အိ​န္ဒိ​ယ​နိုင်ငံ​တွင်​ ​ကျင်း​ပ​နေ​သည့်​ ​ဓ​န​သ​ဟာ​ယ​ ​အား​က​စား​ ​ပြိုင်​ပွဲ​တွင်​ ​ဗုံး​ခွဲ​မည်​​ ဆို​သော​ ​ခြိမ်း​ခြောက်​မှု​များ​ ​ပေါ်​ပေါက်​

alt

အိ​န္ဒိ​ယ​နိုင်ငံ​တွင်​ ​ကျင်း​ပ​နေ​သည့်​ ​ဓ​န​သ​ဟာ​ယ​ ​အား​က​စား​ပြိုင်​ပွဲ​တွင်​ ​ဗုံး​ခွဲ​မည်​ဆို​သော​ ​ခြိမ်း​ခြောက်​မှု​များ​ ​ပေါ်​ပေါက်​လာ​သည့်​အ​တွက်​ လုံ​ခြံု​ရေး​ ​တိုး​မြှင့်​ထား​ရ​ကြောင်း​ ​သိ​ရ​သည်​။​ ​

အောက်​တို​ဘာ​ ​၅​ ​ရက်​နေ့​က​ ​လုံ​ခြံု​ရေး​ ​တပ်​ဖွဲ့​များ​ထံ​သို့​ ​အား​က​စား​သ​မား​ ​၆၀၀၀​ ​ကျော်​ ​တည်း​ခို​နေ​သည့်​ ​အား​က​စား​ရွာ​ကို​ ဦး​တည်​ကာ​ ​ဗုံး​ခွဲ​တိုက်​ခိုက်​မည်​ဟု​ ​သ​တင်း​ပို့​ ​အ​ကြောင်း​ကြား​ခဲ့​သည့်​အ​တွက်​ န​ယူး​ဒေ​လီ​ ​ရဲ​တပ်​ဖွဲ့​မှာ​ ​အ​လုပ်​များ​သွား​သည်​။​ ​အ​နံ့​ခံ​ခွေး​များ​နှင့်​ ​ရှာ​ဖွေ​မှု​များ​ ​ပြု​လုပ်​ခဲ့​သ​လို​ ​ဗုံး​ဖြုတ်​အ​ဖွဲ့​များ​သည်​လည်း​ ​အား​က​စား​ရွာ​အ​တွင်း​ ​ရှာ​ဖွေ​မှု​များ​ ​ပြု​လုပ်​ခဲ့​သည်​။

​ ​ရဲ​တပ်​ဖွဲ့​ ​ပြော​ရေး​ဆို​ခွင့်​ရ​ ​အ​ရာ​ရှိ​ ​ရာ​ဂျန်​ဘာ​ဂက်​က​ ​မ​သ​င်္ကာ​စ​ရာ​ ​မည်​သည့်​ပ​စ္စည်း​ကို​မျှ​ ​ရှာ​မ​တွေ့​ခဲ့​ဟု​ ​ပြော​ကြား​ခဲ့​သည်​။​ ​သို့​သော်​လည်း​ ​လ​ံု​ခြံု​ရေး​ ​အ​ခြေ​အ​နေ​ကို​ ​တိုး​မြှင့်​ပေး​ထာ​ကြောင်း​၊​ ​ဓ​န​သ​ဟာ​ယ​ ​အား​က​စား​ပြိုင်​ပွဲ​သည်​ ​အောင်​အောင်​မြင်​မြင်​ ​ပြီး​မြောက်​သွား​မည်​ဟု​ ​ယုံ​ကြည်​ကြောင်း​ ၎င်း​က​ ​ပြော​ဆို​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here