ဆုံး​စီ​ရင်​မှု​အ​တွက်​ Harry​ Potter​ ​မင်း​သား​က ​ကြေ​ကွဲ​မိ​ကြောင်း​ ​ထုတ်​ဖော်​ပြော​ဆို

alt

Harry​ Potter ​မင်း​သား​ ဒင်​နီ​ရယ်​ ​ရက်​က​လစ်​က​ မ​ကြာ​သေး​မီ​က​ ​အ​ဆုံး​စီ​ရင်​သွား​သော​ အ​မေ​ရိ​ကန်​မှ​ Gay​ လူငယ်​များ​အ​တွက်​ ကြေ​ကွဲ​မိ​ကြောင်း​ ​ထုတ်​ဖော်​ပြော​ကြား​ခဲ့​သည်​။​ တိုင်​လာ​က​လီ​မန်​တီ​နှင့်​ ဆက်​ဝက်​ရှ်​တို့​အ​ပြင်​ အ​ချို့​သော​ Gay​ လူငယ်​များ​သည်​

၎င်း​တို့​၏​ ​လိင်​တူ​ချင်း​ စိတ်​ဝင်စား​မှု​အ​ပေါ်​ ပတ်​ဝန်း​ကျင်​၏​ ​ဝေ​ဖန်​ရိုက်​ခတ်​မှု​များ​ကြောင့်​ သေ​ကြောင်း​ကြံ​စည်​သွား​ခဲ့​သည်​။​ တိုင်​လာ​၊​ ​ဆက်​တို့​အ​ပြင်​ ယ​ခင်​က​ ​သေ​ကြောင်း​ကြံ​ခဲ့​သည့်​ အက်​ရှာ​ဝေါ်​ကာ​၊​ ​ဘီ​လီ​လူး​ကက်​နှင့်​ ဂျက်​စ​တင်​အေ​ဘက်​တို့​၏​ သ​တင်း​များ​သည်​ ​မိ​မိ​အား​ အ​လွန်​စိတ်​ထိ​ခိုက်​စေ​ကြောင်း​ အ​သက်​ ​၂၂​ ​နှစ်​ရှိ​ ဒင်​နီ​ရယ်​က​ MTV ​နှင့်​ အင်​တာ​ဗျူး​တွင်​ ​ပြော​ကြား​ခဲ့​သည်​။​ မိ​မိ​တို့​အ​နေ​နှင့်​ လူ​သား​တိုင်း​ ​တန်း​တူ​အ​ခွင့်​အ​ရေး​ ​ရ​သင့်​သည်​ကို​ ​လေး​စား​ရန်​လို​ကြောင်း​၊​ Gay​ များ​၏​ ​စိတ်​ခံ​စား​ချက်​နှင့်​ ​ရ​ပိုင်​ခွင့်​ကို​ ​အ​လေး​ထား​ ​ကာ​ကွယ်​သင့်​ကြောင်း​ ​ဟော​လီး​ဝုဒ်​ ​မင်း​သား​က​ ​တိုက်​တွန်း​ခဲ့​သည်​။​

​အ​ထူး​သ​ဖြင့်​ Gay ​များ​နှင့်​ ​ဆက်​ဆံ​နေ​သည့်​ ​ပတ်​ဝန်း​ကျင်​ ​အ​သိုင်း​အ​ဝိုင်း​သည်​ ၎င်း​တို့​အား​ ​ပို​မို​ရင်း​နှီး​နွေး​ထွေး​စွာ​ ​လက်​ခံ​ပေး​ရန်​လည်း​ ​ဒင်​နီ​ရယ်​က​ဆို​သည်​။​ ​သူငယ်​ချင်း​တစ်ဦး​၏​ ​စ​ိတ်​ဖိ​စီး​နေ​မှု​ကို​ ​အ​ကောင်း​ဆုံး​ ​မျှ​ဝေ​ခြင်း​သည်​ ​မိတ်​ဆွေ​စစ်​၏​ ​တန်​ဖိုး​ကို​ ​ပြ​သ​ကြောင်း​၊​ Gay ​လူငယ်​များ​ ​မိ​မိ​ကိုယ်​ကိုယ်​ ​အ​ဆုံး​စီ​ရင်​နေ​ခြင်း​သည်​ ​မိတ်​ဆွေ​အ​ပေါင်း​အ​သင်း​များ​အ​နေ​နှင့်​ Gay ​များ​အား​ ​ပို​မို​နား​လည်​မှု​ပေး​ရန်​ ​လို​အပ်​သည်​ကို​ ​ညွှန်​ပြ​နေ​ကြောင်း​ ​ဒင်​နီ​ရယ်​က​ ​ပြော​ကြား​သွား​ခဲ့​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here