ကလေးငယ်ကို နံရံတွင် တိပ်ဖြင့်ကပ်ထားသည့် အမေရိကန် စုံတွဲအား ထောင်ဒဏ်ချမှတ်

alt

အမေရိကန်မှ လူငယ်စုံတွဲ တစ်တွဲအား ကလေးငယ်ကို နံရံတွင် တိပ်နှင့် ကပ်ထားမှုကြောင့် ထောင်ဒဏ် ရက်ပိုင်းမျှ ကျခံ ခဲ့ရကြောင်း သိရသည်။ အသက် ၁၈ နှစ်ရှိ ဂျေလာဟမ်းနှင့် ၁၉ နှစ်အရွယ် ကော်ဒီဟိုနီယာ တို့သည် ဟမ်း၏ အသက် ၂၂ လအရွယ် ကလေးငယ်အား တိပ်ဖြင့် နံရံတွင် ကပ်ထားခြင်း ဖြစ်သည်။

ထို့နောက် ကလေးငယ်၏ ငိုယိုနေပုံကို ဓာတ်ပုံရိုက်ခဲ့ကြသည်။ မူလက ကလေးအား ရိုးရိုးဓာတ်ပုံရိုက်ရန်သာ စီစဥ်ခဲ့သော်လည်း ရူးသွပ်သော စိတ်ကူးကို မမျှော်လင့်ဘဲ ရလာပြီး အကောင်အထည် ဖော်ခဲ့ခြင်းဟု ယင်းတို့က ဝန်ခံခဲ့သည်။ ရဲများက အဆိုပါ စုံတွဲသည် အပျော်သဘောသာ လုပ်ခဲ့သည်ဟု ဖွင့်ဟသွားကြောင်း ပြောဆိုသွားသည်။ ကလေး၏ ဓာတ်ပုံကို ဟမ်းက သူငယ်ချင်း တစ်ဦးအား ပြမိပြီးနောက် ရဲများထံ သတင်းရောက်သွားခြင်းဖြစ်သည်။

ပြီးခဲ့သည့် သီတင်းလက ပြစ်မှုအတွက် ကလေး၏ မိခင်ဖြစ်သူ ဟမ်းအား ကလေးကို မစောင့်ရှောက်မှုနှင့် ထောင်ဒဏ် ၁၀ ရက် ချမှတ်ခဲ့သော်လည်း ဟမ်း၏ချစ်သူ ဟိုနီယာမှာမူ နိုင်ငံတကာ ကလေးသူငယ် နှိပ်စက်ညှင်းပန်းမှု ပုဒ်မဖြင့် ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်ထိ ကျခံရမည်ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here